တစ်နှစ်တာအတွက် ဈေးကွက်သုံးသပ်ချက်
ဇန်နဝါရီ မှ ဒီဇင်ဘာ ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
၂၀၂၁ ကတော့ အပြောင်းအလဲများစွာရှိခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ကူးစက်မှု အခြေအနေဆိုးရွားခဲ့သလို ပြောင်းလဲသွားတဲ့နိုင်ငံရေးအခြေအနေကြောင့် ငွေကြေးဖောင်းပွမှု၊ ဘဏ်ငွေထုတ်ရာတွင် ခက်ခဲမှု၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာမှု၊ ဓာတ်မြေဩဇာအဆမတန်မြင့်တက်လာမှု၊ ပြည်ပသွင်းကုန်မဝင်ရောက်တော့တဲ့အတွက် ပြည်တွင်းထုတ်ကုန်ဈေးနှုန်းများမြင့်တက်လာမှုတွေနဲ့ ကြုံတွေ့ရတဲ့ နှစ်လည်းဖြစ်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍမှာလည်း ပြည်ပတင်ပို့မှုမရှိတဲ့အတွက်ကြောင့် စိုက်ပျိုးထုတ်လုပ်မှုတွေကို လျော့ချခဲ့ပြီး ထောပတ်သီး၊ ကော်ဖီ၊ ဝဥ အစရှိတဲ့ ထုတ်ကုန်တွေကို ပြည်ပတင်ပို့မှု ဈေးကွက်သစ်တွေလည်း ဆုံးရှုံးခဲ့ပါတယ်။
ဆန်၊ စပါး
စပါးဈေး၊ ဆန်ဈေးတွေကတော့ ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ယှဉ်လိုက်ရင် ဈေးတွေက မြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်းဝယ်ယူစားသုံးမှုများတဲ့အတွက် မြင့်တက်လာခဲ့သလို ပြည်ပတင်ပို့မှုကလည်း ပင်လယ်ရေကြောင်းကနေတဆင့် တင်ပို့မှုတွေများတဲ့အတွက်ကြောင့် ဈေးတွေက မြင့်တက်လာခဲ့ပါတယ်။ အဓိကတင်ပို့မှုကတော့ တရုတ်ဖြစ်ပြီး အာဆီယံနိုင်ငံများအပါအဝင် အီးယူနိုင်ငံများကိုလည်း တင်ပို့မှုရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ဒီဇင်ဘာလမှာတော့ ရန်ကုန်ဈေးကွက်မှာ ပေါ်ဆန်း(ဖျာပုံ၊ ဒေးဒရဲ၊ မြောင်းမြ၊ ပုသိမ်၊ နယ်စုံ) တို့က တစ်အိတ်ကို ၃၄၀၀၀ ကနေ ၄၁၀၀၀ ကြားပေါက်ဈေးရှိခဲ့ပေမယ့် ယခုနှစ် ၂၀၂၁ ဒီဇင်ဘာလမှာတော့ တစ်အိတ်ကို ၄၃၀၀၀ ကနေ ၅၀၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။
ဧည့်မထ နဲ့ ၂၅ မှတ်တန် တို့ကတော့ တစ်အိတ်ကို ၂၀၂၀ ဒီဇင်ဘာလမှာ တစ်အိတ်ကို ၂၁၀၀၀ ကနေ ၂၆၀၀၀ ကြား ပေါက်ဈေးရှိခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာလမှာတော့ တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၅၀၀ ပေါက်ဈေးရှိနေပါတယ်။
ဆန်ကြမ်းကို အဓိက တရုတ်နယ်စပ်ကနေတဆင့် အဓိကတင်ပို့မှုပြုနေပေမယ့် ကိုဗစ်ကြောင့် တင်ပို့မှု ရပ်နားမှုတွေကြောင့် ဈေးက ကျဆင်းခဲ့တယ်လို့လည်းသိရပါတယ်၊
စပါးတွေကတော့ ဆန်ဈေးအတက်နဲ့အတူ ဈေးတွေလည်း မြင့်တက်လာပါတယ်။ စပါးဈေးတွေ မြင့်တက်ပေမယ့် ဓာတ်မြေဩဇာမြင့်တက်မှုတွေကြောင့် ဈေးရရှိနေပေမယ့် တောင်သူအကျိုးခံစားမှု ကတော့ မရှိဘူးလို့ သိရပါတယ်။ ထို့ပြင် သီးနှံပေါ်ပေးစနစ်ကလည်း မရှိတော့တဲ့အတွက် စိုက်ဧကလျော့ချ စိုက်ပျိုးမှုတွေလည်း ရှိလာပါတယ်။
