အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက်ကြေညာခြင်း

နှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက်ကြေညာခြင်း

Green Way
Green Way • 12/04/2024

အစိမ်းရောင်လမ်းရဲ့ တောင်သူဦးကြီးတို့ မင်္ဂလာပါရှင့်..

နှစ်ဟောင်းက အညစ်အကြေးတွေကို စွန့်လို့ နှစ်သစ်ကို ကူးပြောင်းကြမယ့် မင်္ဂလာအချိန်အခါရောက်ရှိလို့လာပါပြီ..

ဆိုတော့ (၁၃-၄-၂၀၂၄) ရက်နေ့မှစပြီး (၂၁-၄-၂၀၂၄) ရက်နေ့အထိက နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်များ ဖြစ်ပါတယ်။

ရုံးပိတ်ရက်တွေမှာတော့  အစိမ်းရောင်လမ်းရဲ့ call center (ဖုန်းခေါ်ဆို)မှုအား ရပ်နားထားမှာဖြစ်ပြီး 

နေ့စဉ်သီးနှံဈေးနှုန်းကဏ္ဍအတွက် သီးနှံဈေးနှုန်းများပေးပို့နေတဲ့ ကုန်စည်ဒိုင်တွေကလည်း ပေးပို့နေကျ ဈေးနှုန်းတွေကို ရပ်နားထားမှာဖြစ်လို့ အစိမ်းရောင်လမ်းရဲ့ သီးနှံဈေးနှုန်းဖော်ပြခြင်းနဲ့ ပုံမှန်တင်ဆက်နေကျ သတင်းနဲ့ဆောင်းပါးများ တင်ဆက်ခြင်းကိုလည်း ရပ်နားထားမှာပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် အစိမ်းရောင်လမ်းရဲ့ တောင်သူကြီးများအတွက် သီးနှံဈေးနှုန်းတွေနဲ့ဆောင်းပါးများကို (၂၂-၄-၂၀၂၄) ရက်နေ့မှသာ ပြန်လည်တင်‌ဆက်ပေးနိုင်မည်ဖြစ်ကြောင်း လေးစားစွာနဲ့ အသိပေးလိုက်ရပါတယ်ရှင့်။

တင်ဆက်နေကြ ပုံမှန်အစီအစဉ်တွေသာ ရပ်နားထားမှာဖြစ်ပေမယ့် အမေးအဖြေကဏ္ဍမှာတော့ စိုက်မွေးပြဿနာတွေကို ပညာရှင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးလို့ ရပါကြောင်းကိုလည်း ထပ်ဆောင်း အသိပေးပါရစေ။

နှစ်သစ်အခါသမယမှာ တောင်သူဦးကြီးဒေါ်ကြီးအပေါင်း ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင့်

အစိမ်းရောင်လမ်း

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။