ပင်စိမ်းနက်က ဘာအတွက်ကောင်းလဲ?
ကုလားပင်စိမ်း ၊ ပင်စိမ်းကြီး(နက်ဖြူ)
Ocimum tenuiflorum L.
Ocimum sanctum L.,
Family: Lamiaceae
Holy basil, Monk basil,
Sacred basil, Tulsi (တူလဆီ)
အခုရက်ပိုင်းလူတွေ ဘယဆေးပင်များကို စိတ်ဝင်တစား မေးမြန်းလာကြတယ်။ အဓိက သိချင်တာက ဆေးဝင်ပုံပါ။ အမှန်အတိုင်းပြောရရင် ကျနော်က မျိုးခွဲပညာရှင်ပါ ဆေးဝင်ပုံတွေမသိပါဘူး။ အပင်မှန် မမှန်တော့ စစ်ပေးနိုင်ပါတယ်။ ပင်စိမ်းနက်ကို ကုလားပင်စိမ်းခေါ်ကြတယ်။ အရောင်က အစိမ်းရောင်မဟုတ်ဘဲ မဲမဲညိုညို ဆိုတော့ အမည်နဲ့လိုက်ဖက်လှတယ်။ သူတို့ပေါက်ရင်လည်း အစုအဝေးလိုက်ပေါက်ကြတာများတယ်။ ဟင်းချက်စရာထဲ ထည့်ချက်စားသော ပင်စိမ်းနဲ့ မျိုးစိတ် species မတူပါဘူး၊
ပင်စိမ်းနက်ဆိုတာ
ပင်စိမ်းနက် ခေါ် ကုလားပင်စိမ်းဟာ ပင်စိမ်းပင်နဲ့ ပုံစံတူပါတယ်။ ဒါပေမဲ့ အရွက်အကိုင်းတွေက အစိမ်းရောင် ဒါပေမဲ့ တခါတရံ နီညိုရောင်သန်းပါတယ်။ ပင်စိမ်းနက်ကို ဘာသာရေးအတွက်သာမက ဆေးဝါးအနေနဲ့စိုက်ပျိုးကြပါတယ်။ လူမျိုးစုတွေဟာ အပင်ကို ကိုးကွယ်မှုကနေ အသက်ရှည်ခြင်းကိုရနိုင်တယ်လို့ ယုံကြည်ကြတယ်၊
တစ်နှစ်ခံပင်ပျော့ဖြစ်ပြီး တခါတရံလူတရပ်နီးပါးရှိတတ်တယ်။ ပင်စည်တွေက နီညိုရောင်သန်းပြီး လေးထောင့်ဆန်ဆန်ရှိကြတယ်။ အရမ်းလည်းကိုင်းဖြာကြတယ်။ တစ်ပင်လုံးဂလင်းအမွှေးတွေရှိပြီး ရနံပြင်းပါတယ်။ အရွက်တွေကရွက်ဆိုင်ထွက်ပြီး ရွက်နားက serrate ပုံရှိကြတယ်၊ ပန်းခိုင်က ထိပ်ထွက် terminal verticillaster ပန်းခိုင်ဖြစ်တယ်၊ ပန်းလေးတွေက ပန်းရောင်ဖြစ်တယ် လိင်စုံ ၂ခြမ်းညီ အထက်တည်မပွင့် ဖြစ်တယ်။ ပွင့်ခံရွက် bracts က နီညိုရောင်ဖြစ်ကာ ဘဲဥပုံစံရှိတယ်၊ ပွင့်ဖတ်အုံ calyx မှာပွင့်ဖတ် ၅ခုပါပြီး ပြွန်ကဖောင်းနေတယ်၊ Corolla က ပန်းရောင် bilabiate ဖြစ်ကာ အဝိုက် ၅ ခုပါတယ်၊ ဝတ်ဆံဖို ၄ ခုပါတယ် အရွယ်မညီ didynamous ဖြစ်တယ်၊ style က အောက်ခြေထွက် gynobasic ဖြစ်တယ်၊ အသီးက nutlet ဖြစ်ပြီး အစေ့ ၄စေ့ပါပါတယ်၊
အရှင်နာဂသိန်ဆေးကျမ်းထဲတွင်
ပင်စိမ်းနက်ရဲ့ ဂုဏ်နှင့်စွမ်းရည်...မှာ .
