အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Wifi ဝိုင်ဖိုင်ဆိုတာ ဘာလဲ ?

Wifi ဝိုင်ဖိုင်ဆိုတာ ဘာလဲ ?

Green Way
Green Way • Greenovator • 22/06/2020

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ကြိုဆို လိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဦးလေး ဒေါ်လေးတို့ မိမိရဲ့ ဖုန်းနံပါတ်စစ်ဖို့၊ ဖုန်းငွေလက်ကျန်စစ်ဖို့ မျှဝေပေးခဲ့တာ မှတ်မိမယ် ထင်ပါတယ် ခင်ဗျ။ 

ယခုတစ်ပတ်မှာတော့ ဝိုင်ဖိုင်အကြောင်းကို မျှဝေပေးမှာ ဖြစ်ပါတယ်။ တောင်သူဦးကြီးလေး ဒေါ်လေးတို့ ဝိုင်ဖိုင် ဆိုတာလေးကို သိကြလား ခင်ဗျ။ တစ်ချို့ လက်ဖက်ရည်ဆိုင်တွေ ထမင်းဆိုင်တွေမှာ မိမိဖုန်းရဲ့ အင်တာနက်ကို ဖွင့်စရာမလိုဘဲ ဝိုင်ဖိုင်လေးချိတ်ပြီး အင်တာနက်အသုံးပြုလို့ ရတာကို ပြောတာ ဖြစ်ပါတယ်။ အင်တာနက်ကို ကြိုးမဲ့စနစ် နဲ့ချိတ်ဆက် အသုံးပြုနိုင်တာကို ဆိုလိုပါတယ်။ ကျွန်တော်တို့ ဖုန်းအင်တာနက် သုံးနေရင်း တစ်ယောက်မှာ ဖုန်းဒေတာကုန်သွားလို့ နောက်တစ်ယောက်ကနေ ဟော့စပေါ့ (Hotspot) လွှင့်ပေးပြီး ချိတ်ဆက်နိုင်တာဟာလည်း ဝိုင်ဖိုင်စနစ်ပဲ ဖြစ်ပါတယ်။

ဝိုင်ဖိုင်ရဲ့ အားသာချက် ကတော့ ချိတ်ဆက် အသုံးပြုရမှု လွယ်ကူခြင်း၊ အလွယ်တကူ လိုင်းလွှင့်နိုင်ခြင်း၊ အလွယ်တကူနေရာ ရွှေ့ပြောင်းနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ တစ်နေရာထဲမှာ လူအများအပြား ချိတ်ဆက်အသုံးပြုနိုင်ခြင်း စတဲ့ အားသာချက်တွေ ဖြစ်ပါတယ်။

အသုံးပြုသူများလာရင် လိုင်းကျတာမျိုးတွေ၊ ချိတ်ဆက်နိုင်မှု အားနည်းတာမျိုးတွေ စတဲ့ အားနည်းချက်အချို့လည်းရှိပါတယ်ခင်ဗျ။ ဝိုင်ဖိုင်မိတဲ့ နေရာ ရောက်ရင် ဖုန်းလေးဖွင့်ပြီး စိုက်ပျိုးရေး နည်းပညာတွေကို အစိမ်းရောင်လမ်းဆော့ဝဲလ် လေ့လာနိုင်သလို ဗဟုသုတ တွေကိုလည်း ရှာဖွေလို့ ရနိုင်ပါတယ် ခင်ဗျ။

ဝိုင်ဖိုင်နဲ့ ပတ်သတ်ပြီး တောင်သူ ဦးလေး ဒေါ်လေးတို့ သိသွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။   

ယခင်တစ်ပတ်က ဖုန်းနံပါတ်နဲ့ ဖုန်းငွေလက်ကျန်စစ်ဖို့  အကြောင်းဖော်ပြထားတဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

မိမိရဲ့ဖုန်းနံပါတ်ကို ဘယ်လိုပြန်စစ်မလဲ

Ref: burma.irrawaddy.com

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

Thu Ya Maung

Thu Ya Maung

လွန်ခဲ့သော ၆ နှစ် က

ကြိုက်တယ်

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။