အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မုန်လာဥနီတွေ စိမ်းနေရင် အန္တရာယ်ရှိလား..

မုန်လာဥနီတွေ စိမ်းနေရင် အန္တရာယ်ရှိလား..

Aye Aye
Aye Aye • 19/12/2022

အာလူးတွေစိမ်းနေရင် သတိ...အန္တရာယ်ရှိနေပြီ...လို့ဆိုတော့...

မုန်လာဥနီတွေ စိမ်းနေတာမျိုးကို စားမိရင်ကော အန္တရာယ်ကို လက်ယပ်ခေါ်သလို ဖြစ်သွားစေမလား...?

မုန်လာဥနီဟာ Apiaceae  မျိုးရင်းဖြစ်ပြီး အရေးပါတဲ့ အမြစ်/ဥစား ဟင်းသီးဟင်းရွက်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ မာကြွပ်သော၊ အရသာရှိသော၊ အာဟာရပြည့်ဝသော ဥစားဟင်းသီးဟင်းရွက် ဖြစ်ပြီး ကျန်းမာရေးအတွက် ပြည့်စုံတဲ့အစားအစာတစ်ခုဆိုတာလည်း အတော်များများ သိပြီးဖြစ်ကြမှာပါ။ အစိမ်းလိုက်လည်းစားလို့ရသလို ချက်ပြုတ်ပြီးလည်း စားလို့ရပါတယ်။ 

သူ့မှာ Beta carotene ၊ အမျှင်ဓာတ်၊ ဗီတာမင် ကေ(၁)၊ ပိုတတ်ဆီယမ်၊ antioxidants တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကယ်လိုရီနည်းတာမို့ ဝိတ်ချချင်သူတွေအတွက် စပါယ်ရှယ်အစားအစာတစ်မျိုးပါ။ အစာကြေရင်ချောင်စေတယ်။ ခုခံအားစနစ်ကိုလည်း တက်စေလို့ ကူးစက်ရောဂါတွေကို အလွယ်ဝင်မလာအောင် အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။

ပုံမှန်အားဖြင့်တော့ အဝါရောင်၊ အဖြူရောင်၊ လိမ္မော်ရောင်၊ အနီရောင်နှင့် ခရမ်းရောင်စသဖြင့် အရောင်မျိုးစုံရှိနိုင်ပါတယ်။ ဒါပေမဲ့ မုန်လာဥနီ ထိပ်မှာစိမ်းနေတာမျိုးကိုတွေ့ရင်တော့ ဒါဟာပုံမှန် အရောင် မဟုတ်တော့တော့ပါဘူး။

အစိမ်းရောင်ဖြစ်စေသောအကြောင်းအရင်း

အပင်ပေါ်က အရွက်တွေက ဥထိပ်ကို ကောင်းကောင်းမဖုံးထားခြင်းကြောင့် ဖြစ်နိုင်သလို အာလူးလိုမျိုးပဲ မိုးသည်းထန်စွာရွာခြင်းကြောင့် ပင်ခြေရှိ မြေကြီးတွေ အဝေးကိုလွင့်ထွက်သွားပြီး အမြစ်တွေ/ ဥတွေ မြေပေါ်ပေါ်လာလို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီတော့ မုန်လာဥနီတွေဟာ နေရောင်ခြည်နဲ့ထိတွေ့ပြီး အစိမ်းရောင်ခြယ် ကလိုရိုဖီးလ် (chlorophyll) များ စုလာလို့ ပုံမုန်လိမေ္မာ်ရောင်ကနေ အစိမ်းရောင်တွေ ဖြစ်ကုန်တာပါ။ လူတွေမှာ နေလောင်ရင် အသားအရေနီသွားသလိုမျိုးပေါ့။ မုန်လာဥနီကျတော့ နေလောင်ပြီး စိမ်းသွားတာပါ။

