အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အမျိုးသား အမျိုးသမီးတို့အတွက် ဆေးဘက်ဝင်ဗုဒ္ဓသရဏပင် (ဂုဏ်တော်ပင်)

အမျိုးသား အမျိုးသမီးတို့အတွက် ဆေးဘက်ဝင်ဗုဒ္ဓသရဏပင် (ဂုဏ်တော်ပင်)

Green Way
Green Way • Greenovator • 26/09/2019

မျိုးရင်း -  Cannaceae. (ဗုဒ္ဓသရဏမျိုးရင်း)

   မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်သည်။ အလေ့ကျပေါက်ရောက်သော်လည်း အလှစိုက်ပင်အဖြစ်လည်း စိုက်ပျိုးကြသည်။ မြန်မာဆေးကျမ်းများအလိုအရ ဗုဒ္ဓသရဏအမြစ်ကို အဖျားရောဂါနှင့်အဖျဉ်းရောဂါ၌ ဆီးများစေရန်  သောက်ရသည်။ အစေးသည် ဝမ်းမီးကို တောက်စေသည်။ အနာကို ပျောက်ကင်းစေသည်။

အသုံးပြုပုံ - 

အပွင့်နု၊ အသီးနု 

(၁) ရေနွေးဖြော၍ တို့စားခြင်း၊ သုပ်စားခြင်းဖြင့် ဆီးနည်းခြင်း၊ ချုပ်ခြင်းကို ပျောက်ကင်းစေရုံသာမက အဖျားရောဂါကိုပင် ပျောက်ကင်းစေပါသည်။ 

(၂) ဆိတ်သားနှင့် စွပ်ပြုတ်လုပ်၍သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကိုလန်းစေသည်။ ဝက်သား၊ အမဲသားတို့နှင့် စွပ်ပြုတ်လုပ်သောက်ပါက ကုန်ဆုံးသွားသော အားကို ပြန်လည်ရေစေပြီး ကိုယ်နှုတ်နှလုံး ရွှင်လန်းစေသည်။

(၃) အပွင့်ကလေးများအား ပြုတ်၍ရသောရေဖြင့် ငါးမြွေထိုး၊ ငါးဟင်းချက်ရာတွင် လောင်း၍ ချက်ပြီးစားပါက မြီးညှောင့်ရိုးကိုက်သော ရောဂါ၊ ခါးကိုက်ခဲသော ရောဂါ၊ ပိတ်ဝမ်းရောဂါတို့အား ပျောက်ကင်းစေရုံမက ဇက်ကြောတက်ရောဂါ၊ အနာရင်းသောကြောင့် နာကျင်ကိုက်ခဲသော ရောဂါ၊ ဝမ်းပျက်၊ ခံတွင်းပျက်၊ ခြေဆစ် လက်ဆစ် ညောင်းခြင်း၊ ပါးစပ်ချွဲခြင်း စသော ရောဂါများ ပျောက်ကင်းစေသည်။ 

အမြစ် - 

(၁)  ပြုတ်ကျို၍ လက်ဖက်ရည်အကြမ်းပန်ကန် တစ်ဝက်ခန့်တွင် ဆားပုပ်မှုန့်အနည်းငယ်ခတ်၍သောက်က အဖျားရောဂါပျောက်ကင်းသည့်အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ်ကပ်ရောဂါများ ပျောက်ကင်းစေသည်။

(၂) ထန်းလျက်နှင့်ပြုတ်ကျို၍ အကြမ်းပန်ကန်လုံးတစ်လုံးခန့် နံနက်တိုင်းသောက်သုံးပါက အဖျဉ်းရောဂါ ပျောက်စေသည့်အပြင် ကိုယ်လက်နာကျင်ကိုက်ခဲခြင်းနှင့် ဝမ်းထဲရစ်၍နာကျင်ခြင်း၊ အသားအရည် နာကျင်ခြင်း၊ ပူလွန်း၊ အေးလွန်းခြင်းတို့ အမြန်ပျောက်ကင်းစေသည်။

ဥတက် - 

(၁) ဓားနှင့်ပါးပါးလှီး အခြောက်လှန်း၍ ထန်းလျက်နှင့် ယိုထိုးကာ စမုန်မျိုးငါးပါး အမှုန့်လုပ်၍ထည့်ပြီး ဖန်ဘူးတွင်ထည့်၍ နံနက်တစ်ခါ၊ ညအိပ်ရာဝင်တစ်ခါ ကွမ်းသီးလုံးခန့် စားပါက ယောကျာ်းမိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသားမညီညွတ်ခြင်း၊ မီးယပ်ဝမ်းပျက်၊ သွေးဆုံး၊ ကိုယ်လက်တို့၌ သွေးလေမလျှောက်ခြင်း၊ လိပ်ခေါင်း၊ ပန်းညှိုး၊ အသားအရေခြောက်ကပ်၊ အားအင်ကုန်ခမ်းခြင်း၊ အသားအရေ စေးထန်းထန်းဖြစ်ခြင်း၊ ခါးနာ၊ ထုံကျင်ကိုက်ခဲခြင်းနှင့် အသားဝါရောဂါများ  ပျောက်ကင်းစေသည်။

(၂) ဥပြုတ်ရည်ကို ဒိုပါလာသကြားနှင့်ဖျော်ပြီး နံနက်ည လက်ဖက်ရည်အကြမ်းပန်ကန်လုံး တစ်လုံးကျ သောက်ပေးပါက အမျိုးသမီးများ  အဖြူအနီဆင်းခြင်း၊ မစားချင် မသောက်ချင်ဖြစ်ပြီး ပိန်ချုံးကာ ကိုယ်သားကိုယ်ရေ နံစော်လာခြင်း၊ တစ်ကိုယ်လုံး ကျိန်းပြီး နာခြင်း၊ အသားအရေပူ၍ ပြာနှမ်းနှမ်းဖြစ်ခြင်း၊ ခေါင်းဦးရေကျိန်းခြင်း၊ အကြောအခြင်တင်းခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်း၊ သွေးပုပ်ဆန်ခြင်းနှင့် ဆီးရောဂါဖြစ်ခြင်းများကို ပျောက်ကင်းစေသည်။ 

source - မြန်မာ့ဆေးဝါးပင်များ

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။