အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Covid အခြေအနေနှင့် ပြင်ဦးလွင်ပန်းဈေးကွက်

Covid အခြေအနေနှင့် ပြင်ဦးလွင်ပန်းဈေးကွက်

မြတ်စုဝေ
မြတ်စုဝေ • 06/10/2020

    ပြင်ဦးလွင်ဒေသဟာ မြန်မာတစ်နိုင်လုံးရဲ့ ပန်းစိုက်မှုအများဆုံးဖြစ်ပြီး တစ်နှစ်ပတ်လုံး ပန်းတွေ ရာသီအလိုက်ထွက်ရှိတာဟာ အားလုံးသိပြီးသာပဲဖြစ်ပါတယ်။ ဂန္ဓာမာပန်းအရောင်စုံ၊ ပန်းထိမ်ငို၊ သစ္စာပန်း၊ အက်စတာ၊ လီလီပန်း  စသဖြင့် ရာသီအလိုက်စိုက်ပြီး တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေးကွက်ကို အဓိကထားတင်ပို့ရောင်းချကြပါတယ်။ ဒုတိယအနေနဲ့ မန္တလေးမြို့ရှိ သဲလဲကုန်းဈေးသို့ တောင်သူကိုယ်တိုင် သွားရောက်ရောင်းချတာမျိုးလည်း ရှိပါတယ်။ နောက်ထပ်ကတော့ နယ်ဒေသ‌များစွာကို တင်ပို့ရောင်းချမှုများစွာလည်း ရှိပါတယ်။ ပန်းစိုက်တာဟာ အရင်းအနှီးများသလို စွန့်စားမှုများစွာရှိနေသော အလုပ်လည်းဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ကိုဗစ်ပထမလှိုင်းအဖြစ် မတ်လတွင်စတင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ဟာ ပြင်ဦးလွင်ဒေသမှ နွေပန်း ခေါ်  ဂန္ဓာမာပန်းများ ပွင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ သင်္ကြန်ကာလဆိုတာ ပန်းဈေးကွက် ဈေးကောင်းရရှိမှုများတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ် Covid အခြေအနေကြောင့် ပန်းဈေးတွေဟာ ယခင်နှစ်ရဲ့ ထက်ဝက်ဈေးလောက်သာရရှိပြီး တောင်သူများ အထိနာခဲ့ပါတယ်။

    ပထမလှိုင်းပြီးသွားတဲ့အချိန်မှာ မိုးပန်း (ပန်းထိမ်ငိုပန်း) တွေဟာ ဈေးအသင့်အတင်ရရှိခဲ့ပြီး နွေးပန်းရော ပန်းထိမ်ငိုပါ စိုက်သူ‌တို့အတွက် စိတ်သက်သာရာရခဲ့ပြန်ပါတယ်။ 

    ဒါအပြင် ကြားပန်း ခေါ် ၇ - ၈ လပိုင်းထဲတွင် လှိုင်လှိုင်ထွက်သော ဂန္ဓမာပန်းများ ဈေးကောင်းရရှိခဲ့ပြီး ထိုအချိန်စိုက်သောတောင်သူများ အဆင်ပြေခဲ့ပါသေးတယ်။

    ကိုဗစ်ဒုတိယလှိုင်းအချိန်မှာတော့ တောင်သူအများစုစိုက်သော မိုးပန်း ( ဂန္ဓာမာပန်းများ) ဈေးဟာ သွင်းအားစုတန်ဖိုးမရနိုင်အောင် ဈေးတွေလျော့ကျသွားပါတယ်။ 

    အခုချိန် ရန်ကုန်ကားလိုင်းများပိတ်တဲ့အခါ တောင်သူများအနေနဲ့ ပန်းများကို အကန့်အသတ်နဲ့သာ ရိတ်သမ်းရတာဖြစ်လို့ ပျက်စီးဆုံးရှုံးမှုများစွာလည်း ရှိနေကြပါတယ် ။

    ရိတ်သိမ်းချိန်လွန်နည်းပညာများကလဲ ပန်းစိုက်တောင်သူများ လုပ်ကိုင်ဖို့မလွယ်တာကြောင့် ပန်းစိုက်တောင်သူတို့ရဲ့ဝင်ငွေဟာ လျော့ကျပြီး အကြွေးရှိနေခဲ့လျှင် ကြေအောင်မဆပ်နိုင်ပါက နောက်ထပ်ရာသီတွင် ပန်းများဆက်လက်စိုက်ပျိုးနိုင်ဖို့ အခက်အခဲများစွာ ရှိနေနိုင်တာပဲဖြစ်ပါတယ်။

    သဘာဝဘေးအန္တရာယ်များ၊ အခက်အခဲများ ကြုံတွေ့နိုင်တာကို လူတိုင်းသတိပြုမိတဲ့အတိုင်းပဲ ခုလိုအခြေအနေတွေကို တစ်ယောက်တည်းနဲ့ မတွန်းလှန်နိုင်ပေမဲ့ ကိုယ့်ထုတ်ကုန်အ‌ရည်အသွေး အစဉ်အမြဲကောင်းနေဖို့တော့ ကိုယ်တိုင်ကြိုးစားလုပ်ဆောင်နေကြရတာပဲ ဖြစ်ပါတယ်။ အရည်အသွေးညံ့ထုတ်ကုန်များဟာ ဒီအချိန်မှာဝယ်မဲ့သူမရှိသလို ရောင်းချရန်လည်းခက်ခဲလှပါတယ်။

ဒါကြောင့် ထုတ်ကုန်ကောင်းမွန်ဖို့အတွက်

  • မြေဆီလွှာပြုပြင်ထိန်းသိမ်းရပါမယ်။ 
  • စိုက်မဲ့သီးနှံဈေးကွက်ကို အမြဲအာရုံစိုက်ရပါမယ်။ 
  • ကိုယ်စိုက်မဲ့သီးနှံအကြောင်း ကောင်းကောင်းသိပြီး ပြုစုစောင့်ရှောက်ပေးရပါမယ်။ 
  • သွင်းအားစုကုန်ကျစရိတ်ကို တတ်နိုင်သလောက် လျေ့ာချပြီး စိုက်ပျိုးရပါမယ်။

    ဒါကတော့ အချက်အနည်းငယ်ပဲဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်တော့ ပန်းဆိုတဲ့အမျိုးက ပွင့်ရင်ပီးရောမဟုတ်ပဲ အရိုး၊ အရွက်၊ အပွင့်၊ အရောင် အားလုံးဂရုစိုက်ရတာဖြစ်လို့ တကယ်ကို စနစ်တကျပြုစုမှာသာ ‌အရည်အသွေးကောင်းပန်းများကို ထုတ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
စိုင်းထွန်းထွန်း

စိုင်းထွန်းထွန်း

လွန်ခဲ့သော ၅ နှစ် က

ပန်းကား​တွေ ဆင်းရတာ အဆင်မ​ပြေတာလဲ ပါပါတယ်။အဝယ်လဲကျဆင်းသွားပါတယ်။

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။