တရုတ်စံကား
မြန်မာအမည် - တရုတ်စံကား
အင်္ဂလိပ်အမည် - Pagoda Tree
ပုံသဏ္ဍာန်
အပင် အပင်ငယ်မျိုးဖြစ်သည်။ အမြင့်ပေ ၂၀ ထိမြင့်သည်။ အကိုင်းများတွင် နို့နှစ်ရောင်အစေးထွက်သည့် အခါက်ရှိသည်။ အကိုင်းများ အောက်ခြေမှစ၍ ဖြာထွက်သည်။ အခေါက်မွဲပြာရောင်ရှိ၍ ချောမွတ်သော်လည်း အပွေးရှိ၏။
အရွက် အရွက်များ အကိုင်းထိပ်တွင် စု၍ ပတ်လည်ထွက်သည်။ အလျား ၁ ပေခန့်ထိ ရှည်သည်။ ရွက်ပြားချောသည်။ ရွက်ရင်းသိမ်၍ ရွက်ထိပ်ဖျားချွန်သည်။ ရွက်နားညီသည်။ ရွက်ညှာရှည်၍ အလယ်တွင်မြောင်းတိမ် သို့မဟုတ် အစင်းကြောင်းပါသည်။
အပွင့် အချင်း၂လက်မခန့်ရှိသည်။ ပွင့်ဖတ် ၅ ခုပါရှိသည်။ အနံ့ မွှေးကြိုင်သည်။ အလယ်တွင် အဝါနုရောင်၊ အစိမ်းရောင်၊ ပန်းရောင် အမွှေးနုကလေးများရှိသည်။ အပြင်ဘက်တွင် ပန်းရောင်သမ်းနေတတ်သည်။ ကဆုန်လ၊ နယုန်လများတွင် ပွင့်သည်။
အသီး ဉီးချိုသဏ္ဍာန်ရှိသော အသီးတောင့်ဖြစ်သည်။ နှစ်ခုတွဲသီးသည်။ အလျား ၈ လက်မခန့်ရှိသည်။ တွဲလောင်းကျနေသော အညှာတွင် အတွဲလိုက်သီးသည်။ အစေ့ကို တွေ့ရခဲပါသည်။ ဝါခေါင်၊ တော်သလင်းတွင် သီးသည်။
ပေါက်ရောက်သည့်ဒေသ။ ။ အလွန်အေးမြသော တောင်ပေါ်ဒေသမှအပ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ။ ။ သဘာဝအလျောက် ပေါက်ရောက်သည်။
အသုံးပြုသည့်အစိတ်အပိုင်း။ ။ အစေး၊ အပွင့်၊ အရွက်။
အာနိသင်။ ။ မြန်မာဆေးကျမ်းများ အလိုအရ တရုတ်စံကားသည် စပ်၊ ခါး၊ ဖန်သော အရသာရှိ၍ ပူသော သတ္တိရှိ၏။ ဆီး၊ ဝမ်းကို ရွှင်စေသည်။ သလိပ်၊ လေကို ကြေစေသည်။ နူနာ၊ အနာပေါက်၊ ဝမ်းဗိုက် ရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်။
အသုံးပြုပုံ
အစေး ၁။ တရုတ်စံကားပင်၏ အခေါက်နှင့် အကိုင်းမှ ထွက်သောနို့နှစ်ရောင်အစေးကို ဝမ်းနုတ်ဆေးအဖြစ် သုံးသည်။
၂။ တရုတ်စံကားပင်မှ ထွက်သော နို့နှစ်ရောင် အစေးသည် ဝမ်းဗိုက်ရောင်ရောဂါ၊ ဝမ်းဗိုက်ထိုးအောင့်ရောဂါကို ပျောက်ကင်းစေ၏။
အပွင့်၊ အရွက် ၁။ တရုတ်စံကားကို စားခြင်းဖြင့်လည်းကောင်း၊ အပွင့်ကိုပြုတ်တို့ခြင်းဖြင့်လည်းကောင်း၊ မန်ကျည်းရည်နှင့် ပြုတ်၍ သနပ်လက်သုပ် လုပ်စားခြင်းဖြင့် လည်းကောင်း ဆီးဝမ်းကို ရွှင်စေ၍ သလိပ်လေကို ကြေစေသည်။
ကိုးကား- မြန်မာ့ဆေးဝါးပင်များ
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026