အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပူကို အံတုပြီး စားကြမယ်

အပူကို အံတုပြီး စားကြမယ်

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 12/05/2020

နေကကွယ် အငြိုးကြီးနဲ့ မျက်စောင်းထိုးနေသလားပဲ
ပူချက်က လက်လန်လို့ အစားအသောက်က ပျက်တယ်။ ဟိုဟာစားရမလို ဒီဟာစားရမလို ဖြစ်။
နေမင်းကြီးရေ မပူပါနဲ့လို့ ပြောလို့ မရဘူးဆိုပေမဲ့ ကိုယ့်အပူချိန်ကိုတော့ ကိုယ်ထိန်းလို့ရနိုင်တယ်တဲ့
ဘယ်လိုနည်းနဲ့ ထိန်းမလဲဆိုတော့ အစားအသောက်နဲ့ပါ

ခုပြောပြမယ့် အသီးအရွက်တွေက ကိုယ်ခန္ဓာအပူချိန်ကို ထိန်းပေးပြီးတော့ နှလုံးခုန်မှန်ဖို့ ထိန်းသိမ်းပေးပါသတဲ့။

ပထမဆုံး နံပါတ် (၁) က သခွားသီးပါတဲ့
သုပ်စားစား တို့စားစား စားလို့ကောင်းတဲ့ အသီးပါ။ နွေနေ ပူချင်ပူပါစေ။ နှမ်းထောင်းလေးနဲ့ သုပ်ထားတဲ့ သခွားသီး အေးအေးမွှေးမွှေးလေးတော့ ခံတွင်းတွေ့မှာ သေချာပ။
ဘာလို့ စားသင့်တာလဲ ဆိုတော့ သူ့မှာ ၉၆ ရာခိုင်နှုန်းက ရေ ဆိုတော့ ရေဓာတ်ပြန်ဖြည့်ပေးတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။ ပြီးတော့ ဗီတာမင် ကေ နဲ့ ဗီတာမင်စီရယ် တစ်ခြား ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါတာကြောင့် ရာသီဥတုပူလည်း ခံသာမှာပါ။

ဒုတိယ - ခရမ်းချဉ်သီး
အစိမ်းစား ချက်စား အကုန်စားနေကြတာပဲ။ ဘာလို့စားသင့်တာလဲဆိုတော့ လိုက်ကိုပန် လို ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေ၊ ဗီတာမင် စီနဲ ကေ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ် တို့ပါပြီး ရေဓာတ်က ၉၄ ကနေ ၉၅ ရာခိုင်နှုန်း ပြေးမလွတ်ဘူးဆိုတော့ စားပေးသင့်တဲ့ အသီးပဲလေ။

တတိယ - ဘူးသီး
ဘူးသီးကလည်း ရေဓာတ်ဖြည့်ပေးပြီးတော့ အရိုးအားပေးတဲ့ ကယ်လ်စီယမ်လည်းပါတယ်။ သူ့ကိုလည်း နွေရာသီမှာ စားပေးသင့်တယ်နော်။

နံပါတ် ၄ က ခရမ်းသီး
အမျှင်ဓာတ်တွေ အများကြီးပါပြီး အူတွေ အတွက် ကောင်းစေတယ်။ ဖလေဗိုနွက်၊ ဗီတာမင်တွေ နဲ့ ပိုတက်စီယမ်က ထပ်ဆောင်းပါသေးတာကြောင့် ကျန်းမာရေးကို ကောင်းစေတာ။ ထမင်းပူပူလေးရယ် လက်ဖက်သုပ်လေး နဲ့ ခရမ်းသီးနှပ်ဆို ဘယ်ပြောကောင်းမလဲ စားတောင် စားချင်လာပြီ။

နောက် ဖရုံသီး
ဗီတာမင် အေ ပါလို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းစေတယ်။ ရောဂါတွေကို တိုက်ထုတ်နိုင်တာပေါ့။ ဘီတာကယ်ရိုတင်းလည်းပါတော့ နှလုံးရောဂါတွေအတွက် စိတ်ချရတဲ့အပြင်ကို ခန္ဓာကိုလည်း အေးစေတယ်တဲ့။

