ကုလားပဲဟောင်း လက်ကျန်နည်းလာခြင်းကြောင့် အတက်ဈေးဖြင့် တည်ငြိမ်နေ
ဈေးကွက်အတွင်း ကုလားပဲဟောင်းလက်ကျန် နည်းလာခြင်းကြောင့် အတက်ဈေးဖြင့် ဈေးနှုန်း တည်ငြိမ်နေကြောင်း ကုန်သည်များထံမှ သိရသည်။
ဇွန်လကုန်က ကုလားပဲ-V2 သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၃၀၀၀ ပေါက်ဈေး ရှိရာမှ ဇူလှိုင်လ အစမှ စတင်၍ တစ်အိတ် ကျပ် ၉၅၀၀၀မှ ၉၇၀၀၀ကြား ရှိလာပြီး ဇူလိုင်လ တတိယပတ် အစထိ အတက်ဈေး ဖြင့် တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ကုလားပဲ အုပ်စုဝင် ကုလားပဲ V7 ၊ကုလားပဲ (929)၊ ကုလားပဲ ထိုင်ဝမ် ဈေးများမှာ တစ်အိတ်ကျပ် ၉၃၀၀၀ရှိရာ ယခုလတွင် ၉၅၀၀၀ခန့် အသီးသီး ရှိနေသည်။
ကုလားပဲက ပြည်တွင်းသုံးစွဲမှု များလာတဲ့အတွက်ကြောင့် ပဲ ဈေးနှုန်းမြင့်တယ်၊ တည်ငြိမ်တယ်။ သုံးတင်းဝင်တစ်အိတ်ကို ကျပ်၃၀၀၀ကနေ ၇၀၀၀ကြား ဈေးပိုရနေတယ်။ လက်ကျန်က နည်းသွားပြီ။ တောင်သူ လက်ထဲ လုံးဝမရှိတော့ဘူး။ ကုလားပဲ ခွဲခြမ်းစက်တွေနဲ့ ပြည်ပ exporterတွေ လက်ထဲမှာပဲ ရှိတော့တယ်
ဟုမန္တလေးရှိ မြသစ္စာ လယ်ယာထွက်ပစ္စည်း ရောင်းဝယ်ရေး ပိုင်ရှင် ဦးအောင်မျိုးထွန်းက ပြောသည်။
လက်ရှိတွင် ကုန်သည်၊ ပွဲစားများ ကိုဗစ်ကပ်ရောဂါကြောင့် ဒိုင်များတွင် အရောင်းအဝယ်မလုပ်ကြပဲ အွန်လိုင်းစနစ်နှင့် ဖုန်းဖြင့်သာ ရောင်းဝယ်ကြကြောင်း၊ ကုလားပဲ လိုအပ်ချက်အလိုက် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူး ရောင်းချကြကြောင်းနှင့် ပြည်ပသို့ သင်္ဘောတင်ရသည့် ရက်များတွင် အတက်ဈေးဖြင့် ကစားကြကြောင်း သိရသည်။
ကုလားပဲကို စားတော်ပဲ အစားထိုး သုံးကြတယ်။ စားတော်ပဲ ရှားပါးချိန်မျိုးမှာ ကုလားပဲဆောင်းသီးနှံ ပဲစိုက်ကြတော့ ဒီလိုကာလတွေရောက်ရင် လက်ကျန်နည်းသွားပြီပေါ့။ တချို့ကုန်သည်ကြီးတွေကတော့ ပြည်ပပို့ရမယ်ဆိုရင် လှောင်ကြတာ များတယ်။ ပြည်တွင်းလည်း စားသုံးမှုရှိတော့ အထိုက်အလျောက်တော့ ဈေးကောင်းရကြမှာပါ
ဟု မန္တလေး-ရန်ကုန် ပဲမျိုးစုံ ရောင်းဝယ်ရေး ကုန်သည် ဦးကျော်ဆန်းက ပြောသည်။
ကုလားပဲကို ပြည်တွင်းပဲကြိတ်စက် လုပ်ငန်းများက ခွဲခြမ်းများ ပြုလုပ်၍ ပါကင်စနစ်ဖြင့် ပြည်တွင်း ဈေးကွက်သို့ ဖြန့်ဖြူးကြကြောင်း သိရသည်။
ပြည်တွင်း၌ ကုလားပဲသည် ဇန်နဝါရီမှ မတ်လအထိ ထွက်ရှိပြီး စိုက်ဧက ၈သိန်းခန့် ရှိပြီး တန်ချိန် ငါးသိန်းခန့် ရှိကြောင်း၊ ပြည်ပသို့ နှစ်စဉ်တန်ချိန် လေးသောင်းကျော် တင်ပို့ကာ ပြည်တွင်း သုံးစွဲမှုက ၉၀ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။
ကုလားပဲကို ပြုတ်စားခြင်း၊ လှော်စားခြင်း၊ ပဲခြမ်းပြုလုပ်ခြင်း၊ ချက်စားခြင်း၊ ကြော်စားခြင်း၊ အမှုန့်စိမ်း ပြုလုပ် ရောင်းချခြင်း ပြုလုပ်ကာ ပြည်တွင်း၌ ထွက်ရှိသည့် ပဲများအနက် လူကြိုက်များသည့် ပဲတစ်မျိုးဖြစ်သည်။
ကုလားပဲကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မလေးရှား၊ စင်္ကာပူစသည့် နိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။
ဇာလင်းသူ(AMIA)
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026