အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒီလိုရောဂါရှိသူတွေက ချင်းမစားသင့်ပါဘူး

ဒီလိုရောဂါရှိသူတွေက ချင်းမစားသင့်ပါဘူး

Green Way
Green Way • Greenovator • 29/08/2019

   သဘာဝတရားကြီးက လူသားတွေအတွက် ကျန်းမာရေးဆိုင်ရာ အံ့မခန်းဖွယ် အကျိုးကျေးဇူးတွေပေးထားပါတယ်။ ချင်းကလည်း သဘာဝကပေးတဲ့အကောင်းဆုံးသော ဆေးစွမ်းတစ်လက်ပါ။ အရာရာတိုင်းက တန်ဆေးလွန်ဘေးဆိုသလိုပဲ ဆေးဖက်ဝင်တယ်ဆိုလည်း အတိုင်းအဆမရှိစားသုံးတာမျိုး မဖြစ်သင့်ပါဘူး။

   မိမိရဲ့ ကျန်းမာရေးအခြေအနေတွေအပေါ်မှာမူတည်ပြီး အတိုင်းအချင့်နဲ့ စားသုံးသင့်ပါတယ်။ ချင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမဲ့ လူတိုင်းအတွက် ကောင်းလှတယ်တော့မဟုတ်ပါဘူး။

   အောက်ဖော်ပြပါ ဝေဒနာရှင်တွေအနေနဲ့ ချင်းစားသုံးမှုကို လုံးဝရှောင်ကြဉ်တာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အတိုင်းအချင့်နဲ့ စားသုံးတာမျိုးဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။

(၁) သွေးခဲဆေးသောက်သုံးနေရသူတွေ

   ချင်းကသွေးကို ကျဲစေနိုင်စွမ်းရှိတာကြောင့် သွေးမတိတ်တဲ့ဝေဒနာရှိတာကြောင့် သွေးခဲဆေးသောက်သုံးမှီဝဲနေရသူတွေအနေနဲ့ ချင်းစားသုံးမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

   အချို့သောဖြစ်ရပ်တွေမှာ ချင်းကဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ချင်းစားသုံးတဲ့အခါ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။

(၂) ဆီးချိုဆေး မှီဝဲနေရသူတွေ

   ချင်းက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်းရှိပေမဲ့ မက်ဖော်မင်နဲ့အင်ဆူလင်လိုမျိုး ဆီးချိုဆေးသောက်သုံးနေရသူတွေအနေနဲ့ ဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ချင်းမစားသုံးသင့်ပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်တော်တဲ့အတိုင်းအတာလောက်ပဲ စားသုံးသင့်ပါတယ်။ သွေးချိုတအားကျဆင်းသွားနိုင်တာကြောင့်လည်း ချင်းစားသုံးမှုကို ရှောင်ကြဉ်သင့်တာဖြစ်ပါတယ်။

(၃)သွေးကျဆေးသောက်နေရသူတွေ

   သွေးတိုးကျစေဖို့အတွက် သောက်သုံးရတဲ့ဆေးတွေကို မှီဝဲနေရသူတွေအနေနဲ့လည်း ချင်းကိုမစားသုံးသင့်ပါဘူး။ ချင်းကသွေးတိုးကျဆေးအချို့နဲ့ ဓာတ်ပြုနိုင်တာကြောင့် ဖြစ်ပါတယ်။ ချင်းနဲ့ သွေးတိုးကျဆေးတို့ ဓာတ်ပြုတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို အန္တရာယ်ရှိတဲ့ အခြေအနေလောက်အထိ ကျဆင်းစေတာမျိုး ဖြစ်ပေါ်စေပါတယ်။ နောက်ဆက်တွဲဝေဒနာတွေကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ နှလုံးခုန်မမှန်တာမျိုးလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ သွေးကျဆေးသောက်နေရသူတွေအနေနဲ့ ချင်းမစားခင် ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စားသုံးပေးပါ။

(၄) သည်းခြေကျောက်တည်နေသူတွေ

   သည်းခြေကျောက်တည်မှုကို ခံစားရနိုင်ခြေရှိသူတွေအနေနဲ့ ချင်းစားသုံးမယ်ဆိုပါက ရောဂါအခြေအနေက ပိုမိုဆိုးရွားသွားနိုင်ပါတယ်။ သည်းခြေအိတ်မှာ သည်းခြေကျောက်တည်တာမျိုး ဖြစ်လာနိုင်ပါတယ်။ သည်းခြေကျောက်တွေက သည်းခြေပြွန်တစ်လျှောက် စီးပါသွားရင်း သည်းခြေရည်တွေကို အသည်းဆီကိုရောက်ရှိသွားစေနိုင်ပါတယ်။ ချင်းက သည်းခြေရည်ထုတ် လွှတ်မှုကို တိုးစေနိုင်ပါတယ်။ သည်အခြေအနေက သည်းခြေကျောက်ပိတ်ဆို့မှုကို ဖြစ်ပေါ်စေပြီးဆိုးရွားလှတဲ့ နာမကျန်းဖြစ်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။

သည်းခြေရည်များလွန်းတာက သည်းခြေကျောက်ဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် သည်းခြေကျောက်တည်နိုင်ချေ ရှိသူတွေအနေနဲ့ ချင်းမစားသုံးသင့်ပါဘူး။ စားမယ်ဆိုပါက ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

(၅) ကိုယ်ဝန်ဆောင်အမျိုးသမီးများ

   ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ချင်းမစားသုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ချင်းစားသုံးသင့်သလားဆိုတာကို သေသေချာချာသိရတာမျိုးမရှိပေမဲ့ ဆိုးကျိုးဖြစ်နိုင်သလားဆိုတာကိုလည်း ရေရေရာရာမသိရသေးပါဘူး။ လေ့လာမှုတော်တော်များများမှာတော့ ချင်းစားသုံးတာက သန္ဓေသားရဲ့ လိင်ပိုင်းဆိုင်ရာဟော်မုန်းကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ ချင်းက သွေးထွက်မှုကိုများစေနိုင်တာကြောင့် မီးဖွားမယ့်ရက်နီးတဲ့အခါ မစားသုံးသင့်ပါဘူး။  ကိုယ်ဝန်ဆောင်တွေအနေနဲ့ ချင်းစားသုံးမယ်ဆိုပါက ဆရာဝန်တွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်။

Source: Kumudra

              https://www.healthproducts.com.mm

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။