အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သင်သိပါသလား Happy fish ဆိုတာ

သင်သိပါသလား Happy fish ဆိုတာ

Happy Fish ဖြစ်ပေါ်လာပုံ (ကြော်ငြာဆောင်းပါး)

‘Happy Fish’ သည် ကျန်းမာရေးနှင့်ညီညွတ်သော ငါးနှင့် ပတ်သက်သည့် စားသောက်ကုန်များကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် လုပ်ငန်းဖြစ်သည်။

ငါးနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများဆောင်ရွက်သည့် ငွေကြေးအမြတ်အစွန်းကို ဦးတည်မှုမရှိသော နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် WorldFishနှင့် မြန်မာနိုင်ငံအတွင်း အစားအစာဖူလုံလောက်ငှစေရေးအတွက် အာဟာရပြည့်ဝသည့် အစားအစာများကို ထုတ်လုပ်ရောင်းချပေးလျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်သည့် FedWell Foods တို့နှင့်အတူ လက်တွဲပြီး ထုတ်လုပ်သော ပြည်တွင်းစားသောက်ကုန်တစ်ခု ဖြစ်ပါသည်။ ‘Happy Fish’ ငါးအသားမှုန့်ဆိုတာ အာဟာရဓာတ်ကြွယ်ဝတဲ့ သေးငယ်တဲ့ငါးတွေကို အခြောက်ခံပြီး အမှုန့်ကျိတ်ထားတဲ့ ငါးအသားမှုန့်တစ်မျိုး ဖြစ်ပါတယ်။

ဓာတုဆေးနဲ့ တာရှည်ခံပစ္စည်းတွေ လုံးဝမပါဝင်တဲ့ organic စစ်စစ်ဖြစ်တာမို့ မိသားစု ကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။ အခြောက်ခံထားပြီးသား ငါးများကို အသုံးပြုထားတဲ့အတွက်ကြောင့် ချက်ပြုတ်ရာမှာလည်း အချိန်ကြာကြာချက်ဖို့ မလိုဘဲ အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်တယ်လေ။

သင့်မိသားစုအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရကြွယ်ဝတဲ့ ဟင်းလျာတွေကို ‘Happy Fish’ နဲ့အတူ ဖန်တီးကြပါစို့💚

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

WorldFish

နည်းပညာမိတ်ဖက်အဖွဲ့

WorldFish

WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။