ဟင်းသီးဟင်းရွက်အစားအစာများ ဓာတုဆေးအဆိပ်သင့်ခြင်းမှ ကင်းဝေးစေရန်
နိုင်ငံတကာတွင် ရိက္ခာဖူလုံရေးအတွက် သီးနှံများ ဧရိယာတိုးချဲ့စိုက်ပျိုးခြင်း၊ အထွက်တိုးအောင် ဆောင်ရွက်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြသည်။ ဤသို့ဆောင်ရွက်ရင်း သီးနှံများ၌ အတူယှဉ်တွဲပါလာသည့် ဖွားဖက်တော် များမှာ သီးနှံကိုဖျက်ဆီးသည့် အင်းဆက်ပိုးမွှားများ၊ ပေါင်းပင်များနှင့် ရောဂါအမျိုးမျိုးများ ဖြစ်သည်။ မိမိ၏သီးနှံ ဖျက်ဆီးမှု ဒုက္ခအန္တရာယ်မှ ကင်းလွတ်နိုင်ရေးနှင့် ဖျက်ဆီးမှုဒဏ်ရာလက္ခဏာကင်းစင်ပြီး အရောင်အသွေးလှပ၍ အရည်အသွေး မြင့်မားစေရန်အတွက် တွေးတော ကြံဆလာကြသည်။
ဤသည်နှင့် တပြိုင်နက် အဆိုပါသီးနှံ များကို ဖျက်ဆီးသည့် အင်းဆက်ပိုးမွှား များ၊ ရောဂါများ၊ ပေါင်းပင်များကို သုတ် သင်ရှင်းလင်းပေးနိုင်မည့် ဓာတုဆေးများ ထုတ်လုပ်ခြင်းကို စီးပွားရေးသမားများက အကွက်မြင်လာကြသည်။ ဤသို့ဖြင့် ဓာတု ဆေးအမျိုးပေါင်း ၁၀၀၀ ကျော်၊ ဆေးစုစု ပေါင်း ၁၃ သန်းကျော်အထိ ထုတ်လုပ် ချဲ့ထွင်လာကြသည်။ သီးနှံစိုက်ပျိုး ထုတ်လုပ်သူများက လည်း ၎င်းဓာတုဆေးများကို မလွဲမသွေ သုံးစွဲလာကြရသည်။ ထိုမှတစ်ဆင့် အပျော့ စားဆေး၊ အလတ်စားပြင်းအားဆေး၊ အပြင်းစားပြင်းအားဆေးထိ လက်လွန် လာကြသည်ကိုတွေ့ရသည်။ အန္တရာယ် အလွန်ကြီးမား သည့်အဆင့်ထိ ရောက်ရှိ လာနေပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် သီးနှံ စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများအတွက် နှစ်စဉ် ပိုးသတ်ဆေးတန်ချိန် ငါးသန်းကျော် ခန့် သုံးစွဲနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့မှ ထုတ်ပြန်ထားသည်။ ဤသို့သုံးစွဲ ရင်း ဓာတုဆေးပစ္စည်းများ၏ ဓာတ်ကြွင်း အာနိသင်အကျိုးဆက်ကြောင့် လူနှင့် တိရစ္ဆာန်တို့၏ အသက်အန္တရာယ်ထိခိုက် လာသည်ထိ ကြုံလာကြရသည်။ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ကြီး၏ ထုတ်ပြန်ချက် အရ ကမ္ဘာ့လူဦးရေ ၂၅ သန်းခန့်သည် ပိုးသတ်ဆေးအဆိပ်သင့်ခံရပြီး နှစ်စဉ် လူ ၂၀၀၀၀ ကျော် သေဆုံးနေရသည်ဟု ၎င်း အစီရင်ခံစာက ဆိုထားသည်။