၂၀၂၀ ဒီဇင်ဘာ မှာ ဧရာဝတီတိုင်း ဈေးကွက်မှာ ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၆၈၅၀၀၀ ကနေ ၇၈၆၀၀၀ ကြား ပေါက်ဈေးရှိခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာလမှာတော့ ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၄၁၀၀၀ ကနေ ၉၅၅၀၀၀ ကြား ပေါက်ဈေးရှိပါတယ်။ ဧည့်မထစပါးကတော့ ပြီးခဲ့တဲ့ နှစ်က တင်း ၁၀၀ ကို ၆၂၅၀၀၀ ကနေ ၆၄၀၀၀၀ ကြားပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၁ မှာတော့ တင်း ၁၀၀ ကို ၆၆၂၀၀၀ ကနေ ၆၈၀၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။
အချောစပါးတွေက ဈေးကွာဟမှုတွေရှိပေမယ့် ဆန်ကြမ်းစပါးတွေကတော့ ဈေးကွာဟမှု သိပ်မရှိပါဘူး။
မတ်ပဲ
မတ်ပဲကတော့ ယခုနှစ်မှာ ဈေးအမြင့်ဆုံး တစ်တန်ကို သိန်း၂၀ ကျော်ထိ မြင့်တက်လာခဲ့ပါတယ်။ အဓိက နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးက တစ်ဒေါ်လာကို ငွေကျပ် ၃၀၀၀ အထိ ဈေး မြင့်တက်ခဲ့တဲ့အတွက် ပြည်တွင်းပဲဈေးကလည်း မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဘဏ်ငွေထုတ်ခက်ခဲခြင်း၊ ငွေစက္ကူရှားပါးမှု ပြသာနာတို့ကြောင့် ပဲဈေးတွေမြင့်တက်လာပေမယ့်လည်း တောင်သူအများစု ဈေးကောင်းရရှိမှု မရှိပါဘူး။
ထို့ပြင် သင်္ဘောကွန်တင်နာငှားခသယ်ယူစရိတ်တွေက မြင့်တက်လာခဲ့ခြင်းတို့ကြောင့် ဈေးက ဆက်တိုက် မြင့်တက်နေခဲ့တာလည်း ဖြစ်ပါတယ်။ အိန္ဒိယတင်ပို့မှုကတော့ လာမယ့် ၂၀၂၁ မတ်လအထိ G to G စာချုပ်အရ ဆက်လက်တင်ပို့နိုင်ဦးမှာဖြစ်ပါတယ်။
၂ လ ကျော် ၃ လနီးပါး အမြင့်ဈေးနဲ့ရှိခဲ့တဲ့ မတ်ပဲဈေးက လက်ရှိနှစ်ကုန်ပိုင်းမှာတော့ ငွေကြေးထိန်းချုပ်မှုအသစ်တွေဈေးကွက်ဝင်ရောက်လာမှုတို့ကြောင့် ဈေးတွေ ပြန်ကျဆင်းလာခဲ့ပါ တယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလမှာ မတ်ပဲက ရန်ကုန်ပေါက်ဈေးက တစ်တန်ကို ၉၄၅၀၀၀ကနေ ၁၀၅၀၀၀၀ ကျော် ပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၁ ဒီဇင်ဘာလ မှာတော့ မတ်ပဲက တစ်တန်ကို ၁၂၇၀၀၀၀ ကနေ ၁၄၂၀၀၀၀ ကျော်ထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပြီးခဲ့တဲ့နှစ်က တစ်အိတ်ကို ၉၅၀၀၀ ကနေ ၁၀၀၀၀၀ ကြားပေါက်ဈေးရှိခဲ့ပြီး ယခုနှစ်မှာတော့ တစ်အိတ်ကို ၁၂၀၀၀၀ ထိ ပေါက်ဈေးရှိနေခဲ့ပါတယ်။
လက်ရှိ မတ်ပဲဈေးကတော့ အိန္ဒိယလိုအပ်ချက်လည်းရှိနေပြီး ငွေကြေးလဲလှယ်နှုန်းဈေးက အတက်ဈေးနဲ့ပဲ ရပ်တန့်နေခဲ့တဲ့အတွက် မတ်ပဲဈေးက အများကြီးကျဆင်းသွားနိုင်တာမျိုးမရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ပေမယ့် တောင်သူအများစုကတော့ သွင်းအားစုဈေးကြီးမြင့်တဲ့အတွက် ရရှိဈေးနဲ့ ပြန်လည် စိုက်ပျိုးဖို့အတွက်ခက်ခဲလို့ စိုက်ဧက လျော့ချစိုက်ပျိုးတာတွေ၊ သွင်းအားစုလျော့ထည့်တာတွေ ရှိနေတယ်လို့သိရပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း မတ်ပဲနည်းတူ ဈေးတွေတက်ခဲ့ပါတယ်။ တစ်တန်ကို ၁၈ သိန်းကျော်ထိ ဈေးရောက်ရှိခဲ့ပါတယ်။ ပဲစင်းငုံနီက မတ်ပဲလောက် စိုက်ဧကမများတဲ့အပြင် အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံတွေကလည်း ဝယ်ယူမှုရှိတဲ့အတွက် လက်ကျန်တွေကလည်း အများကြီးမရှိပါဘူး။ ပဲစင်းငုံနီသီးသန့် ကုန်သည်ကြီးတွေကလည်း သိပ်မများတဲ့အတွက်ကြောင့် ဈေးကစားမှုကလည်း အများကြီးမရှိပဲ ဝယ်လိုမှုပေါ်မူတည်ပြီးဈေးအတက်အကျသာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက လာမယ့်မတ်လအထိ တန်ချိန် ၁ သိန်းခန့် ဝယ်ယူမှာဖြစ်ပေမယ့် အသစ်တွေကလည်း ထွက်ရှိနေပြီဖြစ်လို့ ဈေးကတော့ လက်ရှိဈေးထပ် ကျဆင်းနိုင်ပေမယ့် အများကြီးတော့ မကျဆင်းနိုင်ဘူးလို့ ကုန်သည်တွေက သုံးသပ်ပေးထားပါတယ်။
ပြီးခဲ့ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလမှာ ပဲစင်းငုံနီက တစ်တန်ကို ၇၅၀၀၀၀ ကနေ ၈၃၀၀၀၀ ကျော်ပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၁ ဒီဇင်ဘာလမှာတော့ ၁၁ သိန်း ကနေ ၁၁၇၅၀၀၀ ကြား ပေါက်ဈေးရှိနေခဲ့ပါတယ်။ မနှစ်က ဒီဇင်ဘာလမှာတော့ မန္တလေးမှာ ဈေးအသစ်မဖွင့်သေးပဲ ယခုနှစ်ကတော့ တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၀၅၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။
ပဲတင်ပို့မှုကတော့ လာမယ့် ၂၀၂၅-၂၀၂၆ အထိ နှစ်စဉ် မတ်ပဲ တစ်တန်ချိန် ၂ သိန်းခွဲ နှင့် ပဲစင်းငုံနီ တန်ချိန် တစ်သိန်းခန့်ကို တင်ပို့သွားဖို့အတွက် နားလည်မှု စာချွန်လွှာ ရေးထိုးထားကြောင်း သိရသည်။
ပြောင်း
ထွက်ရှိသမျှပြောင်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို တရုတ်ကို အဓိက တင်ပို့နေခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် ကိုဗစ် ရောဂါစဖြစ်ကတည်းက တင်းကြပ်လိုက်တဲ့တရုတ်နိုင်ငံရဲ့ စည်းမျဉ်းတွေကြောင့် တင်ပို့မှုတွေလျော့သွား ခဲ့ပြီး ဈေးတွေကလည်းကျဆင်းသွားခဲ့ပါတယ်။
ယခုနှစ်မှာတော့ ကိုဗစ်လက္ခဏာ ဆိုးရွားမှုတွေကြောင့် တရုတ်တင်ပို့မှုကို လုံးဝပိတ်ချမှုတွေ ပြုလုပ်ခဲ့ပေမယ့် ထိုင်းက ဝယ်ယူမှုကြောင့် ပြောင်းဈေးက ထပ်ပြီးမကျဆင်းသွားပဲ ဈေးကောင်းရရှိနေတဲ့ နှစ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလ မှာ စီပီပြောင်းက တစ်အိတ်ကို ၂၂၀၀၀ ကနေ ၂၂၅၀၀ ကြားပေါက်ဈေးရှိခဲ့ ပြီး ဒီနှစ်မှာတော့ တစ်အိတ်ကို ၃၃၀၀၀ ကနေ ၃၆၀၀၀ ကြားပေါက်ဈေးရှိလာပါတယ်။
မြဝတီတာချီလိတ်စခန်းကနေတဆင့် ပြောင်းတင်ပို့မှုက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂ သိန်း ၁ သောင်းကျော် တင်ပို့ခဲ့ပေမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၅ သိန်း ၂ သောင်းနီးပါး တင်ပို့ခဲ့ကြောင်း စီးပွားကူးသန်းရောင်းဝယ်ရေးစာရင်းတွေအရသိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026