ရှားပါးဆေးဖက်ဝင် စပီရူလိုင်းနားရေညှိပင်
စပီရူလိုင်းနားဆိုတာက ပင်လယ်ရေမှော်လို ရေညှိပင်တစ်မျိုးဖြစ်ပြီး ကြည်လင်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ရှိ ရေကန်တွေ၊ မြစ်တွေမှာပေါက်ရောက်ပေမယ့် နိုင်ငံတိုင်းမှာမရှိပါဘူး။ ဗမာလိုတော့ စပီရူလိုင်းနားကို စိမ်းပြာရေညှိလို့ ခေါ်ပါတယ်။
စပီရူလိုင်းနားက
- မက္ကဆီကိုနိုင်ငံရှိ တက်ကိုကိုကန်(Lake Texcoco)
- ချက်နိုင်ငံရှိ ချက်ရေကန် (Lake Chad) နှင့် ဘိုဒူရေကန် (Lake Bodou)၊ ရောင်ဘူရေကန်
- ကင်ညာနိုင်ငံရှိ နာကူရူးရေကန် (Lake Nakuru)နှင့် အယ်လီမန်တီရှားရေကန် (Lake Elementeitia)
- အီသီယိုးပီးယားနိုင်ငံရှိ အရာဂွတ်ဒီရေကန်(Lake Arangudiadi)နှင့် ကီလိုတီးစ်ရေကန် (Lake Kilotes)
- တရုတ်နိုင်ငံရှိ ချန်ကိုင်းရေကန် (Chenghai Lake) တို့မှာ ရရှိနိုင်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်လည်း စပီရူလိုင်းနားထွက်ရှိပါတယ်။ ၄ နေရာတောင်ရှိပြီး အားလုံးကတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာပါ။ အဲ့ဒါတွေကတော့ ဘုတလင်မြို့နယ် ရှိတွင်းတောင်၊ ကနီမြို့နယ်အတွင်းရှိ တောင်ပျောက်အင်းနဲ့ တွင်းမအင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရေခါးအင်းတို့ပဲ ဖြစ်ပါတယ်။

ဒီလိုမျိုးရှားပါးပြီး သဘာဝအတိုင်းတွေ့ရတဲ့ စိမ်းပြာရေညှိဟာဆိုရင် အလှအပနဲ့ ကျန်းမာရေးအတွက် အလွန်အကျိုးရှိတဲ့အပြင် အာဟာရဓာတ်နဲ့ အသားဓာတ်များစွာပါဝင်ပါတယ်။
စပီရူလိုင်းနားဟာဆိုရင် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး ဖြည့်စွက်အားဖြည့်စာ တစ်မျိုးလည်းဖြစ်ပါတယ်။ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနေတဲ့ အာဟာရဓာတ်များစွာနဲ့ အန်တီအောင့်စီဒန့် တွေပါဝင်နေလို့ပဲ ဖြစ်ပါတယ်။
စပီရူလိုင်းနား တစ်ဂရမ်မှာဆိုရင် ပရိုတင်း၊ ဗီတာမင် ဘီဝမ်း၊ ကယ်လ်ဆီယမ်နဲ့ အိုင်းယွန်း (သံဓာတ်) တွေဟာ အခြားအစားအစာတွေနဲ့ ယှဉ်ရင်ပါဝင်မှုပိုများပါတယ်။ ပရိုတင်းဓာတ်တွေလည်း အများကြီးပါဝင်တာကြောင့် အစာချေဖျက်တာကို ကူညီပေးနိုင်တဲ့အပြင် ကိုလက်စထရော (မလိုအပ်တဲ့အဆီ) ကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။
ဒါ့အပြင် စပီရူလိုင်းနားဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟဲဗီးမက်တယ် (အာဆင်းနစ်ဓာတ်...) စတာတွေကို တိုက်ထုတ်ပေးနိုင်တဲ့အစွမ်းရှိပြီး ကလိုရိုဖီးလ်ပါဝင်မှုမြင့်မားတာကြောင့် သွေးတွင်းမှာရှိတဲ့ အဆိပ်တွေကို ဖယ်ရှားကာ ကိုယ်ခံအားကို မြင့်တက်စေပါတယ်။
နောက်ထပ်အနေနဲ့ စပီရူလိုင်းနားမှာ ပရိုတင်းနဲ့ GLA (ဂမလီနိုလင်းနစ်) လို့ခေါ်တဲ့ အက်ဆစ်ဓာတ် အများကြီးပါဝင်ပါတယ်။ GLA ဆိုတာက ရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်တဲ့ အက်ဆစ်ဓာတ်ပဲ ဖြစ်ပါတယ်။ GLA ဓာတ်က မိခင်ရဲ့နို့မှာပါရှိတတ်ပြီး အစားအစာတွေမှာ ပါဝင်မှုနည်းတာကြောင့် ရှားပါးဓာတ်လို့တောင်ပြောလို့ရပါတယ်။ စိမ်းပြာရေညှိမှာဆိုရင်တော့ GLA ဓာတ်အပြင် အိုမီဂါ 3,6,9s လည်း ပါဝင်ပါတယ်။
ပြီးတော့ အန်တီအောင့်စီဒန့်လည်းပါဝင်တာမို့ ဆဲလ်တွေပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အစွမ်းထက် ဖိုင်ကိုစိုင်ယာနင်လည်း ပါဝင်နေပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေ ရစေနိုင်လဲ?
စပီရူလိုင်းနားက
1. ခန္ဓာကိုယ်တွင်း အန်တီအောင့်စီဒန့်ပမာဏကို တိုးလာနိုင်ခြင်း
2. သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ခြင်း
3. သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးခြင်း
4. ကိုလက်စထရောကိုကျစေနိုင်ခြင်း
5. အသဲကျန်းမာရေးအတွက်အထောက်အကူပြုခြင်း
6. အဝလွန်ခြင်းမဖြစ်စေရန်ကာကွယ်ပေးခြင်း စတာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
စပီရူလိုင်းနားသောက်သုံးခြင်းဟာ လူတော်တော်များများမှာ အန္တရာယ်ကင်းပေမယ့် တစ်ချို့လူတွေမှာတော့..
ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ ထွက်လာခြင်း၊
ခေါင်းကိုက်ခြင်း၊ ကြွက်သားတွေနာကျင်ခြင်း၊
ချွေးထွက်လွန်ခြင်း၊ အိပ်မပျော်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
အဲ့ဒါမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာဆရာဝန်ရဲ့ အကြံပြုချက်ကို ရယူပြီးမှသာ ဆက်လက်သောက်သုံးရန်သင့်မသင့် ဆုံးဖြတ်သင့်ပါတယ်။
Ref: https://www.redsunproducts.com/red-sun-spirulina-supplement.html
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Myo Min Kine Oo
လွန်ခဲ့သော ၆ လ ကအမျိုးဝယ်ရလား
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဆုမြတ်နိုး
အားလုံး