မြန်မာနိုင်ငံတွင်လည်း ပိုးသတ်ဆေး အဆိပ်သင့်မှုကြောင့် နှစ်စဉ် လူပေါင်းရာချီ ၍ သေဆုံးနေရကြောင်း သိရသည်။ ဤသို့ သေဆုံးနေရခြင်းကို စိစစ်ပါက ဟင်းသီးဟင်း\ရွက်၊ သစ်သီးဝလံအစား အသောက်များတွင် ကပ်ပါသော ပိုးသတ် ဆေးဓာတ် ကြွင်းအာနိသင်များကြောင့် ဖြစ်ရသည်က ရာခိုင်နှုန်းများသည်ကို တွေ့ရသည်။ သာရေး၊ နာရေး၊ အလှူ အတန်းများ တွင်ကျွေးသော အစား အသောက်များကို စားသုံးမိရာမှ ပိုးသတ် ဆေးအဆိပ်သင့်၍ လူပေါင်းများစွာ မူးဝေအော့အန်ခြင်း၊ သေဆုံးခြင်း၊ အချို့ ဆေးရုံသို့ ပို့ဆောင်ကုသပေးရခြင်းများ စသည့်သတင်းများ သတင်းစာ၊ ဂျာနယ် များတွင် မကြာခဏ ဖတ်ရှုရသည်။ ဤသို့ ဖြစ်ရသည်များကို စူးစမ်းလေ့လာသော အခါ ဟင်းသီးဟင်းရွက်များကို ပိုးသတ် ဆေးဖျန်းပြီး ပိုးသတ်ဆေးအာနိသင်ပျက် ပြယ်သည့်ကာလ ကျော်သည်အထိ စောင့် ဆိုင်းခြင်းမပြုဘဲ ခူးဆွတ်ချက်ပြုတ် သို့မဟုတ် စိုက်ခင်းပိုင်ရှင်က ဆွတ်ခူး ရောင်းချခြင်းဖြစ်ရပ်က အဓိကတရားခံ ဖြစ်နေသည်ကို တွေ့ရှိရသည်။
သီးနှံများကို ဖျက်ဆီးသော အင်းဆက် ပိုးမွှားရောဂါပေါင်းများကို ကာကွယ် နှိမ်နင်းရန်အတွက် ထုတ်လုပ်သော ဓာတု ဆေးများတွင် ပတ်ဝန်းကျင်၌ ဓာတ်ပြိုကွဲ ပြောင်းလဲမှုမရှိဘဲ ရေရှည်တည်တံ့နိုင်သော ဆေးများ၊ ပတ်ဝန်းကျင်တွင် အစိတ်အပိုင်း တစ်ခုမှတစ်ခုသို့ မိုင်ပေါင်းများစွာ ရွေ့လျား နိုင်သောဆေးများ၊ သက်ရှိများစွာတို့၏ အသက်ရှူရာ၊ စားသောက်ရာမှတစ်ဆင့် ပါဝင်လာပြီး အဆီတစ်သျှူးများတွင် စုပုံ များပြားလာနိုင်သောဆေးများ၊ လူသားနှင့် တိရစ္ဆာန်များအပေါ် အဆိပ်သင့်မှုအမျိုးမျိုး ဖြစ်ပေါ်စေနိုင်သောဆေးများ ပါဝင်ပါသည်။ ဓာတုဆေးများအဆိပ်သင့်မှုခံစားလာရပါက လူနှင့်သတ္တဝါတို့ အာရုံကြောထိခိုက်ခြင်း၊ ကိုယ်လက်မလှုပ်ရှားနိုင်ခြင်း၊ မျက်စိအာရုံ ပျက်ပြားစေခြင်း၊ ကင်ဆာရောဂါများဖြစ် ခြင်း၊ ကလေးများဉာဏ်ရည်မမီဖြစ်ခြင်း စသည်များ ဖြစ်ပေါ်တတ်ပါသည်။
