အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ICT (အိုင်စီတီ) ဆိုတာ ဘာလဲ ?

ICT (အိုင်စီတီ) ဆိုတာ ဘာလဲ ?

Green Way
Green Way • Greenovator • 11/05/2020

အစိမ်းရောင်လမ်းရဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ကျွန်တော်တို့ အစီစဥ်ရဲ့ ပထမဆုံး အနေနဲ့ အိုင်စီတီ အကြောင်းကို တောင်သူဦးကြီးတွေ သိရအောင် စတင်မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ 

 ICT (အိုင်စီတီ) ကို သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ လို့ ခေါ်ဆိုနိုင်ပါတယ် ခင်ဗျ။ 

ဒီနည်းပညာကို အသုံးချ ပြုလုပ်ထားတဲ့ နည်းပညာများ၊ ကိရိယာများ နှင့် ဆော့ဖ်ဝဲများကိုလည်း အိုင်စီတီလို့ ခေါ်ဝေါ် အသုံးပြု ကြပါတယ် ခင်ဗျ။ 

အခုခေတ်လို ဒစ်ဂျစ်တယ်ကိရိယာတွေကို ပိုပြီး မှီခိုလာတဲ့ အချိန်မှာ အိုင်စီတီနည်းပညာဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ ပိုပြီး အရေးပါလာပါတယ်။ 

တစ်ကယ်တော့ အိုင်စီတီ ဆိုတာ ဦးလေးတို့ ဒေါ်လေးတို့နဲ့ အလှမ်းဝေးတဲ့ အရာ မဟုတ်ပါဘူးနော်။ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ပစ္စည်းတွေထဲမှာကိုပဲ ရှိနေပါတယ်။

ဥပမာအနေနဲ့ လိုင်းဖွင့်တာ,, Facebook သုံးတာ, ဖုန်းခေါ်တာ စတာတွေဟာ အိုင်စီတီနည်းပညာ အခြေခံတဲ့ ဝန်ဆောင်မှု ပစ္စည်းကိရိယာတွေပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ တောင်သူ ဦးကြီးဒေါ်ကြီးတွေလည်း  ဖုန်းထဲက အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလ်ကို ဖွင့်ပြီး  စိုက်ပျိုးရေး နည်းပညာတွေ၊ အခက်အခဲတွေ၊ သိချင်တာတွေကို မေးမြန်းဆွေးနွေး  လေ့လာနေတာဟာဆိုရင်ဖြင့် အိုင်စီတီကို အကျိုးရှိစွာ အသုံးချနေတာပဲ ဖြစ်ပါတယ် ခင်ဗျ။ ဒါဆိုရင် ဦးလေးတို့ ဒေါ်လေးတို့တွေ အနေနဲ့ အိုင်စီတီကို အခြေခံလောက်တော့ နားလည်သွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ 

Source: Wikipedia

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။