တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၁၀.၁.၂၀၂၂) မှ (၁၄.၁.၂၀၂၂) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
ဆန်၊ စပါး
စပါးဈေး ဆန်ဈေးတွေကတော့ ဧရာဝတီတိုင်းဈေးကွက်အတွင်းမှာ ဈေးတွေ ကျဆင်းသွားပါတယ်။ စပါးအသစ်တွေကလည်း ဈေးကွက်ထဲကို ဆက်တိုက်ထွက်ရှိလာသလို အရောင်းအဝယ်ကလည်း အေးနေတယ်လို့သိရပါတယ်။ ဒေသတွင်းသာ ဝယ်ယူမှုရှိနေတဲ့အတွက် ကျဆင်းနေတာလည်း ဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ဆန်အဝင်ကတော့ ပုံမှန်ရှိနေပြီး အရောင်းအဝယ်ကတော့အေး နေပါတယ်။ဆန်အချို့သာ ဈေးအပြောင်းအလဲ အနည်းငယ်ရှိပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဆန်ချောဈေးတွေကတော့ ဈေးငြိမ်နေပြီး ငစိန်ဆန်က တစ်အိတ်ကို ၂၃၀၀၀ ကနေ ၂၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ရက် ၉၀ ရှယ် အဟောင်းကတော့ တစ်အိတ်ကို ၂၉၀၀၀ ကနေ ၃၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၉၂၉၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၆၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၃၇၀၀၀ ကျပ် နဲ့ ၁၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ ပုသိမ်ဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၂၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၆၀၀၀ ကျပ် ဈေးကျဆင်းပြီးဆန်ကတော့ တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းကာ ၂၃၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။
မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၉၁၅၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၃၄၅၀၀ နဲ့ ၂၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ မြောင်းမြဧည့်မထစပါးကတော့တင်း ၁၀၀ ကို ၆၁၆၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ ကျပ်နဲ့ ဈေးငြိမ်ပါတယ်။
မအူပင်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၂၀၀၀၀ ကျပ်ရှိပြီးတင်း ၁၀၀ ကို ၁၀၀၀၀ ကျပ်၊ လပ္ပတ္တာ စပါးကတော့ တင်း ၁၀၀ ကို ၈၆၁၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၉၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။
ဒုတိတန်းစားစပါးတွေဖြစ်တဲ့ ဧည့်မထစပါးကလည်း တင်း ၁၀၀ ကို ၂၀၀၀၀ ကနေ ၅၀၀၀၀ ကြား အသီးသီးဈေးတွေ ကျဆင်းသွားခဲ့ပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ပြည်တွင်းဈေးကွက်အတွင်းမှာ ပြီးခဲ့တဲ့သောကြာနေ့ကတည်းက ဈေးတက်နေသလို အိန္ဒိယမှာလည်း မြန်မာမတ်ပဲတွေက ဈေးတက်နေပါတယ်။ ပဲခွဲစက်တွေရဲ့ ဝယ်ယူမှုကြောင့်ဖြစ်ပြီး မြန်မာပြည်တွင်းမှာလည်း ငွေကြေးလဲလှယ်နှုန်းဈေးက ပြန်မြင့်တက်သွားတဲ့အတွက် အခုလို တက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ပဲဈေးက ငွေသားအခက်အခဲကြောင့် ထိန်းဝယ်ယူနေရလို့ ဈေးက အတက်ဈေးနဲ့ ပြန်တန့်သွားခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ)RC က တစ်တန်ကို ၁၃ သိန်း ၈ သောင်းအထိ တက်ခဲ့ပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅ သောင်းကျော်ဈေးတက်လာပါတယ်။ FOB ဈေးနှုန်းမှာလည်း မတ်ပဲ (FAQ) RC က အမေရိကန် ဒေါ်လာ ၇၁၀ ကနေ ၇၃၀ ကြားပေါက်ဈေးရှိပြီး ၂၀ဒေါ်လာလောက်ဈေး တက်လာပါတယ်။(SQ) RC ကတော့ တစ်တန်ကို ၇၉၀ ကနေ ၈၁၀ ကြားပေါက်ဈေးရှိပြီး တစ်တန်ကို ၃၀ ဒေါ်လာနီးပါး ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၃၂၀၀၀ ကနေ ၁၃၃၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကနေ ၁၀၀၀၀ ကြား ဈေးပြန်တက်လာပါတယ်။
မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၄၃၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်၊ ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၄၅၀၀၀ ကနေ ၄၅၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျော်၊အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၄၄၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကနေ ၅၀၀၀ အထိ အသီးသီးဈေးတွေ တက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကအထိ အဝယ်ပုံမှန် အရောင်းပုံမှန်ရှိနေလို့ ဈေးက အမြင့်ဈေးနဲ့ ငြိမ်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒေါ်လာဈေးမြင့်လာတဲ့အတွက်ဈေးက အနည်းငယ်မြင့်လာခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပခုက္ကူ၊ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ၊ဝါးခယ်မ)တို့က တစ်ပိဿာကို ၂၂၅၀ ကနေ ၂၆၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်လောက်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၂၃၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၃၀၀၀ လောက် ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်း(ကြီး)က တစ်တင်းကို ၃၀၀၀၀ ကနေ ၃၉၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပြီး ပဲတီစိမ်း (သေး)ကတော့ တစ်တင်းကို ၄၀၀၀၀ ကနေ ၄၅၀၀၀ နဲ့ဈေးငြိမ်နေပါတယ်။
အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ကနေ ၄၂၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေး တက်လာပါတယ်။
ပြည်မှာတော့ ၃၇၅၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ်အသီးသီး ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ရုတ်တရက်ဈေးတွေ ကျဆင်းသွားခဲ့ပါတယ်။ အဝင်များလို့ ဈေးတွေ ကျဆင်းတယ်လို့လည်း သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃၆၀၀ ကနေ ၃၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ထွန်းလင်း
လွန်ခဲ့သော ၄ နှစ် ကပဲစင်းငုံသတင်းလေးပါတင်ပေးပါအုံး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026