အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မိတ်ဆွေတောင်သူတွေကို viber ကနေ အစိမ်းရောင်လမ်းကိုတူတူသုံးဖို့ ဖိတ်ခေါ်လို့ရပါပြီ

မိတ်ဆွေတောင်သူတွေကို viber ကနေ အစိမ်းရောင်လမ်းကိုတူတူသုံးဖို့ ဖိတ်ခေါ်လို့ရပါပြီ

Green Way
Green Way • 14/01/2022

အစိမ်းရောင်လမ်းပရိတ်သတ်တွေအနေနဲ့လည်း အင်တာနက်တွေ ကျေးလက်ဒေသတွေစီ စတင်ရောက်လာခဲ့တဲ့အချိန် ရင်းနှီးခဲ့တဲ့ ဘော်ဒါဟောင်းကြီးကတော့ Viber(ဗိုက်ဘာ) ဖြစ်မှာပါ။ အစိမ်းရောင်လမ်းဆော့ဝဲကို သုံးနေရင်း ကိုယ့်ဘော်ဒါအဟောင်းကြီးတွေကို သတိရရင် Viberကနေ လှမ်းခေါ်လိုက်လို့ရကြောင်း သတင်းကောင်းလေးလာပေးတာပါဗျ...

"လာ... သူငယ်ချင်းရေ ဒီဆော့ဝဲလေးထဲ မင်းသိချင်တာတွေရှိတယ် ။"

 "ငါတော့ ဒီထဲကနည်းပညာတွေနဲ့ အဆင်ပြေနေတာဟေ့" ဆိုပြီးခပ်ကြွားကြွားလေးပြောချင်လည်း ပြောပေါ့ခင်ဗျာ ။

အသိမိတ်ဆွေ စိုက်ပျိုးရေးလုပ်ကိုင်သူတွေ၊ ဘော်ဒါဟောင်းသူငယ်ချင်းမ တွေရှိရင်လည်း အစိမ်းရောင်လမ်း စိုက်/မွေးဖုန်းဆော့ဝဲမှာ အိမ်တွင်းမုန့်လုပ်နည်းလိုအမျိုးသမီး ကဏ္ဍတွေ ပါဝင်ပါတယ်။

"မုန့်လုပ်နည်းတွေ ဝင်ကြည့်" ဆိုပြီး ဖိတ်ခေါ်ရင်း စကားပြောဖြစ်သွားရင်တော့ ....ငယ်သူငယ်ချင်းက ခုချိန်ထိအမှတ်တရရှိပေးတယ်ဆိုပြီး မုန့်တွေပို့ပေးနေအုံးမှာ..(သဘောပြောပြတာပါဗျ)

အစိမ်းရောင်လမ်းဆော့ဝဲထဲမှာ ကဏ္ဍမျိုးစုံရှိတာမို့ စိုက်ပျိုးရေးလုပ်နေတဲ့ဘော်ဒါတွေ၊ မွေးမြူရေးလုပ်နေတဲ့သူငယ်ချင်းတွေ၊ ဝိုင်လုပ်ကြည့်ဖို့စိတ်ဝင်စားတဲ့သူတွေကအစ တိုင်းရင်းဆေးအပင်စိတ်ဝင်စားသူမကျန်၊ အိမ်တွင်းအလှစိုက်ပင်လေးတွေ ချစ်တတ်တဲ့ မိတ်ဆွေတွေ စသည်ဖြင့် ညွှန်းပေးလို့ရပါတယ်ခင်ဗျ။ ဆော့ဝဲထဲကိုဝင်တဲ့အခါ 'ဝင်ရောက်သင့်သော ကဏ္ဍများ' မှာ ခရမ်းရောင်လေးနဲ့ Viber ပုံလေးကိုတွေ့ရပါလိမ့်မယ်(ပုံပါပြထားတဲ့အတိုင်း)

နှိပ်လိုက်တာနဲ့ Viber သုံးတဲ့ ဖုန်းနံပါတ်တွေမြင်ရပါလိမ့်မယ်ဗျ။ ပို့ချင်တဲ့သူရဲ့ဖုန်းနံပါတ်ကို နှိပ်လိုက်လို့ရပါတယ်ခင်ဗျာ။ သူငယ်ချင်းတွေဖိတ်တဲ့ပုံစံအစအဆုံးကိုလည်း အောက်ပါ ဗီဒီယိုမှာ ကြည့်ပါဗျ။

 

 

1
Aung Myint Tun

Aung Myint Tun

လွန်ခဲ့သော ၄ နှစ် က

ပါဝင်ဆွေးနွေးမည်

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။