သာမန်အအေးမိဖျားနာခြင်းကို တိုက်ဖျက်နိုင်မည့် စူပါအစားအစာများ
လောကတွင် နေ့စဉ်လှုပ်ရှားသွားလာနေကြသည့် သက်ရှိအားလုံးသည် အအေးမိခြင်းကို တိမ်းရှောင်နိုင်စွမ်းမရှိကြပါ။ အအေးမိဖျားနာဖြစ်ချင်သည့်အခါ ပြတတ်သည့်လက္ခဏာများမှာ လည်ပင်းနာခြင်း၊ နှာစေးခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားအနည်းငယ်ရှိခြင်းနှင့် မကြာခဏ ခေါင်းကိုက်တတ်ခြင်းတို့ပဲ ဖြစ်ပါသည်။
ထို့အပြင် ခန္ဓာကိုယ်သည် အားနည်းလာသည်နှင့်အမျှ ကိုယ်ခံအားကျဆင်းလာပြီး အလုပ်ပျက်၊ ကျောင်းပျက်ခြင်းနှင့် အခြားပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့အတွက် အအေးမိဖျားနာခြင်းကြောင့် အလုပ်ပျက်၊ အစားပျက်အဖြစ်မခံရဘဲ ကြိုတင်ကာကွယ်ထားနိုင်စေရန်အတွက် အောက်ဖော်ပြပါအစားအစာများကို ဝေမျှပေးလိုက်ရပါတယ်။
၁။ လက်ဖက်ရည်ကြမ်း
လက်ဖက်ရည်ကြမ်းတွင် အအေးမိခြင်းကို ကူညီတိုက်ထုတ်ပေးမည့် အစွမ်းသတ္တိများ ပြည့်ဝစွာပါဝင်ပါသည့်အပြင် လက်ဖက်ရည်ကြမ်းက ကိုယ်ခံစွမ်းအားကို အထူးမြှင့်တင်ပေးသည့်အတွက် သာမန်အအေးမိဖျားနာခြင်းကို ဖြစ်ပေါ်စေသည့် ဘက်တီးရီးယားများပေါက်ဖွားမှုကို အဟန့်အတားဖြစ်စေမှာဖြစ်ပါတယ်။
၂။ ကြက်သွန်ဖြူ
လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက တိုင်းရင်းဆေးဝါးတစ်ခုအဖြစ် အသုံးပြုလာကြသည့် ကြက်သွန်ဖြူသည် ဟင်းချက်ရာတွင်သာ အသုံးဝင်သည်မဟုတ်ဘဲ ဆေးဖြစ်ဝါးဖြစ်ကုသရာမှာလည်း အင်မတန်အသုံးဝင်လှပါတယ်။ ဘက်တီးရီးယားပိုးမွှားများကို ချေဖျက်ပေးနိုင်သည့် အစွမ်းသတ္တိအမြောက်အများပါသည့်အတွက် သာမန်အအေးမိဖျားနာခြင်းကို ထိရောက်စွာ တိုက်ထုတ်ပေးနိုင်ပါတယ်။
၃။ လိမ္မော်သီး
လိမ္မော်သီးများသည် ဗီတာမင်စီကြွယ်ဝသည့် အသီးအနှံတစ်ခုဖြစ်သည့်အတွက် သာမန်အအေးမိဖျားနာခြင်းအပါအဝင် အခြားကူးစက်ရောဂါများကိုပါ ပျောက်ကင်းစေပါတယ်။ လိမ္မော်သီးတွင်ပါဝင်သည့် ဗီတာမင်စီသည် ကိုယ်ခံအားဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်သလို ကူးစက်ရောဂါများကိုလည်း တိုက်ထုတ်ပေးသည့် သွေးဖြူဥများဖြစ်ပေါ်မှုကိုလည်း ဖွံ့ဖြိုးတိုးတက်စေပါသည်။
၄။ မှိုများ
သာမန်အအေးမိဖျားနာခြင်းနှင့် အခြားရောဂါကူးစက်မှုများကို တိုက်ထုတ်ကာကွယ်ပေးနိုင်ရန် တရုတ်ရိုးရာဆေးဝါးများတွင် မှိုကို မကြာခဏဆိုသလို ထည့်သွင်းအသုံးပြုတတ်ကြပါတယ်။ မှိုများတွင် ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးသည့် Polysaccharides၊ သာမန်အအေးမိဖျားနာခြင်းကို တိုင်ထုတ်ပေးမည့် အစွမ်းသတ္တိများနှင့် အခြား မရှိမဖြစ်လိုအပ်သည့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။
၅။ ကန်စွန်းဥ
Beta-carotene ကြွယ်ဝစွာပါဝင်သည့် ကန်စွန်းဥသည် အအေးမိဖျားနာခြင်းကို ကာကွယ်ရာတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ကန်စွန်းဥကို စားသုံးလိုက်သည့်အခါ Beta-carotene သည် ကိုယ်ခံအားစနစ်ကို သန်မာစေရန် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်အေအဖြစ်သို့ ကူးပြောင်းသွားပြီး ခန္ဓာကိုယ်ကို အချိုးအစားညီမျှစေပါတယ်။
၆။ ငရုတ်ပွသီးအနီ
စားလေ့စားထမရှိသည့် အသီးအနှံတစ်ခုဖြစ်သည့် အနီရောင်ငရုတ်သီးအပွတွင် ကျန်းမာသောကိုယ်ခန္ဓာနှင့် အားကောင်းသော ကိုယ်ခံအားကို ဖြစ်ပေါ်စေရန် အရေတကြီးလိုအပ်သည့် အာဟာရဓာတ်များ၊ အစွမ်းသတ္တိများ အပြည့်အဝပါဝင်သည့်အပြင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည့် ဗီတာမင်စီပါဝင်သောကြောင့် အအေးမိဖျားနာခြင်းများမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Source - My Food Myanmar
စုံတောမြိုင်
လွန်ခဲ့သော ၄ နှစ် ကကျမ္မာရေးအတွက်အလွန်အသုံးဝင် သည့်အပြင်လက်လှမ်း တမှီရှာဖွေကုသနိုင် သောနည်းလမ်းလေး များဖြစ်သောကြောင့် အထူးမှတ်သားထား သင့်ကြပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026