ဝိုင်ဖိုင် အသုံးပြုနည်း လေ့လာကြမယ်

29/06/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အပတ်စဥ် တင်ဆက်ပေးနေကြဖြစ်တဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်က ဝိုင်ဖိုင် (Wifi) အကြောင်းကို စတင် မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ် ခင်ဗျ။ ယခု တစ်ပတ်မှာ တော့ ဝိုင်ဖိုင် အသုံးပြုနည်းကို တောင်သူဦးလေး ဒေါ်လေးတို့ သိရှိသွားအောင် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ဦးလေး ဒေါ်လေးတို့ ဖုန်း ဝိုင်ဖိုင်ဖွင့်မယ်ဆိုရင်တော့ 

၁။ ဖုန်းမျက်နှာပြင် (စက်ခရင်) ရဲ့ အပေါ်ဘက်မှာ ရှိတဲ့ အသိပေးစင်တာ (သို့မဟုတ်) Notofication Bar ကိုဆွဲချလိုက်ရမှာ ဖြစ်ပါတယ်။ တစ်ချို့ဖုန်းအမျိုးအစား တွေမှာတော့ အောက်ဘက်မှာ ရှိတတ်ပါတယ် ခင်ဗျ။  ဒါမှမဟုတ် ဆက်တင် ထဲမှာလည်း သွားပြီးရှာလို့ရပါတယ် ခင်ဗျ။ 

၂။ ဝိုင်ဖိုင် (Wifi) ဆိုပြီး ရေးထားတာ တွေ့ရင် ခလုတ်လေးဖွင့်ပေးရမှာ ဖြစ်ပါတယ်။

၃။ ဦးလေး ဒေါ်လေးတို့က ဝိုင်ဖိုင် (Free) အလကားသုံးလို့ရတဲ့ နေရာမှာ ရောက်ရှိနေမယ်ဆိုရင်တော့ ဝိုင်ဖိုင်ကိုဖွင့်လိုက်ပြီးရင် အင်တာနက်လွှင့်ပေးထားတဲ့ လိုင်းနာမည်လေးတွေ ပေါ်လာမှာ ဖြစ်ပါတယ် ခင်ဗျ။ 

၄။ မိမိချိတ်ဆက် အသုံးပြုမယ့် လိုင်းနာမည်ကို နှိပ်ရမှာ ဖြစ်ပါတယ်။ 

တချို့လိုင်းတွေက ချိတ်ပြီးတာနဲ့ အင်တာနက် ချက်ချင်း အသုံးပြုလို့ရပြီး တချို့လိုင်းတွေကတော့ သတ်မှတ်ထားတဲ့ လျှို့ဝှက်ကုဒ် ထည့်သွင်းပြီးမှ သုံးလို့ရမှာ ဖြစ်ပါတယ် ခင်ဗျ။ ဖော်ပြပါ အဆင့်လေးတွေ အတိုင်း နှိပ်ပြီးရင်တော့ တောင်သူ ဦးလေး ဒေါ်လေး တို့ အနေနဲ့ ဝိုင်ဖိုင်ချိတ်ပြီး အင်တာနက်သုံးရင်း စိုက်ပျိုးရေး နည်းပညာ၊ ဗဟုသုတတွေကို လေ့လာနိုင်မှာပဲ ဖြစ်ပါတယ် ခင်ဗျ။ အခုလောက်ဆို ဝိုင်ဖိုင်အသုံးပြုဖို့ အတွက် နားလည်သွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ နောက်တစ်ပတ် ပြန်လည် ဆုံတွေ့ပါမယ် ခင်ဗျ။

ယခင်တစ်ပတ်က ဝိုင်ဖိုင် အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

wifi ဝိုင်ဖိုင်ဆိုတာ ဘာလဲ? 

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်