ကျောက်သင်ပုန်းပင်ရဲ့ ဆေးဖက်ဝင်တဲ့အချက်များ
နတ်သမီးကွမ်းရွက်
နတ်သမီးကွမ်းတံတွေးပင်၊ ရေကြည်ပင်
ရုက္ခအမည်: Peperomia pellucida Kunth
မျိုးရင်း : Piperaceae
ကျနော်တို့ မနက်တိုင်း ထိုင်သောက်လေ့ရှိသည့် လက်ဘက်ရည်ဆိုင်ဘေးမှာ ကုက္ကိုပင်ကြီးရှိသည်။ ကုက္ကိုပင်ကြီးပင်စည်ပေါ်မှာကပ်ပြီး ဒီအပင်လေးတွေ အုပ်စုလိုက်ပေါက်သည်။ မြန်မာလိုကျောက်သင်ပုန်းပင်ခေါ်သည်။
စွတ်စိုထိုင်းမှိုင်းပြီး အရိပ်အာဝါသကောင်းသောနေရာတိုင်းမှာ ဒီအပင်ကိုတွေ့ရသည်။ ထို့ပြင် စမ်းချောင်းများ၏ ဘေးတစ်လျှောက်မှာလည်း အရိုင်းပေါက်ပင်အဖြစ်တွေ့နိုင်သည်။
ငယ်စဉ်ဘဝ မူလတန်းတက်လျှင် ယခုကလေးတွေလို စာအုပ် ဘောပင်နဲ့ မဟုတ်၊ ကျောက်သင်ပုန်းကိုသာ သုံးခဲ့ရသည်။ ကျောက်တန်ကို ချွန်နေအောင် စိတ်ရှည်ရှည်ထားကာ သွေးရသည်။ ဝ လုံးလေးဝိုင်းဝိုင်းရေးရသည်။ ဆရာက မှန်လျှင်မြေဖြူခဲနှင့် ဘောင်ပေါ်တွင်ခြစ်ပေးလိုက်သည်။ ရမှတ်အမှန်ကို မပျက်အောင် အိမ်ကိုသယ်ရတာ အမော၊ ရေးပြီးသား စာတွေဖျက်လျှင် ရေနှင်ဖျက်၍ရသည်။ ပိုပြီးကောင်းတာက ဒီအပင်ကအရွက်ပါဘဲ။ ဒီ အရွက်နဲ့ဖျက်လိုက်ရင် လုံးဝ သန့်သွားပြီး နောက်စာလုံးများရေးဖို့ အသင့်ဖြစ်လို့နေသည်။ ဒါ့ကြောင့်လည်း ဒီအပင်ကိုမှတ်မိနေတာပါ။ ပေးထားသည့်အမည် ကျောက်သင်ပုန်းပင် ဆိုတာနဲ့လိုက်ဖက်လှသည်။
အပင်က ၆ လက်မလောက်သာမြင့်သော တစ်နှစ်ခံ ပင်ပျော့လေးတွေဖြစ်သည်။ အမြစ်ကတိမ်သော shallow-rooted အပင်မျိုး ဖြစ်သည်။ ထူးခြားတာက အရည်ရွှမ်းနေပြီး ထုတ်ခြင်းခတ်မြင်ရသော succulent stems ပင်စည် ဖြစ်သည်။ အရောင်ပြောင်လက်သော နှလုံးပုံစံ အရည်ရွှမ်းသည့် အရွက်များရှိပါသည်။ pellucida ဆိုသည်မှာ အစက်အမှုန်များကို ဆိုလိုသည်။ ပန်းခိုင်က ထောင်မတ်နေသော ပွင့်ညှာမဲ့သော ပန်းခိုင် spike ဖြစ်ပါသည်။ ပန်းများကသေးငယ်ပြီး တစ်နှစ်ပတ်လုံးပွင့်ပါသည်။ အလွန်သေးငယ်ပြီး အစက်အမှုန်လေးတွေပုံစံ အစေ့လေးတွေက မြောက်များလှစွာသော spike ပန်းခိုင်များအပေါ် တွယ်ကပ်လို့နေပါသည်။ အရွက်ကိုခြေလိုက်ရင် မုံညှင်းရနံ့ mustard-like odor ရစေပါသည်။
အသုံးပြုပုံ
အာစီယံနိုင်ငံများတွင် ကျောက်သင်ပုန်းပင်၏ အရွက်ကို ဟင်းလျာအဖြစ် စားသုံးကြသလို ဆေးအနေနဲ့လည်းစားသုံးကြသည်။ Peperomia အနွယ်ဝင် အပင်တွေကို နိုင်ငံတကာမှာ ဥယျာဉ်အလှစိုက်အပင်အဖြစ် စိုက်ကြပါသည်။ ထူးခြားဆန်းပြားလှသောပုံစံ အရွက်များကြောင့် အလှစိုက်ကြခြင်းဖြစ်သည်၊ ကျောက်သင်ပုံးပင် တစ်ပင်လုံးကို စား၍ရသည့် အရသာကြောင့် အကောင်းဆုံး အအေးခံ ဟင်းလျာ ဖြစ်စေပါသည်။
