အင်တာနက်ဆိုတာ ဘာလဲဗျ?
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်ကတော့ အိုင်စီတီ (သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ) အကြောင်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခု တစ်ပတ်မှာတော့ အင်တာနက် အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
တောင်သူ ဦးလေး ဒေါ်လေးတို့ အသုံးပြုနေကြတဲ့ အင်တာနက်အကြောင်း သိကြလားခင်ဗျ။ “အင်တာ” (Inter) ဆိုတဲ့ စကားလုံးက အတွင်းပိုင်း၊ အပြန်အလှန် စသည်ဖြင့် ဆိုလိုပါတယ်။ “နက်” (net) ဆိုတာကတော့ ပိုက်ကွန်လို၊ ပင့်ကူအိမ်လို ချိတ်ဆက်ခြင်း သဘောကိုဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီတော့ အင်တာနက်ရဲ့အဓိပ္ပာယ်ကို ဘာသာပြန်ဆိုလိုက်ရင် ကွန်ယက်အချင်းချင်း အပြန်အလှန် ချိတ်ဆက်မှုများလို့ အလွယ်ခေါ်ဆိုနိုင်ပါတယ်။ အမြဲဖွင့်ထားတဲ့ Server (ဆာဗာ) ကွန်ပျူတာကို ချိတ်ဆက်ထားပြီးအပြန်အလှန် စီးမြောနေတဲ့ နည်းပညာလို့လည်း မှတ်သားထားနိုင်ပါတယ်။
တစ်နည်းအားဖြင့် အင်တာနက် ဆိုတာ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာကဲ့သို့ နီးစပ်မြန်ဆန်အောင် ဆောင်ရွက်ပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာကြီးကို အင်တာနက်ပေါ်ကနေ လှည့်ပတ်ကြည့်ရှုနိုင်သလို ကမ္ဘာတစ်ဝန်း ဖြစ်ပျက်နေတာတွေကိုလည်း အချိန်နဲ့ တပြေးညီ သိရှိနိုင်ပါတယ်။ ကိုယ်မသိသေးတဲ့ အရာတွေ၊ သိချင်တဲ့ အရာတွေကိုလည်း ရှာဖွေစူးစမ်း လေ့လာနိုင်ပါသေးတယ်။ ဒါ့အပြင် စာတစ်စောင်ကို မိနစ်ပိုင်းအတွင်း ကမ္ဘာ့အစွန်းတစ်ဖက်မှနေပြီး နောက်တစ်ဖက်ကိုလည်း ပေးပို့နိုင်ပါတယ်။ အင်တာနက်ဟာ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ သိပ္ပံပညာ၊ သုတေသန စသည့်ဖြင့် နယ်ပယ်နေရာမျိုးစုံမှာ ပါဝင်လျက်ရှိနေပါတယ်။ ဒါကို Network (ကွန်ယက်) အစုအဝေးလို့လည်း သိထားနိုင်ပါတယ်။ အင်တာနက်လိုင်းကိုတော့ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုထားတဲ့ ပစ္စည်း ကိရိယာ (ဖုန်း၊ ကွန်ပျူတာ) စတာတွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်ခင်ဗျ။
အပတ်စဥ် တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။ ယခင်တစ်ပတ်က အိုင်စီတီ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
နောက်တစ်ပတ်မှာ ပြန်လည်ဆုံတွေ့ကြပါဦးစို........
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026