အစွမ်းထက်သဘာဝဆေးတစ်လက်ဖြစ်တဲ့ ဖရဲသီးအခွံ
များသောအားဖြင့် ကျွန်မတို့တွေက ဖရဲသီးရဲ့ နီနီရဲရဲအတွင်းသားလေးများကိုသာစားပြီး ကျန်နေတဲ့ အဖြူသားပါတဲ့အခွံကို လွှင့်ပစ်တတ်ကြပါတယ်။ ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်းစားလို့ရပါတယ်တဲ့။ ထိုဖရဲသီးအခွံဟာ လူတွေရဲ့ကျန်းမားရေးကို ဘက်ပေါင်းစုံကအကျိုးပြုနေလို့ပါပဲ။
ဖရဲသီးတွင်ပါဝင်သောဓာတ်များ
ထိုလွှင့်ပစ်လိုက်တဲ့ ဖရဲသီးအခွံမှာဆိုရင်ဖြင့် အကျိုးပြုဗီတာမင်များနှင့် အမိုင်နိုအက်ဆစ်ဓာတ်များပါရှိပါတယ်။ နေ့စဉ် လူတို့၏ခန္ဓာကိုယ်အတွက် လိုအပ်သော ဆေးဆိုင်များတွင် ဝယ်ယူစားသုံးနေရသည့် ဗီတာမင် စီ နှင့် ဘီဓာတ်များက ထိုအခွံတွင်ပါရှိပါတယ်။ အမိုင်နိုအက်ဆစ်ဓာတ်သည်လည်း ပုံမှန်သွေးလည်ပတ်ခြင်းနှင့် နှလုံးကျန်းမာရေးတို့အတွက် အရေးကြီးပါသည်။ ဖရဲသီးအခွံသည် သွေးကြောများကို ကျယ်ကားလာစေကာ သွေးလည်ပတ်မှုအားကို မြှင့်တင်ပေးပါသည်။ အသားမှာလိုပဲ ရေဓာတ်အပြည့်အဝပါတဲ့အတွက် ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်စွမ်းကိုလည်း ပိုမိုအားကောင်းစေပါသည်။
ဖရဲသီးအခွံကိုစားရင် ဘာအကျိုးကျေးဇူးတွေရမလဲ
ဖရဲသီးအခွံကိုစားသုံးခြင်းဖြင့် သွေးအားနည်းခြင်းကိုလည်း သက်သာစေပါသည်။ ရေဓာတ်ပါဝင်မှုကြောင့် ကျောက်ကပ်မှာပါတဲ့ကျောက်တွေကို ကြေစေပါတယ်။ ဗီတာမင် စီ ပါဝင်မှုကြောင့် diet လုပ် ဝိတ်ချနေသူတွေအတွက် အထာက်အကူဖြစ်ပါတယ်။ ဖရဲသီးမှာပါဝင်တဲ့ လိုင်ကိုပင်း (lycopene) ဓာတ်တစ်မျိုးဟာလည်း အဆစ်ရောင် နာကျင်ကိုက်ခဲတာကို သက်သာစေတဲ့အပြင် ဘီတာကယ်ရိုတင်း (beta carotene) ဓာတ်က မျက်စိကျန်းမာရေးအတွက် အတော်လေးကောင်းမွန်ပါတယ်တဲ့နော်။ သွေးတိုး၊ သွေးပေါင်ကျတတ်တဲ့ သူတေအတွက်လည်း အလွယ်ကူဆုံး စားသောက်နိုင်တဲ့နည်းကတော့ ဖရဲသီးအခွံကို ရေပြောင်အောင်ဆေးပါ၊ (အဖြူရောင်အသားနှင့်အတူ) အတုံးသေးသေးလေးတွေရအောင် ဓားဖြင့်လှီးပါ။ ပြီးရင် (Blender) မွှေစက်ဖြင့် ခပ်ပျစ်ပျစ်ရအောင်မွှေပါ။ ထိုအရည်ပျစ်ပျစ်ကို အခြားအရည်များထဲသို့အနည်းငယ်ထည့်ရော၍ သောက်သုံးနိုင်ပါတယ်။
နောက်တစ်နည်းကတော့ ဖရဲသီးအတွင်းသား (ပုံမှန်စားသည့်အပိုင်း) နှင့် လှီးထားသောအဖြူရောင်အသားနှင့် အခွံတို့အားလုံးကို မွှေစက်ထဲတွင် စတော်ဘယ်ရီပါထည့်၍မွှေပါ။ လိမ္မော်ရည်အနည်းငယ်ပါ ထပ်ထည့်ပြီး နေ့စဉ်ကျန်းမာရေးအတွက် သောက်သုံးနိုင်ပါသည်။
ဖရဲသီးအောက်ခံအဖြူအသားကို ပါးပါးလေးလှီး၍ မျက်နှာပေါ်နာရီတော်တော်ကြာ ကပ်ခြင်းဖြင့်လည်း မှည့်ခြောက်နှင့် တင်းတိတ်ကို သက်သာစေပါသည်။ ဒီနည်းကိုမလုပ်ခင် မျက်နှာကိုသန့်စင်အောင် အရင်ဆုံး ဆေးကြောရပါမည်။ နှင်းခူရောဂါဖြစ်ပွားပါကလည်း ဖရဲသီးအခွံဖြင့် ပွတ်တိုက်ပေးပါက ပျောက်ကင်းနိုင်ပါသည်။
ကဲ အခုမှာတော့ ဖရဲသီးတစ်လုံးလုံးဟာ လွှင့်ပစ်စရာမရှိအောင် အသုံးဝင်မှန်းသိသွားပြီပေါ့နော်။ နီနီရဲရဲအတွင်းသားလေးတွေကိုစားပြီး အဖြူသားပါတဲ့အခွံကို လွှင့်မပစ်ပဲ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံး အသုံးပြုနိုင်စေရန် တင်ပြပေးလိုက်ရပါတယ်။
ကျော့နန္ဒာစိုး
ကိုးကား - popolay
- https://myanmar.mmtimes.com/news/126865.html
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ကျော့နန္ဒာစိုး
အားလုံး