တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်
၁၉.၁၀.၂၀၂၀ မှ ၂၃.၁၀.၂၀၂၀ ထိ
တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက အတက်အကျ တည်ငြိမ်မှုမရှိပါဘူး။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးက အနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ တစ်ပတ်အတွင်းမှာတော့ အဝယ်အနည်းငယ်တက်နေတဲ့အတွက် ဈေးက အများကြီး ထင်သလောက် ကျဆင်းသွားတာမျိုးမရှိတာလည်းတွေ့ရပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်ပတ်အတွင်း တစ်တန်ကို ၁၁၃၀၀၀၀ ကနေ ၁၁၅၀၀၀၀ ကြားအရောင်းအဝယ်ဖြစ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၈၀၀၀ ကနေ ၁၂၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ လောက်ဈေးတက်လာပါတယ်။ မျိုးပဲတွေလည်း အရောင်းအဝယ်ရှိတဲ့အတွက် နယ်ဈေးကွက်မှာတော့ အတက်အကျက သိပ်ပြောင်းလဲမှုမရှိပါဘူ။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၈၀၀၀ ကျော်ပေါက်ဈေးရှိပြီး တစ်တင်းကို ငွေကျပ် ၁၅၀၀ လာက်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ တစ်တန်ကိုငွေကျပ် ၁၀ သိန်းကျော်အထိ ဈေးက တက်သွားခဲ့ပါတယ်။ အိန္ဒိယအပြင် အခြားနိုင်ငံတွေကပါ ဝယ်ယူမှုတွေကြောင့် ဈေးကအခုလိုတက်လာတာဖြစ်ပြီး ထပ်ပြီး တက်နိုင်ခြေရှိတယ်လို့ ကုန်သည်အချို့က ဆိုထားပါတယ်။
ပဲစင်းငုံနီက ပြီးခဲ့တဲ့ တစ်လအတွင်း တစ်တန်ကို ငွေကျပ် နှစ်သိန်းနီးပါးဈေးတက်လာခဲ့ပါတယ်။
၂၀၁၉ ကတည်းက ပြီးခဲ့တဲ့ နှစ်လလောက်အထိ တစ်တန်ကို ငွေကျပ် ၇ သိန်း ကနေ ၈ သိန်းကြားသာ အရောင်းအဝယ်ရှိနေခဲ့တဲ့ ပဲစင်းငုံနီက အိန္ဒိယနိုင်ငံမှာ ရေကြီးရေလျံကြောင့်၊ ရာသီဥတုဆိုးရွားမှု စတဲ့ ဆိုးကျိုးတွေကြောင့် မြန်မာ့ပဲတွေက အဝယ်ပြန်လိုက်လာပြီး ဈေးကတက်နေခဲ့တာလည်း ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ လက်ရှိ တစ်တန်ကို ငွေကျပ် ၁၀ သိန်းကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၈၅၀၀၀ လောက်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၉၅၀၀၀ ကနေ ၉၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ လောက်ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းက ဒီတစ်ပတ်မှာတော့ တရုတ်က အဝယ်များတဲ့အတွက်ကြောင့် ဈေးတွေ ပြန်တက်လာပါတယ်။ လအတော်ကြာ ဈေးကွက်ထဲ ဈေးငြိမ်နေခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ပခုက္ကူ၊ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ၊) တို့က တစ်ပိဿာကို ၁၉၅၀ ကနေ ၂၂၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ၁၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၈၅၀၀ ကျပ်ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲယင်း
ပဲယင်းက ဈေးကွက်ထဲ သိပ်မကျန်တော့တဲ့အတွက် ဈေးကတက်လာတာဖြစ်သလို လက်ရှိမှာ ပြည်တွင်း ပြည်ပ အဝယ်တွေကြောင့် ပဲမျိုးစုံလည်းဈေးတက်နေတာဖြစ်လို့ ပဲယင်းကလည်း လိုက်တက်နေတာဖြစ်ပါတယ်။ ပဲယင်းက အခြားပဲတွေလိုမဟုတ်ပဲ အရောင်းအဝယ် ငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာ ပဲယင်း(အကြီး၊အသေး)က တစ်အိတ်ကို ၆၅၀၀၀ ကနေ ၇၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲဇီးကွက်
ပဲဇီးကွက်ကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ပြည်တွင်း ဝယ်ယူမှုများတဲ့အတွက်ဈေးက တက်နေတာဖြစ်ပါတယ်။
မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၇၈၀၀၀ ကနေ ၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ လောက်ဈေးတက်လာပါတယ်။
အာလူး
တရုတ်အာလူးတွေကဈေးကွက်ထဲကို ဆက်တိုက် ဝင်လာနေတဲ့အတွက်ကြောင့် ပြည်တွင်း အာလူးဈေးကလည်း ကျဆင်းသွားပါတယ်။
ပြီးခဲ့တဲ့လက ပြည်တွင်းအာလူးတွေ ဈေးတက်တဲ့အတွက် ပြည်ပအာလူးကိုတင်သွင်းမှုကြောင့် ဈေးက အများကြီး မတက်လာပဲဈေးထိန်းလိုက်တဲ့ အခြေအနေလည်းဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၅၈၀ ကနေ ၆၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။
ဝတ်ရည်မွန်(AMIA)
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကငရုပ်သီးဈေးလေးတိပရစေ
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကငြုပ်သီးဈေးလေးတင်ပေးစေချင်ပါသည်
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026