အစိမ်းရောင်ခြယ် (chlorophyll) ဟာ အပင်ကို အလင်းမှီစုအစာဖွဲ့စည်းခြင်း (photosynthesis) ကနေတဆင့် နေရောင်ခြည်က စွမ်းအင်များကို ရယူနိုင်စေပါတယ်။ အဲ့ဒီအခါ မုန်လာဥနီမှာ နေရောင် ခြည်တိုက်ရိုက်ထိတွေ့နေတဲ့နေရာဟာ ရေကြောနှင့် အစာကြောကြားမှာ အဟန့်အတားတစ်ခု ဖြစ်ပေါ်လာစေပါတယ်။ ပုံမှန်ဆိုရင် မုန်လာဥနီထဲကအတွင်းပိုင်း ရေကြောက မြေထဲရှိ ရေနဲ့အာဟာတွေကို ကျန်အစိတ်အပိုင်းတွေဆီ ပို့ပေးတာပါ။ အပြန်အလှန်အားဖြင့် အပြင်အစာကြောကတော့ အလင်းမှိီစုအစာဖွဲ့ခြင်း( အစာချက်လုပ်ခြင်း)ကနေ ရရှိလာတဲ့ သကြားဓာတ်တွေကို အမြစ်/ဥ တွေဆီ ပို့ပေးပါတယ်။ ဒီအခါမျိုးမှာ အစာကြောပတ်လည်မှာ အစိမ်းရောင်အရစ်တွေ ဖြစ်ပေါ်လာစေ တာပါ။

စိမ်းနေတဲ့ဥကို ပြန်စိုက်မယ်ဆိုရင် မျိုးရိုးလိုက်နိုင်သလား?

မုန်လာနီဟာ အပူချိန် 40°F - 80°F ကြားမှာ အကောင်းဆုံးကြီးထွားပြီး သကြားဓာတ်အများဆုံး ဖွံ့ဖြိုးပါတယ်။ မုန်လာဥနီထိပ်မှာ စိမ်းနေတဲ့ဥကနေရတဲ့မျိုးစေ့ကို ပြန်စိုက်မယ်ဆိုရင် မျိုးရိုးလိုက်နိုင်မှုတော့ နည်းပါတယ်။ (၂၅) ရာခိုင်နှုန်းအောက်လောက်တော့ ရှိပါတယ်တဲ့။ UN   စိုက်ပျိုးရေးလမ်းညွှန်အရဆို အဲ့ဒီအစိမ်းဖြစ်နေတဲ့ မုန်လာဥနီကရတဲ့မျိုးက စိုက်ဖို့ အရည်အသေွး ပိုကောင်းတယ်လို့တောင် ယူဆပါတယ်တဲ့။ (အကောင်းဆုံး အရည်အသွေးလို့တော့ မဆိုလိုပါ။) 

စားရင်ရော အဆိပ်ဖြစ်စေသလား?

လာပါပြီအဖြေ...။ အဖြေကတော့ “မဖြစ်ပါဘူး” ဆိုတာပါ။ မုန်လာဥနီရော၊ အာလူးရော နှစ်ခုလုံးကတော့ အန္တရာယ်ကင်းတဲ့ အစိမ်းရောင်ခြယ်တွေကနေ ဖြစ်လာတာပါပဲ။ သို့ပေမဲ့ အစိမ်းရောင်ခြယ်ဟာ အာလူးမှာတော့ solanine လို့ခေါ်တဲ့ အန္တရာယ်ရှိစေတဲ့ဒြပ်ပေါင်း ဖွံ့ဖြိုးလာစေပြီး  ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ အာရုံကြောရှုပ်ထေွးခြင်း တို့ကိုဖြစ်စေပါတယ်။ ကံကောင်းချင်တော့ မုန်လာဥနီကိုစိမ်းစေတာမျိုးကျတော့ ဒီလိုမျိုးအန္တရာယ်ရှိစေတဲ့ အရာများ ရှိမနေပါဘူး။

ဆိုတော့ မုန်လာဥနီစိမ်းခြင်းက အပြစ်ကင်းတယ်လို့ ပြောရမှာပါပဲ..။

အရသာရော ဘယ်လိုဖြစ်သွားမလဲ?

