အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစာထဲက ဆေးတစ်ခွက်လည်းတဖြစ် သရက်ရွက်

အစာထဲက ဆေးတစ်ခွက်လည်းတဖြစ် သရက်ရွက်

သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာနဲ့အမျှ ကျွန်မတို့တွေ ရောဂါအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပြီလား?

ဆေးတွေအများကြီး သောက်ရလို့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရမှာ ကြောက်နေပြီလား။ "အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုသလို ကျွန်မတို့ အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝဆေးတစ်မျိုးကို သတင်းကောင်းလေးပေးပါရစေ။

     "သရက်ရွက်" ပါ ဟုတ်ပါတယ်။ ကျွန်မတို့ နှစ်ခြိုက်စွာစားသုံးလျက်ရှိတဲ့ သရက်သီးပင်က အရွက်ပါ။ ကျွန်မတို့မြန်မာလူမျိုးတွေဟာ သရက်ရွက်နုလေးတွေကို ပြုတ်ပြီး အတို့အမြုပ်အနေနဲ့ စားသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် သရက်ရွက်အရင့်တွေကိုတော့ စားသုံးသူ မရှိသလောက်ပါပဲနော်။

ဒါဆို လျစ်လျူရှုခံထားရတဲ့ သရက်ရွက်အရင့်တွေမှာလည်း ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ ဘယ်လိုကောင်းကျိုးတွေ ရှိနေလဲဆိုတာ ပြောပြပေးပါမယ်။

     သရက်ရွက်ကို လက်ဖက်ခြောက်အစားထိုးပြီး ရေနွေးနဲ့ စိမ်သောက်ပေးရင် ဆီးချိုရောဂါကို သက်သာစေပါတယ်။ သရက်ရွက်မှာပါဝင်တဲ့ အမ်သိုဆိုင်ရမ်နီဒင် (anthocyanidins) ဆိုတဲ့ ဆိုးဆေးဟာ အစောပိုင်း ဆီးချိုရောဂါကို ကုသနိုင်ပါတယ်။ ဒါ့အပြင် သရက်ရွက်ဟာ သွေးပေါင်ချိန်ကိုလည်း လျော့ကျစေနိုင်ပါတယ်တဲ့။ နောက်ပြီး ခန္ဓာကိုယ်တွင်းမှာ ဂလူ့ကို့စ် (Glucose) တွေ ပျံ့နှံ့ခြင်းကို ကူညီပေးတဲ့အတွက် သွေးထဲက သကြားဓာတ်ပါဝင်မှုကို ထိန်းညှိပေးပါတယ်။

     နောက်ထပ် အကျိုးကျေးဇူးကတော့ သရက်ရွက်ဟာ ဝမ်းကိုက်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်တဲ့။ သူ့မှာပါဝင်တဲ့ အန်တီအောင့်စီဒင့် (antioxidants) နဲ့ အန်တီမိုင်ခရိုဘိုင်ရယ် (antimicrobials) တွေဟာ အစာခြေစနစ်ကို လှုံ့ဆော်ပေးပြီး အစာလမ်းကြောင်းကို ကောင်းမွန်စေလို့ပါတဲ့။ ဝမ်းကိုက်ခြင်းကို ခံစားရတဲ့အခါ သရက်ရွက်အခြောက်ကို အမှုန့်ကြိတ်ပြီး ရေနွေးနဲ့ သောက်ပေးနိုင်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ သရက်ရွက်နုလေးတွေကို ချက်စားလေ့ရှိပါတယ်။ သတိပြုရမှာကတော့ ဆေးဖက်ဆိုင်ရာအတွက်ဆို အရွက်နုတွေကိုပဲ သုံးသင့်ပါတယ်။

ဒါဆို အလှအပအတွက်ရော အသုံးဝင်လား?

     သူက ဆံပင်တွေ ရှည်ဖို့လည်း ကူညီပေးပြန်ပါတယ်။ သွားနဲ့ ခံတွင်း သန့်ရှင်းဖို့လည်း သုံးလို့ရပါတယ်။ အရွက်တွေကို ရေနွေးပွက်ပွက်ထဲမှာထည့်ပြီး ရေတွေအဝါရောင်ရလာတဲ့အခါ ခံတွင်းဆေးပေးရင် မမြင်ရတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။သရက်ရွက်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ pectin၊ အမျှင်ဓာတ်နဲ့ ဗီတာမင် A,B,C တို့ ပါဝင်လို့ စားသုံးပေးသင့်ပါတယ်တဲ့။ 

မှတ်ချက်-သရက်သီးနဲ့ မတည့်တဲ့သူတွေတော့ စားသုံးလို့ မရပါ။

     ဒါဆို သရက်ရွက်ရဲ့ ကောင်းကျိုးတွေကို သိသွားပြီဆိုတော့ ကျန်းမာရေးအတွက် သန့်ရှင်းလတ်ဆတ်တာတွေ စားသုံးပါ။ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းတာမို့ ရောဂါမဖြစ်အောင် ဂရုစိုက်ပါ။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ။ ကျွန်မတို့ပတ်ဝန်းကျင်က အရာအားလုံးဟာ သူ့နေရာနဲ့သူ တန်ဖိုးရှိကြပါတယ်။

ကိုးကား- https://stylesatlife.com/articles/health-benefits-of-mango-leaves/

           - https://timesofindia.indiatimes.com/life-style/health-fitness/diet/this-ancient-drink-made-using-mango-leaves-can-manage-your-diabetes/photostory/76418589.cms

           - https://www.healthline.com/nutrition/benefit-of-mango-leaf#_noHeaderPrefixedContent

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

2
Nyo Nyo

Nyo Nyo

လွန်ခဲ့သော ၅ နှစ် က

သရက်ရွက် ကို နေလှမ်းပီး အခြောက်ခံပီး လက်ဖက်ခြောက် ခတ်သောက်ရမှာလား ရှင်

win htut

win htut

လွန်ခဲ့သော ၅ နှစ် က

ဘယ်သရက်ရွက်မဆိုစားလို့ရတာလားခင်ဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။