တန်ဖိုးမြင့်မြေဆွေးအဖြစ် ပြန်အသုံးချနိုင်တဲ့ မှိုပွားစာဟောင်း
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၇၈)
စားမှိုများမှ တန်ဖိုးမြင့် ပစ္စည်းအမျိုးမျိုး ထုတ်ကြရအောင် (၅)
တစ်ပတ်လည်စီးပွားရေးကွင်းဆက်အတွက် ပင်ကြွင်းပင်ကျန်များလျော့နည်းရန်နှင့် အရင်းအမြစ်များထိန်းသိမ်းရာတွင် စားမှိုစိုက်ပြီးပွားစာဟောင်း မြေဆွေးသုံးပါ။
အသုံးချနိုင်သော တန်ဖိုးမြင့်ပစ္စည်းများ

ပွားစာဆွေးဆိုသည်မှာ
စားမှိုစိုက်ပြီးပွကျန်သည့် ပွားစာဟောင်းကို ဆွေးမြည့်ထားသော မြေဆွေးဖြစ်သည်။ ပွားစာဟောင်းများတွင် မြေပြုပြင်ရန်လိုအပ်သော အာဟာရများပါဝင်သည်။ အသုံးပြုရာတွင် သတိထားရမည့် အချက်များရှိပါသည်။
- ထုံးဓာတ်မြင့်သဖြင့် အယ်ကာလိုင်းဖြစ်သည်။
- မကြာခဏ၊ အကြိမ်ကြိမ် မထည့်သင့်ပါ။
- မြေ၏ ပီအိပ်ချ်မြင့်စေသည်။ အက်ဆစ်ကြိုက်သော အပင်တွင်မသုံးသင့်ပါ။
- စားမှိုစိုက်ပြီး ကျန်သော ပွားစာဆွေးသည် မြေအတွက် ပိုကောင်းသည်။
ပွားစာဟောင်းနှင့် ပွားစာဆွေးတွင်ပါဝင်သော ရုပ်ပိုင်းဓာတုပိုင်းဆိုင်ရာ အရည်အသွေးများ

မှိုစိုက်ပျိုးထုတ်သူများ အများဆုံးစိုက်ပျိုးနေသော ကောက်ရိုးမှို နှင့် ငွေနှင်းမှို/ငွေမိုးမှိုများ၏ ပွားစာဟောင်းတွင်ပါဝင်သည့် ရုပ်ပိုင်းနှင့်ဓာတုပိုင်းဆိုင်ရာ အရည်အသွေးများကောင်မွန်ကြောင်း နိုင်းယှဥ်ချက် (Ahlawat 2007)

ကောက်ရိုးမှို စိုက်ပြီးပွားစာဟောင်း နှင့် ငွေနှင်းမှို/ငွေမိုးမှိုစိုက်ပြီး ပွားစာဟောင်း

မှိုစိုက်ပျိုးထုတ်သူများ အများဆုံးစိုက်ပျိုးနေသည့် မှိုများ၏ ပွားစာ မြေဆွေး၏ ပရိုတင်းအမျှင်နှင့် ပြာ ကြွယ်ဝမှု

စိုက်ပျိုးရေးတောင်သူများသည် သဘာဝအတိုင်းဆွေးမြည့်သော စိုက်ပြီးပွားစာဆွေးများကို စိုက်ပျိုးရေးတွင် အသုံးပြုသင့်သည်။ အဘယ်ကြောင့်ဆိုသော်
သဘာဝအတိုင်းဆွေးမြည့်သော ၆ လမှ ၁၂ လ သက်တမ်းရှိ စိုက်ပြီးပွားစာဟောင်းမြေဆွေးများသည် အသုံးပြုရန် ကောင်းသည်။ စုစုပေါင်း ဖော့စပရပ် ဝ.၆၇%၊ ပိုတက် ၁.၂၄%၊ ကယ်လစီယံ ၂.၂၉% ၊ မက်ဂနီစီယံ ဝ.၃၅%၊ အိုင်းယွန်း ၁.ဝ၇% ပါဝင်သည်။ နိုက်ထရိုဂျင်ကြွယ်ဝသော အော်ဂဲနစ်ပစ္စည်း၊ မင်နရယ်မြေသြဇာများ၊ တီမြေဆွေးနှင့် ရောသုံးပါက ကာဗွန်နိုက်ထရိုဂျင် အချိုးကျမည်။ ပိုကောင်းသည်၊ ပဲမျိုးစုံတွင်လည်းသုံးနိုင်သည်၊ စားမှို စိုက်ပြီးပွားစာ မြေဆွေးကို မြေကြီးနှင့် ၅ဝး၅ဝ ရောသုံးနိုင်သည်၊ စားမှို စိုက်ပြီးပွားစာဟောင်း ၇၅% ထည့်စိုက်ထားသော မြေစိုက် ပဲပင်သည် အပင်ကြီးထွားမှု ပိုကောင်းသည်ဟု သုတေသနပြုသူများက ဖော်ပြထားသည်။ လေ့လာချက်အရ သယ်ယူပို့ဆောင်ရေး လွယ်ကူသော နေရာတွင်ရှိပါက စားမှို စိုက်ပြီးပွားစာဆွေးကို ပြန်လည်သုံးစွဲခြင်းသည် တစ်ပတ်လည် စီးပွားရေးအတွက် ကွင်းဆက် လမ်းကြောင်းတခုဖြစ်သည်။ မှိုစိုက်ပျိုးထုတ်လုပ်သူများ၏အာဟာရ များစွာကျန်ခဲ့သော စားမှို စိုက်ပြီးပွားစာ ဟောင်း များကို စိုက်ပျိုးရေးတောင်သူများသည် ဇီဝမြေသြဇာဆွေး တန်ဖိုးမြင့် ပစ္စည်းများအဖြစ် ပြန်လည်သုံးနိုင်ကြောင်း ဖော်ပြခြင်း ဖြစ်ပါသည်၊
ကိုးကား
Ahlawat OP. Recycling of Spent Mushroom Substrate to use as Organic Manure.National Research Centre for Mushroom (2007 ) Indian Council of Agricultural Research Chambaghat, Solan-173 213 (HP)
Tuh L. et al., Using Spent Mushroom Substrate as the Base for Organic-Mineral Micronutrient Fertilizer – Tests on Maize
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024