အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပဉ္စငါးပါးလုံးဆေးဖက်ဝင်တဲ့ ကနဖော့

ပဉ္စငါးပါးလုံးဆေးဖက်ဝင်တဲ့ ကနဖော့

Green Way
Green Way • 19/08/2022

မျိုးရင်း။ ။ Compositae (နေကြာမျိုးရင်း)

ရုက္ခဗေဒအမည်။ ။ Enhydra fluctuans Lour

အခေါ်အဝေါ်-

မြန်မာအမည် - ကနဖော့

ပုံသဏ္ဌာန် -

အပင်

ရေစပ်ရွှံ့နွံများ၌ ပေါက်သည့် ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်သည်။ အမြင့် ၁ -၂ ပေထိရှိ၏။ တစ်ပင်လုံးပြောင်ချောနေသည်။ သို့မဟုတ် တစ်ခါတစ်ရံ အမွှေးနုများ ဖုံးလွှမ်းနေသည်။ ကိုင်းဖြာသည်။ အဆစ်များမှ ဖော့ကဲ့သို့ပေါ့ပါးသော အဖြူရောင်အမြစ်များထွက်သည်။

အရွက်

ရွက်ဆိုင်အလှည့်ကျထွက်သည်။ အရွက်များသေးသွယ်ပြီး ငှက်တောင်ပုံရှိသည်။ ၁ လက်မမှ ၃ လက်မထိ ရှည်သည်။ ရွက်ရင်း ကျဉ်းသွယ်သည်။ ရွက်ညှာမဲ့၍ ရွက်နားညီသည်။ သို့မဟုတ် သေးငယ်သော ခွေးသွားစိပ်များရှိသည်။

အပွင့်

စိမ်းနုရောင်ရှိသည်။ ပွင့်ညှာမဲ့သည်။ ထိပ်ထွက် ပန်းပွင့်ဖြစ်သည်။ ပွင့်ချိန်မှာ သီတင်းကျွတ်လမှ တပေါင်းလအထိဖြစ်သည်။

အသီး

တစ်စေ့သီးဖြစ်သည်။

ပေါက်ရောက်သည့်ဒေသ

အလွန်အေးသော အရပ်ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြား ရေချိုပိုင်း ရေစပ်များတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက် အလေ့ကျပေါက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

ပဉ္စငါးပါး၊ အများအားဖြင့် အရွက်ကိုသုံးသည်။

အာနိသင်

မြန်မာ့ဆေးကျမ်းအလိုရ ကနဖော့သည် ငန်ခါးအရသာရှိသည်။ အေးသောသတ္တိရှိသည်။ အနည်းငယ်ဝမ်းသက်စေသည်။ သည်းခြေ၊ သလိပ်ကိုနိုင်သည်။ ဖောရောင်ခြင်း၊ နူနာ၊ အရေပြားရောဂါ၊ ချောင်းဆိုးရောဂါစသည်တို့မှ ကင်းဝေးစေ၏။

အသုံးဝင်ပုံ

အရွက်

(၁) အရွက်ကိုကြိတ်၍ ဦးခေါင်းတွင် အုံပေးခြင်းဖြင့် ဦးနှောက်ပူခြင်းကိုအေးစေသည်။ အရေပြားနှင့် အကြောရောဂါများအတွက်လည်း သုံးသည်။

(၂) အရွက်ရည်ကို နွားနို့နှင့်ဖြစ်စေ၊ ဆိတ်နို့နှင့်ဖြစ်စေ သောက်သုံးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်စေသည်။

ပဉ္စငါးပါး

(၁) ကနဖော့ကိုပြုတ်၍ တို့စားခဲ့သော်လည်းကောင်း၊ ပြုတ်ရည်ဖြင့် ချွေးအောင်းခဲ့သော်လည်းကောင်း ဖောရောင်ခြင်းပျောက်၏။

(၂) ကနဖော့ပဉ္စငါးပါးရည် အနည်းငယ်မျှသောက်သော် ကျောက်ဖြူပေါက်သော ရောဂါ၊ အရေပြားရောဂါ၊ ခြင်ဆီတိုးသော ရောဂါများပျောက်ကင်း၏။

(၃) ကနဖော့ရည်ကို ပျားရည်နှင့်ရောသောက်သော် ကျောက်ရောဂါကို ပျောက်ကင်း၏။

(၄) ကနဖော့တစ်ပင်လုံးအား ဆန်ဆေးရည်၊ မုန်ညင်းဆီထည့်၍ ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်း ဖြင့် အသည်းအားနည်းသော ရောဂါများပျောက်ကင်းစေ၏။

( မြန်မာ့ဆေးဝါးပင်များ စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)
အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

 

3
koko

koko

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါဆရာ

ပန်းဝတ်ရည်ဖြိုး

ပန်းဝတ်ရည်ဖြိုး

လွန်ခဲ့သော ၃ နှစ် က

ခုလိုသိရှိလိုက်ရလို့ကျေးဇူးတင်ပါတယ်ရှင့်

ကိုဖိုးအေး

ကိုဖိုးအေး

လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါ ဆရာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။