အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မင်းကွတ်သီးအခွံက ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

မင်းကွတ်သီးအခွံက ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

Green Way
Green Way • 08/09/2020

 

     မင်းကွတ်သီးကို မကြိုက်သူ ခပ်ရှားရှားဖြစ်မယ်လို့ထင်ပါတယ်နော်။ မင်းကွတ်သီးဟာ အနံ့အရသာနဲ့ပြည့်စုံပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေသလို မင်းကွတ်သီးခွံမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာရှိတယ်ဆိုတာကို ဆေးပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်ခြင်း

     မင်းကွတ်သီးအခွံကို ကင်ဆာရောဂါကြိုတင်ကာကွယ်ဖို့အတွက် စားသုံးနိုင်ပါတယ်။ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ကင်ဆာဖြစ်စေတဲ့ ပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

     ဗီတာမင် C ပါဝင်တဲ့ မင်းကွပ်သီးခွံဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ဖျားနာတဲ့သူတွေလည်း စားသုံးနိုင်ပါတယ်။

သွေးတွင်းသကြားဓါတ် ထိန်းပေးနိုင်ခြင်း

     ကယ်လိုရီနည်းနည်းပဲပါတဲ့ မင်းကွတ်သီးခွံဟာ သွေးတွင်းသကြားဓါတ်ကို ထိန်းပေးထားနိုင်ပါတယ်။ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့လည်း သွေးတွင်းသကြားဓါတ်ပမာဏကို ပုံမှန်ဖြစ်စေပါတယ်။

ဝမ်းချုပ်မှုကို ကာကွယ်ပေးခြင်း

     အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။

ကိုလက်စထရောပမာဏကို ထိန်းထားပေးနိုင်ခြင်း

     ကောင်းမွန်တဲ့ကိုလက်စထရောကို မြင့်တက်စေပြီး မကောင်းတဲ့ကိုလက်စထရောကို လျှော့ချပေးပါတယ်။

နှလုံးကျန်းမာစေခြင်း

     ကိုလက်စထရောကိုလျှော့ကျစေလို့ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

လေဖြတ်မှုကို ကာကွယ်ပေးခြင်း

     မင်းကွတ်သီးမှာပါဝင်တဲ့ Antioxidant ဟာ သွေးကြောဆိုင်ရာရောဂါတွေကိုကာကွယ်ပေးလို့ လေဖြတ်ရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အဆိပ်အတောက်ဖယ်ရှားပေးနိုင်ခြင်း

     မင်းကွတ်သီးမှာပါဝင်တဲ့ Antioxidant ဟာ လေထုညစ်ညမ်းမှု၊ ဆေးလိပ်သောက်ငွေ့တွေကြောင့် ဖြစ်ပေါ်လာတဲ့ အဆိပ်အတောက်တွေ ဓါတုပစ္စည်းတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

မျက်လုံးကျန်းမာရေး

     ဗီတာမင်A ပါဝင်တဲ့ မင်းကွတ်သီးအခွံဟာ အမြင်အာရုံကိုကောင်းမွန်စေပါတယ်။

အရိုးကျန်းမာရေး

     ကယ်လ်ဆီယမ်ပါဝင်လို့ အရိုးကိုကျန်းမာစေပါတယ်။ ကလေးတွေကို အရပ်ပိုရှည်စေပြီး အရိုးကို သန်မာစေနိုင်ပါတယ်။

MyFood Myanmar Website မှ ပြန်လည် ကူးယူဖော်ပြပါသည်။ 

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

3
thin tandar

thin tandar

လွန်ခဲ့သော ၅ နှစ် က

ဘယ်လိုစားရမှာလဲ

ဦးထိန်ဝင်းထွန်း

ဦးထိန်ဝင်းထွန်း

လွန်ခဲ့သော ၆ နှစ် က

အခွံက စားလို့ရတာလား?

မိသဲလေးရ‌ဲ့

မိသဲလေးရ‌ဲ့

လွန်ခဲ့သော ၆ နှစ် က

yes

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။