သီးနှံပင်များပေါ်သို့ ဓာတုဆေးများ ပက်ဖျန်းပြီးသောအခါ ပက်ဖျန်းသော ဆေးသည် ကန့်သတ်ချက်ကျော်လွန်ပါက အဆိပ်သင့်မှုကို ဖြစ်ပေါ်စေပါသည်။ ရွေး ချယ်ထားသောဆေးသည် လွဲမှားနေခြင်း၊ လိုအပ်သောဆေးနှုန်းထားထက် လွန်ကဲ စွာအသုံးပြုခြင်း၊ မလိုအပ်ဘဲ ဓာတုဆေး အသုံးပြုခြင်း၊ အရည်အသွေးမမီသော ဓာတုဆေးများသုံးစွဲခြင်း၊ လိုအပ်သည့် အကြိမ်ထက် ပိုမိုအသုံးပြုခြင်း၊ ရိတ်သိမ်း ဆွတ်ခူးချိန်နှင့် နီးကပ်စွာဖျန်းခြင်း၊ ဓာတု ဆေးဖျန်းသည့် ပုံစံမမှန်ခြင်းများသည် လူနှင့် သတ္တဝါတို့ကို လွယ်ကူစွာအဆိပ် သင့်စေနိုင်ပါသည်။
ပက်ဖျန်းလိုက်သောဓာတုဆေးများ သည် ဓာတ်ကြွင်းအာနိသင်များ စုဝေး တွေ့ရှိနိုင်သောနေရာများမှာ သီးနှံထွက် ကုန်များ၊ လူ့အစားအစာများ၊ တိရစ္ဆာန် အစားအစာများ ပတ်ဝန်းကျင်လေထု၊ မြေ ထု၊ မြေအောက်ရေလွှာ၊ အပေါ်ယံမြေလွှာ၊ ရေနေသတ္တဝါ ငါး၊ ပုစွန်တို့တွင် ဖြစ်ပါ သည်။ ၎င်းစုစည်းနေသော ဓာတ်ကြွင်း အာနိသင်များမှာ လူနှင့်သတ္တဝါတို့အား ပါးစပ်မှလည်းကောင်း၊ အသက်ရှုခြင်းမှ လည်းကောင်း၊ အရေပြားမှလည်းကောင်း၊ ခန္ဓာကိုယ်ဒဏ်ရာများမှလည်းကောင်း ဝင် ရောက်၍ အဆိပ်သင့်မှုကို ဖြစ်ပေါ်စေသည်။
ယခုဖြစ်ပေါ်နေသော လူများ ဓာတု ဆေးအဆိပ်သင့်ခံရမှုမှာ သီးနှံထွက်ကုန် များနှင့် လူ့အစားအစာများတွင် စုဝေးနေ သော ဓာတုဆေးဓာတ်ကြွင်းအာနိသင်များ ကြောင့်ဖြစ်ပါသည်။ ဤသို့အဆိပ်သင့်မှု ကို ကာကွယ်တားဆီးနိုင်ရန်မှာ သီးနှံစိုက် ပျိုးထုတ်လုပ်သူများအပိုင်းမှ လိုက်နာ ကျင့်သုံးရမည့်စည်းကမ်းများနှင့် စားသုံး သူများအပိုင်းမှ လိုက်နာကျင့်သုံးရမည့် နည်းလမ်းများဟူ၍ နှစ်ပိုင်းရှိပါသည်။ ဤနှစ်ပိုင်းလုံးကို အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းများ ကျယ်ပြန့်စွာ ဆောင် ရွက်ရန်လိုမည်မှာ မလွဲဧကန်ဖြစ်ပါသည်။
ပိုးသတ်ဆေးများတွင် ပင်လုံးပြန့်ဆေး၊ ထိသေဆေး၊ စားသေဆေး စသည်များနှင့် ဓာတ်မပြိုကွဲဘဲ တာရှည်တည်တံ့နေသည့် ဆေး၊ တစ်နေရာမှတစ်နေရာသို့ မိုင်ပေါင်း များစွာ ရွေ့လျားနိုင်သောဆေးများဟူ၍ ရှိရာ သီးနှံစိုက်ခင်းပိုင်ရှင်များသည် ဤ သဘောတရားကိုသိရှိကာ သတိနှင့်ယှဉ်၍ ပက်ဖျန်းအသုံးပြုရန် လိုအပ်ပါသည်။ သီးနှံများကိုမူ သီးနှံရိတ်သိမ်းချိန်နှင့် အလွန် နီးကပ်စွာ မဖျန်းမိစေရန်နှင့် ဆေး အာနိသင်ပျက်ပြယ်မည့်ကာလ မကျော် လွန်မီသီးနှံများ မရိတ်သိမ်းမိစေရန် အထူး သတိပြုရမည်ဖြစ်သည်။
