မိမိဖုန်းမှ အင်တာနက် (ဟော့စပေါ့) လွှင့်ပေးနည်း
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်က ဝိုင်ဖိုင် အသုံးပြုနည်း အကြောင်းကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ မိမိဖုန်းကနေ တခြားသူတွေကို အင်တာနက် ဟော့စပေါ့ ဘယ်လိုလွှင့်ပေးရလဲဆိုတာလေးကို ပြန်လည်မျှဝေ ပေးသွားပါမယ်ခင်ဗျ။
ဟော့စပေါ့ လွှင့်မယ်ဆိုရင် ပထမဆုံး
၁။ မိမိရဲ့ အင်တာနက် ဖွင့်ထားဖို့ လိုအပ်ပါတယ်။
၂။ ပြီးရင်တော့ ဆက်တင် (Setting) ထဲကိုဝင်ရမှာ ဖြစ်ပါတယ်။
၃။ ဆက်တင်ထဲဝင်ပြီးရင်တော့ အခြားဝိုင်ယာလက် ချိတ်ဆက်မှုများ (Other Wireless Connections) ထဲကို ဝင်ရောက်ရမှာ ဖြစ်ပါတယ်။
၄။ ပြီးရင်တော့ ကိုယ်ရေး ဟော့စပေါ့ (Personal Hotspot) ကို နှိပ်ပြီး ခလုတ်ဖွင့်ပေးလိုက်ရင် မိမိဖုန်းကနေ တခြားသူတွေကို အင်တာနက် လွှင့်ပေးလို့ ရပြီဖြစ်ပါတယ်။
၅။ ဟော့စပေါ့ လွှင့်တဲ့ အခါမှာ မိမိရဲ့လွှင့်ပေးတဲ့ လိုင်းအတွက် လျှို့ဝှက်ကုဒ်ထည့်ထားနိုင်သလို မိမိလိုင်းကို ချိတ်ပြီး သုံးနိုင်တဲ့ ဖုန်းအရေအတွက်ကိုလည်း ကန့်သတ်ထားလို့ ရပါသေးတယ် ခင်ဗျ။ ဒီလောက်ဆိုရင် မိမိဖုန်းထဲကနေ တခြားသူတွေကို ဟော့စပေါ့လွှင့်ပေးဖို့ အဆင်ပြေမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တခြားသူ ဟော့စပေါ့ လွှင့်ပေးတာကို မိမိက ချိတ်ပြီးသုံးချင်ရင်တော့ ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဝိုင်ဖိုင်အသုံးပြုနည်း ဆောင်းပါးလေးအတိုင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ပတ် ပြန်လည် ဆုံတွေ့ပါမယ် ခင်ဗျ။
ယခင်တစ်ပတ်က ဝိုင်ဖိုင် အသုံးပြုနည်း အကြောင်းကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ဝိုင်ဖိုင်(wifi)အသုံးပြုနည်း လေ့လာကြမယ်
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026