အခုလိုဖော်ပြထားပါတယ်။ အပင်သည် ခါး၏ ၊ စပ်၏၊ ပူ၏၊ ဝိပါကစပ်၏၊ ဝမ်းမီးတောက်၏ နှလုံးကို အကျိုးပြု၏၊ နူနာ ဆီးအောင့် သွေးဖောက်ပြန်ခြင်း ခြေသလုံးနာကျင်ခြင်း ပန်းနာရင်ကြပ် ချောင်းဆိုး ချေဆပ်၍ မွန်ခြင်း ပိုးရောဂါ အော့အန်ခြင်း အနံ့မကောင်းခြင်း နံဘေးအောင့်ခြင်းရောဂါတို့ကိုပျောက်ကင်းစေပါတယ် လို့ဆိုထားပါတယ်။
အိန္ဒိယရိုးရာမှာတော့ ဒီအပင်ကို တူလ်ဆီ Tulsi လို့ခေါ်ကြပြီး အလွန်ထင်ရှားလှတယ်။ နောက်ပြီး ဒီအပင်ဟာ ဘာသာရေးအရ ကိုးကွယ်ခြင်းနှင့်ဆိုင်သော အပင်တစ်ပင်ဖြစ်လို့နေပါတယ်။ နတ်ဘုရားမ တစ်ဦးကဲ့သို့ မှတ်ယူကာ ဝတ်ပြုကိုးကွယ်ခံရသော အပင်လည်းဖြစ်တယ်။ ဒါတင်မက အာယုဗေဒ ဆေးဝါးတခုကဲ့သို့လည်း အသုံးပြုကြသော အပင်ဖြစ်တယ်။ Tulsi အပင်တစ်ပင်လုံးဟာ အိမ်မှာစိုက်ထားရင် အိမ်သုံးဆေးဝါးပင်တစ်ပင်လိုလည်း အသုံးပြုနိုင်တယ်။
Tulsi အရွက်တွေကို "tea" လဘက်ရည်လိုသောက်နိုင်တယ်။ လဘက်ရည်အတော်များများမှာ အဓိကပါဝင်ပစ္စည်းအနေနဲ့ tea company တွေမှာသုံးကြတယ်၊ အအေးမိ ချောင်းဆိုး အဖျားဝင်ရင် Tulsi tea သောက်ခြင်းဖြင့်သက်သာစေတယ်၊
ငှက်ဖျားရောဂါ ၊ Miyadi fever၊ အအေးမိ ၊ ချောင်းဆိုးနေရင်..
(၁) ပင်စိမ်းနက် အရွက်ကြိတ်ရေ
(၂) ဂျင်
(၃) ငြုတ်ကောင်းစေ့ စသော အမျိုး ၃မျိုးကို ရောပြီးသောက်ပါက လျှင်မြန်စွာပျောက်ကင်းသည်လို့ ဆိုထားပါတယ်။ ၃မျိုးအရောကို ပျားရည်နဲ့ရောပြီး လျှာနဲလျက်ရင်လည်း ရောဂါတွေ သိသိသာ သက်သာစေတယ်။ အရွက်ပြုတ်ရေကို black salt နဲ့ရောကာသုံးရင် အဖျား ချောင်းဆိုး အအေးမိတာတွေ သက်သာစေတယ်၊
Vomiting အော့အန်နေရင် Tulsi အရွက်က အကောင်းဆုံးဆေးဖြစ်ပါတယ်၊ ပင်စိမ်းနက် အရွက်ကြိတ်ထားသောအနှစ်၊ ပူဒီနာ၊ စမုံနက် အစေ့ အရောကိုသောက်ရင် အော့အန်ခြင်းကို ချက်ခြင်းသက်သာစေပါတယ်။
မြွေကိုက်လို့ရတဲ့ဒဏ်ရာပေါ်ကို အမြစ်ကို ကြိတ်ပြီး အုံထားရင် အဆိပ်များရောကျ သက်သာစေပါတယ်။ ကလေးငယ်တွေမှာဖြစ်တတ်သော သံရောဂါအတွက် အရွက်ရဲ့စစ်ထုတ်ရေ နဲ့ သကာရေကို ရောပြီးစားရင် သက်သာစေတယ်။
ဆီးချိုရောဂါအတွက် ဒီအပင်ရဲ့အရွက် ၁၀ရွက်နဲ့ Gudmar အပင်ရဲ့ (Gymnema Sylvestre) အရွက် ၁၀ရွက် အရောကို မနက်တိုင်းရေနဲ့သောက်ရင် နိုင်တယ်လို့ဆိုပါတယ်။ နေ့စဉ် အရွက် ၄၊ ၅ ရွက်စားစေခြင်းဖြင့် နှလုံးရောဂါကို သက်သာ ပျောက်စေတယ်လိုသိရပါတယ်၊
သဘာဝဆေးဖက်ဝင် ကုလားပင်စိမ်းလေးအကြောင်းကို မျှဝေလိုက်ပါတယ်၊ အိမ်မှာ စိုက်ထားသင့်သော သဘာဝတိုင်းရင်ဆေးပင်တစ်ပင်ပါ။
Kothet Naing Oo
Homalin College
ကိုးကား
အရှင်နာဂသိမ် ပုံပြဆေးအဘိဓာန်ပင်စိမ်းနက်
ဒေါ်ကြာညို
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါဆရာဗဟုသုတရပါတယ်
မြင့်သူ
လွန်ခဲ့သော ၅ နှစ် ကဘယ်လိုဟင်းတွေမှာထည့်ချက်သလဲမသိ
hlaoo
လွန်ခဲ့သော ၅ နှစ် ကလည်ချောင်းယားချောင်းဆိုးချင်ပြီဆိုတာနဲ့အဲအရွက်၃ရွက်လောက်ဝါးစားချက်ချင်းသက်သာတယ်
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကပုံလေးတွေပါမြင်ချင်ပါတယ်
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကပင်စီမ်း၄ မျိုးရှိတယ်လို့သိထားပါတယ်၊ဖြစ်နိုင်မယ်ဆိုရငွပဖံ
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026