ကြက်ဟင်းခါးသီး
ခါးလို့ မကြိုက်ကြ။ အယ် ဒါပေမဲ့လို့ သူက အစာအိမ်နဲ့ နှလုံး အတွက် ဆိုပြီး ဟိုးအရင်ကတည်းက သုံးလာကြတာ။ ခါးတာလေး ဘေးခဏထား၊ သူ့မှာ ကယ်လ်စီယမ်၊ဗီတာမင် စီ၊ သံဓာတ်၊ ပိုတက်စီယမ် စတာတွေ ပါလို့ သွေးထဲက သကြားကို မှန်စေတယ်။ အဲ့ဒါကြောင့် အပူကို အေးဆေးပဲ။

အစိမ်းရောင် အသီးအရွက်တွေ
ဟင်းနုနွယ်၊ ပူစီနံ အဲ့ဒါတွေလိုမျိုး အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေက နွေရာသီနဲ့ အသင့်တော်ဆုံးပဲပေါ့။
အစာမကြေလည်းမဖြစ်ဘူး၊ သံဓာတ်နဲ့ ကယ်လ်စီယမ် တို့လည်း ရမယ်။ ရေလည်း ရမယ်။ ပိုစိမ်းရင့်ဖြစ်လေလေ ပိုရလေလေပါပဲ။

ငရုတ်သီး
ငရုတ်သီးက သူများနဲ့ မတူ စပ်တယ်လေ။ အဲ့လိုပူစပ်စပ်လေးက အာရုံတွေ အရမ်းနောက်နေရင် စားပစ်လိုက် Capsaicin ကြောင့် စပ်ပြီး ပွင့်ထွက်သွားရမယ်။ အနီ စားစား၊ အစိမ်းစားစား အစာကြေမယ်၊ နာကျင်မှုတွေ သက်သာမယ်။ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ရမယ်။ ဆိုတော့ကာ နွေရာသီမှာစားဖို့ ငရုတ်သီးလေးကလည်း စာရင်းထဲ ထည့်ရမှာပဲ။

ပဲသီး(ဗိုလ်စားပဲ)
ဗီတာမင် ကေရယ်၊ ပရိုတင်းရယ်၊ သံဓာတ်၊ ဇင့် နဲ့ အန်တီအောက်စီ့ဒင့်တွေပါတာကြောင့် ပဲသီးကလည်း စားရမယ်။ အမျှင်ဓာတ်လည်းပါတာကြောင့် အစာကြေတာလေးပါ အဆစ်။

ခါကြက်ဥ မုန်လာဥနီ
အစိမ်းစားစား၊ ဖျော်ရည်လုပ်သောက်သောက်၊ ကြော်ချက်စားစား စားလို့လည်းကောင်း အချိန်မရွေးလည်း ရနိုင် တယ်ဆိုတော့ စားကြပါနော်၊ နွေရာသီမှာ စားပေးသင့်ပါတယ်။ ဘီတာကယ်ရိုတင်းကြောင့် မျက်စိအားကောင်းစေပါတယ်။ ဘီတာမင် ဘီဆစ်၊ မဂ္ဂနီစီယမ်၊ ဖောလစ် အက်ဆစ်နဲ့ အန်တီအောက်စီ့ဒင့်၊ ပြီးတော့ သူတို့က အမျှင်ဓာတ်လည်းပါ, ပါသေးတယ်။ အစာကြေလွယ်မှာပါ။

ပြောခဲ့တဲ့ ၁၀ မျိုးကတော့ နွေရာသီမှာ အစားအသောက်ပျက်လည်း ထည့်စားရမဲ့ အစားအစာတွေ ဖြစ်သလိုပဲ အစားအသောက်ကောင်းအောင် ကူညီပေးမဲ့ အစားအစာတွေလည်း ဖြစ်ပါတယ်။ အဲ့လိုဆိုတော့ ကုန်ကျစရိတ်လည်း အများကြီး မရှိပဲနဲ့ ကျန်းမာရေးအတွက် ဆိုရင် စားကြရမှာပေါ့။
ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင်နေပါ။ အားလုံး တူတူဖြတ်ကျော်ကြရအောင်။

ထွန်းဝင်းကျော်
Reference
https://parenting.firstcry.com/articles/magazine-10-summer-vegetables-to-add-in-your-diet/?amp


You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။