မုန်လာဥနီမှာ အစိမ်းရောင်ပြောင်းသွားတာနဲ့ အရသာလည်း ပြောင်းလာပါတယ်။ အရသာပျက်လာပြီး ခါးလာနိုင်လို့ စားလို့မကောင်းတော့ပါဘူး။ ဒါကြောင့် စားတော့မယ်၊ ယိုထိုးတော့မယ်ဆိုရင် အဲ့ဒီထိပ်ပိုင်းကို ဖြတ်ပစ်ဖို့လိုပါမယ်။

မုန်လာဥနီကို (၄)ပတ်ခန့်အထိ ရေခဲသေတ္တာထဲမှာ သိုလှောင်နိုင်ပါတယ်။ မိမိဆီမှာ စိမ်းနေတဲ့ာမုန်လာဥနီရှိနေပီဆိုရင် ရေမဆေးဘဲ တစ်သျှူးလေးနဲ့ပတ် အိတ်နဲ့ထုပ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားတာက အကောင်းဆုံးပါ။ အိတ်ကိုအလုံပိတ်ထုတ်ထားရင်တော့ ငွေ့ငွေ့ရည်ဖွဲ့ခြင်းဖြစ်လာပီး ဥတွေ ပုပ်သွားနိုင်တာကိုတော့ သတိထားပါ။ ဥအပေါ်ပိုင်းရှိအပင်အစိတ်အပိုင်းများကို ဖယ်ပေးခြင်းဖြင့် ဥကနေ ရေဆုံးရှုးမှုကို သက်သာစေပါတယ်။

မုန်လာဥနီသုံးပြီး ကိတ်လုပ်တဲ့အခါ ဘာကြောင့် အစိမ်းရောင်ပြောင်းသွားသလဲ?

နုတ်နုတ်စဉ်းထားတဲ့ မုန်လာဥနီနဲ့ကိတ်လုပ်မယ်ဆို တခါတရံမုန့်ဖုတ်ပြီးနောက် အစိမ်းရောင်ပြောင်းသွားတာကို တွေ့ရတတ်ပါတယ်။ ဒီလိုပြောင်းသွားတာဟာ ကိတ်လုပ်ရာမှာ သုံးတဲ့ batter ရှိ မုန့်ဖုတ်ဆိုဒါ (baking soda) နဲ့ ထိ‌တွေ့ခြင်းကြောင့်ပါ။ မုန်လာဥနီမှာရှိတဲ့ ရောင်ခြယ်တွေဟာ pH level (အချဉ်၊အငန်ပမာဏ) ပြောင်းလဲခြင်းကို တုံ့ပြန်မှုမြန်ပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ အယ်လကာလီ(အငန်)ဓာတ်ရှိတာကြောင့် မုန့်လာဥနီကို ဓာတ်ပြုပြီး အစိမ်းရောင်ပြောင်းသွားစေတာဖြစ်ပါတယ်။

ဒါကြောင့်မုန်လာဥနီနဲ့ ကိတ်လုပ်တိုင်း အစိမ်းရောင်ပြောင်းသွားနေတယ်ဆိုရင် မုန့်ဖုတ်ဆိုဒါပမာဏလျှော့ထည့်ပြီး အသုံးပြုဖို့ အကြံပြုပါတယ်။ ကံကောင်းတာတစ်ခုကတော့ အစိမ်းရောင်ပြောင်းသွားတဲ့ာ မုန်လာဥနီကိတ်ဟာ အရသာအားဖြင့်တော့ ပြောင်းလဲခြင်းမရှိသလို စားတဲ့လူကိုလည်း အန္တရာယ်မဖြစ်စေတာပါပဲ။

Ref: https://foodsguy.com/can-you-eat-green-carrots/

https://www.eatortoss.com/green-areas-inside-your-carrot/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

လေးစားရပါသော တောင်သူကြီးများခင်ဗျာ... ဖရဲစစိုက်မှာမို့ ဖရဲအထွက်ကောင်းတဲ့ စိုက်ပျိုးနည်းလမ်းဝေမျှပေးပါအုံး ခင်ဗျာ...တောင်သူကြီးများခကျန်းမာ ချမ်းသာကြပါစေ...ခင်ဗျာ။

U BHONE THWE HTAN • ဖြေကြားချက် 1 ခု

မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Nyi Nyi Aung • ဖြေကြားချက် 1 ခု

ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့

Saung • ဖြေကြားချက် 1 ခု

မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့

Hlaing Min Tun • ဖြေကြားချက် 1 ခု

ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေး​လဲညွန်ပါအုံးဆရာ

မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။