ဆေးဘက်ဝင် သနပ်ခါး
မျိုးရင်း။ ။Rutaceae (ရှောက်မျိုးရင်း)
ပင်လတ်မျိုးဖြစ်ပြီး အမြင့် ၂၀ – ၃၀ ပေအထိ မြင့်တတ်သည်။ ပင်စည်နှင့် အကိုင်းအခတ်များတွင် တစ်လက်မခန့် ရှည်လျားချွန်ထက်သော ဆူးများရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာမှသာ အပွေးထူလာသည်။ အရွက်သည် ရွက်လွှဲထွက်သည်။ အရွက်မြွှာ ၂ စုံမှ ၃ စုံ ထိရှိပြီး ထိပ်ရွက်တစ်ရွက်ပါရှိသည်။ အပွင့်သည် သေးငယ်၍ အဝါနုရောင်ရှိသည်။ အဆုတ်လိုက်ပွင့်ပြီး တန်ခူး၊ ကဆုန်လများတွင် ပွင့်တတ်သည်။ အသီးသည် ချဉ်သောအရသာရှိပြီး အပြွတ်လိုက်သီးသည်။ ငရုတ်ကောင်းစေ့ခန့် ရှိသည်။ အစေ့အရောင်မှာ အဝါနုရောင်ဖျော့ဖျော့ဖြစ်ပြီး ဝါခေါင်၊ တော်သလင်းလများတွင် အသီးမှည့်သည်။ အမြစ်သည် ပင်စည်ထက် အရောင်ပိုဝါသည်။ ရေသောက်မြစ်ရှည်လျားပြီး ဘေးမြစ်များသည်လည်း ရှည်လျားကာ ဖြန့်၍ ထွက်သည်။
အပူပိုင်းဒေသဖြစ်သည့် ပခုက္ကူ၊ မြင်းခြံ၊ ပြည်၊ ရွှေဘို၊ စစ်ကိုင်း၊ မြိုင်၊ နွားထိုးကြီး၊ တောင်သာ မြို့နယ်များတွင် ပေါက်ရောက်သည်။ အချို့ အထက်အရွက်ပြတ် တောခြောက်များ၌လည်း တွေ့ရသည်။
မြန်မာ့ဆေးကျမ်းများအလိုအရ သနပ်ခါးသည် ပူ၏။ သွေးကို ကြွစေ၏။ ပူခါးချုပ်ပွင့်ဖြစ်၏။ ငန်းမန်းကို နိုင်စေ၏။ အပူနာ၊ အအေးနာ၊ နှစ်မျိုးလုံး၌ သုံးနိုင်၏။
အရွက်၏ အသုံးဝင်ပုံ
၁။ ဝက်ရူးပြန်ရောဂါကုဆေးတွင် သုံးသည်။ အနာကြီးရောဂါများအတွက် အရွက်ကိုပြုတ်၍ ရေချိုးပြီး ချွေးအောင်းရ၏။ အရွက်ပြုတ်ရည်ကို ဆားများများခတ်၍ သောက်ပါက ငှက်ဖျားရောဂါပျောက်သည်။ အနာဝင်လျှင် အရွက်ကိုကြိတ်၍ ဆန်ဆေးရေနှင့် သောက်ရသည်။
၂။ အရွက်ကို အခြောက်လှန်း အမှုန့်ပြုလုပ်ပြီး ကွမ်းသီးလုံးခန့် ရေနှင့်သောက်သုံးပါက အဖောအရောင်၊ အနာအဆာနှင့် ကိုယ်တွင်းရောဂါဟူသမျှ ကင်းရှင်းပပျောက်စေ၏။
အသီး၏ အသုံးဝင်ပုံ
၁။ အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်သောအဖျားရောဂါများအတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြုသည်။
အမြစ်၏ အသုံးဝင်ပုံ
၁။ ဝမ်းနုတ်ဆေး၊ ချွေးထုတ်ဆေးတို့တွင် အသုံးပြုသည်။ အမြစ်ကို နနွင်းနှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါသည်များ သွေးသားမှန်ကန်စေသည်။ ဆားနှင့်သွေးလိမ်းပါက အညောင်းအညာပြေစေသည်။ ကလေးချွဲကျပ်ပါက အမြစ်ကိုသွေး၍ ကွမ်းရွက်စိမ်းရည်နှင့် ဆတူတိုက်က ချွဲအမြန်ကျစေသည်။
၂။ သနပ်ခါးမြစ်၊ ပန်းနုအမှုန့် ငါးပဲသားစီကို ပျားရည်ခြောက်ပဲသားနှင့် ရော၍ စာသုံးသော် မြွေဆိပ်ပျောက်ကင်းစေသည်။
၃။ သနပ်ခါးမြစ်မှုန့် သုံးကျပ်သားကို သကြား၊ ပျားရည်နှင့်ရော၍ သောက်သော် အစာအိမ်ရှိ အဆိပ်ကို ပြေစေနိုင်ပါသည်။
Source - မြန်မာ့ဆေးဝါးပင်များ
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026