အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aflatoxin မှိုအဆိပ်ကြောင့် ဘယ်လိုအန္တရာယ်တွေ ဖြစ်စေနိုင်လဲ

Aflatoxin မှိုအဆိပ်ကြောင့် ဘယ်လိုအန္တရာယ်တွေ ဖြစ်စေနိုင်လဲ

Green Way
Green Way • Greenovator • 14/07/2020

    အစားအစာနှင့် ကောက်ပဲသီးနှံများတွင် မှိုအမျိုးမျိုးတွေ့ရာမှတစ်ဆင့် အဆိုပါမှိုများတွင် ပါရှိသော Aflatoxin မှိုအဆိပ်တစ်မျိုးသည် လူနှင့် တိရစ္ဆာန်များ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေကာ အထူးသဖြင့် ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါသည်။

    Aspergillus flavus နှင့် Aspergillus paragiticus မှိုမျိုးစိတ်များမှ Aflatoxin မှိုအဆိပ်အများဆုံးထွက်ရှိကာ မြန်မာနိုင်ငံအပါအဝင် အပူချိန်မြင့်မားပြီး စိုထိုင်းစမြင့်မားသော အပူပိုင်းဇုန်နှင့် သမပိုင်းဇုန်များတွင် အဆိုပါ မှိုအဆိပ်ကြောင့် နောက်ဆက်တွဲ ရောဂါအများအပြားဖြစ်ပွားလေ့ရှိပါသည်။

    Aflatoxin မှိုအဆိပ်မျိုးစိတ်ခွဲများရှိသည့်အနက် Aflatoxin B1, B2,G1 နှင့် G2 တို့မှာ အထူးသဖြင့် ပဲအမျိုးမျိုးနှင့် ပဲထွက်ပစ္စည်း (ဥပမာ - မြေပဲ) ကောက်နှံ၊ စပါး၊ ပြောင်း စသည့် ကောက်ပဲသီးနှံများနှင့် ငရုတ်သီးစို၊ ငရုတ်သီးခြောက်များ၊ အသားနှင့် နို့ထွက်ပစ္စည်းများတွင် အများဆုံးပါဝင်လျက်ရှိသည်ကို တွေ့ရှိရပြီး ကောက်နှံရိတ်သိမ်းခြင်းမပြုခင်နှင့် ရိတ်သိမ်းပြီး ကောင်းမွန်စွာထိန်းသိမ်းသိုလှောင်မှု မရှိခြင်းကြောင့် မှိုတက်ခြင်းမှတစ်ဆင့် အစားအသောက်များတွင် Aflatoxin မှိုအဆိပ်ပါဝင်မှု ဖြစ်ပွားပါသည်။

Aflatoxin မှိုအဆိပ်ကြောင့် ခန္ဓာကိုယ်တွင်း ကလီစာများတွင် ကင်ဆာရောဂါအမျိုးမျိုး၊ (ဥပမာ - အသည်း/ ကျောက်ကပ်ကင်ဆာများ) ဖြစ်စေပါသည်။ မွေးစကလေးများ Aflatoxin မှိုအဆိပ်သင့်ခြင်းကြောင့် မွေးရာပါချို့ယွင်းမှုဖြစ်ခြင်း၊ ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးခြင်း( စကားထစ်ခြင်း၊ ဒယီးဒယိုင်)ဖြစ်စေပါသည်။ Aflatoxin မှိုအဆိပ်သည် ကိုယ်ခံအားစနစ်အား လျော့ကျစေခြင်းကြောင့် ရောဂါခုခံစွမ်းအားကျဆင်းခြင်းကို ဖြစ်စေပါသည်။

Aflatoxin မှိုအဆိပ်တက်ခြင်းမှ ကာကွယ်ရန် (လတ်ဆတ်မှုမရှိသော၊ အရောင်ပြောင်းသော၊ မှိုတက်နေသော အစားအသောက်များ၊ ကောက်ပဲသီးနှံများ၊ ငရုတ်သီးစို၊ ငရုတ်သီးခြောက်များနှင့် အသင့်အစားအစာများ) စားသုံးခြင်းမှ လုံးဝရှောင်ကြဥ်ပါ။

အစားအသောက်ထုတ်လုပ်ရောင်းချသူများအနေနှင့် Aflatoxin မှိုအဆိပ်ပါဝင်စေခြင်း မရှိအောင် အထူးဂရုပြုကြပါရန်နှင့် စားသုံးသူများအနေနှင့်လည်း သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များကိုသာ အထူးဂရုပြု ဝယ်ယူစားသုံးကြရမည်ဖြစ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

Reference: WFO Food Safety. Aflatoxin (July 2020)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 

 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။