ဟင်းသီးဟင်းရွက်များတွင်လည်း အရွက်စား၊ အရွက်ပင်စည်စား၊ အမြစ်စား ဥများ၊ အပွင့်စား၊ အသီးစား စသော အပင်၏အစိတ်အပိုင်းလိုက် စားသုံးမှုများ ကွဲပြားပါသည်။ အထူးသဖြင့် ဟင်းသီး ဟင်းရွက်များကို ဆေးဖျန်းအသုံးပြုပါက ပင်လုံးပြန့်ဆေးကို ချိန်ဆသုံးသင့်ပါသည်။ ပင်လုံးပြန့်ဆေးသည် အရွက်ပင်စည်၊ အမြစ်မှတစ်ဆင့် တစ်ပင်လုံးသို့ ပျံ့နှံ့သွား သောဆေးဖြစ်ပါသည်။ ထို့အတူ ဓာတ် ကြွင်းအာနိသင် ရှည်ကြာစွာ တည်တံ့သော ဆေးများကို လုံးဝမသုံးစွဲရန် တားမြစ်သင့် ပါသည်။ စားသေဆေးသည် ဆေးဖျန်းပြီး သောအခါ အရွက်၊ ပင်စည်၊ အသီးအပွင့် တို့တွင်ကပ်နေပြီး ၎င်းအစိတ်အပိုင်းကို စားမိသောအင်းဆက်ပိုးများသေစေရန် ရည်ရွယ်ထားပါသည်။ ဆေးသည် လူတို့ စားသုံးမည့်အစိတ်အပိုင်းများတွင် ကပ်ကျန် နေမည်ဖြစ်၍ ချင့်ချိန်သုံးသင့်ပါသည်။
ထိသေဆေးသည် အင်းဆက်ပိုးကောင် အား တိုက်ရိုက်ထိလျှင် သေစေသည့် ဆေးဖြစ်သဖြင့် အင်းဆက်တို့ တိုက်ရိုက် ထိအောင်ဖျန်းခြင်းဖြင့် လူတို့စားသုံးမည့် အပင်အစိတ်အပိုင်းများပေါ်သို့ ထိတွေ့ ကပ်ငြိမှု နည်းမည်ဖြစ်သည်။ အပွင့်၊ ကျစ် လျစ်သောအရွက် (ဥပမာ ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ မုန်ညင်းထုပ်) စသည်များကို ဆေးဖျန်းပါက သိပ်သည်းသောအပွင့် ကြား၊ ကျစ်လျစ်သောအရွက်များကြားတွင် နေရောင်မထိ၊ လေမထိဘဲ ဆေး၏ဓာတ် ကြွင်းများ စုစည်းခိုအောင်းနေနိုင်သဖြင့် စိုက်ခင်းပိုင်ရှင်များက အထူးသတိပြုကြ ရန် လိုအပ်ပါသည်။ မည်သည့်ဆေးကို ဖျန်းသည်ဖြစ်စေ၊ စိုက်ခင်းပိုင်ရှင်များ အထူးသတိပြု၍ မဖြစ်မနေ လိုက်နာရ မည့်အချက်မှာ သတ်မှတ်ထားသော ဆေး၏ဓာတုဓာတ်ကြွင်းအာနိသင်ပျက် ပြယ်သောကာလ မကျော်လွန်ဘဲ ဟင်းသီး ဟင်းရွက်များ ဆွတ်ခူးရောင်းချခြင်း မပြုလုပ်ရန် ဖြစ်ပါသည်။ ဤအချက်ကို သီးနှံစိုက်ခင်းပိုင်ရှင်များဘက်မှ မလိုက် နာခဲ့၍ အထက်ဖော်ပြပါ အဖြစ်အပျက် များ၊ လူသေဆုံးရမှုများဖြစ်ခဲ့ရသည်ဟု ဆိုလျှင် လွန်အံ့မထင်။ ဆေးပက်ဖျန်းပြီး အန္တရာယ်ကင်းစွာ ဆွတ်ခူးရမည့်အချိန် ကာလကို သိရှိနိုင်ရန် ဇယားတွင် ဖော်ပြ ထားပါသည်။