ဆေးဖက်ဝင်ပုံ
ဒီအပင်ကို abdominal pain ဝမ်းဗိုက်နာကျင်ခြင်း၊ abscesses ပြည်တည်နာများ၊ acne ဝက်ခြံ၊ boils သွေးစုနာ မွှေးကျွတ်နာ၊ colic လေထိုးလေအောင့်နာ၊ fatigue မောပန်းနွမ်းနယ်ခြင်း၊ gout ဂေါက်ရောဂါ၊ headache ခေါင်းကိုက်၊ renal disorders ကျောက်ကပ်ရောဂါ၊ rheumatic joint pain အဆစ်အမြစ်များ နာကျင်ခြင်း တို့ကိုကုသနိုင်တယ်။ Bolivia, Alteos Indians ဒေသများမှာ ဒီအပင်ကို hemorrhages သွေးလွန်ခြင်းမှ ရပ်တန့်ရန်အတွက် သုံးကြသည်။ အမြစ်ကို ဖျားနာခြင်း ကုသရာမှာအသုံးပြုသည်။ အပင်အရွက်များကိုမူ ထိခိုက်ဒဏ်ရာများအပေါ်အုံ၍ ကုသရာတွင်သုံးနိုင်သည်။ Brazil နိုင်ငံတွင် အဆီချဖို့ (ဝါ)ကိုလက်စထရောချဖို့ ဒီအပင်ကို သုံးကြသည်။ အမေဇုံ Amazon ဒေသတွင်မူ သူသည် ထင်ရှားသော ချောင်းဆိုးပျောက်စေသော အပင်ဖြစ်သည်။ ထို့ပြင် emollient, ဆီးရွှင်ဆေး diuretic အဖြစ်လည်းသုံးသည်။ ဖိလစ်ပိုင်တွင် အပင်ပြုတ်ရေသည် ယူရစ်အက်ဆစ် uric acid ပမာဏကို လျှော့ချစေနိုင်သောကြောင့် ကျောက်ကပ်ရောဂါကို သိသိသာသာ သက်သာစေသည်၊
ဒီအပင်မှာ ကင်ဆာကို တွန်းလှန်ကာကွယ်ပေးနိုင်သော အင်ဒီအောက်စီးဒင့် Antioxidant နှင့် ဘီတာကယ်ရိုတင်း Beta-carotene ဓာတ်တို့ပါ၀င်သည်။ ထိုင်းနိုင်ငံတွင် အစိမ်းသုပ်စားခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ တို့စရာအဖြစ် စားသုံးခြင်း၊ ဟင်းရည်ချက်၍ သောက်ခြင်းများ ပြုလုပ်သည်။ ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်း ဆေးဆရာများက ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ) အတွက် အပင်ကို သုပ်စားခြင်း၊ ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြသည် (Ref: Wikipedia)
ရင်သားကင်ဆာ ရောဂါအတွက် အပင်ကို အသုံးပြုကြသည်၊ လက်တွေ့ကုသမှုများအရ ကြွက်နို့ပေါက်သူများအတွက် ဒီအပင်က အလွန်အသုံးတည့်လှသည်၊ အရွက်က အရည်ကို ညှစ်၍ ကြွက်နို့ပေါ်ကို မကြာခဏ တို့ပေးကာ ကြိတ်ဖတ်ကိုလည်း ကြွက်နို့ပေါ်ကို အုံထားပေးပါ။ ကြွက်နို့များအံ့သြစွာ ပျောက်ကင်းသွားသည်ဟု မှတ်သားရပါသည်၊ Ref: စောနွဲ့နေဆိုင် (ပူတာအို) ။
ဘာမှတန်ဖိုးမရှိဖူးလို့ ထင်ထားသော အပင်ကလေးက အခုလို ဆေးဖက်ဝင်နေတာကို သိရ ဖတ်ရတော့ အံသြမိပါတယ်။ ကျနော်ကတော့ လေ့လာလို့ မကုန်နိုင်သော ရုက္ခလောကအကြောင်းကို စဉ်းစားနေမိတယ်။
နွယ်မြက်သစ်ပင်ဆေးဖက်ဝင်လှပါသည်။
ကိုသက်နိုင်ဦး
ဟုမ္မလင်း
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026