အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မျှစ်ရေစိမ်နှင့် ဆန်လှော်တာလပေါဟင်း

မျှစ်ရေစိမ်နှင့် ဆန်လှော်တာလပေါဟင်း

Green Way
Green Way • 07/10/2021

ပါဝင်ပစ္စည်းများ

  • မျှစ်စိမ်းနုကြီးကြီး ၁ ခု
  • ဆန်လှော် လက်တစ်ဆုပ်ခန့်
  • ကြက်သွန်နီ ၁ လုံးနှင့် ကြက်သွန်ဖြူ ၃ တက်
  • ခရမ်းချဉ်သီး ၂ လုံးနှင့် ငါးပိ ဇွန်းတစ်ဝက်ခန့်

ပြုလုပ်နည်းများ

မျှစ်စိမ်းနုနုကို မိမိနှစ်သက်သလို ပါးပါးလှီးပြီး ရေဆေးသန့်စင်ကာ တစ်ညအိပ် ကြိုတင်ရေစိမ်ထားရပါမယ်။ ရေစိမ်ထားချိန်မှာ အနည်းဆုံး (၃)​ကြိမ်ခန့် ရေလဲပေးပါ။

ဆန်ကို ရေဆေး၊ စစ်ပြီး မီးအေးအေးမှာ မွှေးနေအောင်လှော်ပြီး လုံးခြမ်းခွဲထောင်းပါ။ အိုးတစ်လုံးမှာ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ငါးပိတို့ကို ရောထည့်ပြီး ရေအနည်းငယ်နှင့် ဆူပွက်အောင် အပူပေးပါ။ (မီးရှိန်ပြင်းလျှင် ငါးပိကြောင့် ဟင်းရည်နောက်သွားတတ်ပါသည်)

ဟင်းရည်တစ်ပွက်ဆူလာလျှင် လုံးခြမ်းခွဲထောင်းထားသော ဆန်လှော်ကို ထည့်ပြီးချက်ပါ။ ဆန်လှော် တစ်ဝက်ကျင်အနေအထားလောက်မှာ ရေစစ်ထားတဲ့ မျှစ်အစိမ်းဖတ်တွေထည့်ကာ အဖုံးအုပ်ထားပါ။

မျှစ်ဖတ်လေးတွေနူးသွားပြီဆိုလျှင် ဓားပြားရိုက်ထားတဲ့ ငရုတ်သီးစိမ်းနဲ့ ပင်စိမ်းရွက်တွေခပ်ပြီး စားလို့ပါပြီ။

Source - My Food Myanmar

1
Aye Phyu

Aye Phyu

လွန်ခဲ့သော ၄ နှစ် က

Thank U

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။