နေ့စဉ်ရိက္ခာအတွက် စားသုံးသူ အိမ်ရှင်မများသည် ဈေးမှ ဟင်းသီးဟင်း ရွက်မျိုးစုံကို ဝယ်ယူစားသုံးနေကြရဦး မည်သာ ဖြစ်ပါသည်။ ရှောင်လွှဲမရပါ။ အန္တရာယ်ကင်းစွာ စားသုံးနိုင်ကြစေရန် နည်းလမ်းများ ရှိပါသည်။ အရွက်စား (ကန်စွန်း၊ ချဉ်ပေါင်၊ ဆလပ်၊ မုန်ညင်း၊ ကိုက်လံ၊ ကညွတ်၊ နံနံ၊ ပူဒီနာ) စသည် များကို မိမိအိမ်ရောက်လျှင် ဦးစွာ ရေအေး သန့်သန့်ဖြင့် ရေဝအောင်ဆေးပါ။ နောက် ရေသန့်သန့်များများတွင် ဆားအနည်းငယ် ထည့်၍ တစ်နာရီမှ နှစ်နာရီခန့် စိမ်ထား ပါ။ နောက်ရေမှ ပြန်ဆယ်၍ ရေအေး သန့်သန့်ပြန်ဆေး၍ ရေစင်အောင်ဆေးပြီးမှ ချက်ပြုတ်ပါ။ ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ မုန်ညင်းထုပ်ကဲ့သို့သော အပွင့်၊ အရွက် ကျစ်လျစ်သိပ်သည်းသော ဟင်းသီးဟင်း ရွက်ဖြစ်ပါက အပွင့်၊ အဖတ်၊ အရွက်များ ကိုခွာ၍ ရေသန့်သန့်ဖြင့် ဆားအနည်းငယ် ထည့်ဖျော်၍ တစ်နာရီမှ နှစ်နာရီခန့်စိမ်ပြီး ရေသန့်သန့်ဖြင့် ပြန်ဆေးပြီးမှ ချက်ပြုတ် စားသုံးပါ။ အသီး၊ အဥ၊ အမြစ် (အာလူး၊ ကြက်သွန်၊ မုန်လာ ဥ၊ ဂျူးမြစ်၊ ခရမ်း သီး၊ ခရမ်းချဉ်သီး) စသည်များကို ရေ အေးသန့်သန့်ဖြင့် ပွတ်တိုက်ဆေးကြော ပါ။ ဆပ်ပြာရည်နည်းနည်းဖြင့် ပြောင် အောင်ပွတ်၍ ရေသန့်သန့်ဖြင့် ပွတ်ဆေး ပြီးမှ ချက်ပြုတ်စားသုံးကြပါရန် ဖြစ်ပါ သည်။ သို့ပါ၍ ပြည်သူအားလုံး ဟင်းသီး ဟင်းရွက်အစားအစာများ ပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်များ အဆိပ်သင့်ခြင်း အန္တရာယ်မှ လွတ်မြောက်ကြစေရန် မေတ္တာ ဖြင့် တင်ပြလိုက်ရပါသည်။
အောင်ဆန်း (စိုက်ပျိုးရေး)
ဒို့ကျေးရွာဂျာနယ်မှ ကူးယူဖော်ပြပါသည်။
တင့်ထူးကျော်
လွန်ခဲ့သော ၃ နှစ် ကရေချို ပြသနာ တက်နေတဲ့ ကမ္ဘာကြီးမှာ ရေချိုနဲ့စိုက် ပျိုးရေးမြေနေအများကြီးရှိရဲ့ နဲ့ ခပ်ညံညံ စီမံမှုတေ အောက်မှာ လူငယ်တွေရဲ့အိမ်မက်တွေပျောက်ကုန်တယ်
တင့်ထူးကျော်
လွန်ခဲ့သော ၃ နှစ် ကကိုယ့်နိုင်ငံက အိမ်မက်တေ အမြဲတမ်းရိုက်ချိုးခံနေရတယ်
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026