အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပျားဝတ်မှုန်ကို ကျန်းမာရေးအတွက်ဘယ်လိုသောက်သုံးမလဲ

ပျားဝတ်မှုန်ကို ကျန်းမာရေးအတွက်ဘယ်လိုသောက်သုံးမလဲ

Green Way
Green Way • 18/01/2022

ကျန်းမာရေး ကောင်းအောင်ပဲ ဖြစ်ဖြစ်၊ အားရှိအောင်ပဲ ဖြစ်ဖြစ် ဆိုပြီး ပျားဝတ်မှုန်ကို စားနေကြလား။ 

ပျားဝတ်မှုန်က ပန်းဝတ်မှုန်၊ ဝတ်ရည်တွေ၊ ပျားဝတ်မှုန်၊ အင်ဇိုင်းတွေ၊ ပျားရည်၊ ပျားဖယောင်းတွေ ရောစပ်ထားတဲ့ သဘာဝ အရောအစပ် တစ်မျိုးပါ။ ကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ သဘာဝ ဆေးဖက်ဝင် ပစ္စည်းတစ်မျိုးပါ။

ပျားဝတ်မှုန်ကို ခုလို ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။

ဝက်ခြံ

ဓာတ်မတည့်မှု

အဆစ်ရောင်

ပန်းနာရင်ကျပ်

နှင်းခူ

သွေးတွင်း ကိုလက်စထရော များတာ

အရိုးပွတာတွေကို သက်သာစေနိုင်ပါတယ်။

ဒါတွေအပြင် ပျားဝတ်မှုန်ကို 

ခန္ဓာကိုယ် အင်အားပြည့်စေဖို့

မှတ်ဉာဏ်ကောင်းစေဖို့

အရွယ်တင်စေဖို့

ဝိတ်ကျစေဖို့

လေ့ကျင့်ခန်း ကောင်းကောင်း လုပ်နိုင်ဖို့အတွက် အသုံးပြုပါတယ်။

ဓာတ်မတည့်မှုကို သက်သာစေနိုင်တယ်

ပျားဝတ်မှုန်ကို အသုံးအများဆုံးတစ်ခုက ရာသီကြောင့် ဓာတ်မတည့်မှုဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ရာသီ အကူးအပြောင်းမှာ ဓာတ်မတည့်မှုဖြစ်တာတွေကို သက်သာစေဖို့လည်း ပျားဝတ်မှုန်ကို အသုံးပြုပေးလို့ ရပါတယ်။

ဓာတ်မတည့်ဖြစ်လွယ်တဲ့သူတွေအနေနဲ့ ဓာတ်မတည့်မှုကို ကာကွယ်ဖို့ဆိုရင် ပျားဝတ်မှုန်ကို ပုံမှန် သောက်သုံးပေးလို့ ရပါတယ်။

ကိုလက်စထရော ကျစေတယ်

ပျားဝတ်မှုန်ရဲ့ နောက်ထပ် ကျန်းမာရေးအာနိသင်တစ်ခုက သွေးတွင်းကိုလက်စထရော ကျစေနိုင်တာပါ။ ဒါကြောင့် သွေးတွင်းကိုလက်စထရော များနေမယ်ဆိုရင် ပျားဝတ်မှုန်ကို ပုံမှန်လေး သောက်သုံးပေးလို့ ရပါတယ်။

အသည်း ကျန်းမာစေတယ်

ပျားဝတ်မှုန်က အသည်းကျန်းမာစေသလို အသည်းမပျက်စီးစေဖို့လည်း ထောက်ကူပေးပါတယ်။ အသည်းမကျန်းမာသူတွေ စားသုံးပေးလို့ ရသလိုအရက်တွေ၊ ဆေးဝါးတွေကြောင့် အသည်းပျက်စီးတာတွေကို ကာကွယ်ဖို့လည်း သောက်ပေးလို့ရပါတယ်။ အသည်းဆဲလ်တွေ ကျန်းမာစေဖို့လည်း ပုံမှန် သောက်သုံးပေးလို့ ရပါတယ်။

အရိုးပွတာ သက်သာစေတယ်

ပျားဝတ်မှုန်ရဲ့ နောက်ထပ် အာနိသင်တစ်ရပ်ကတော့ အရိုးပွတာကို သက်သာစေနိုင်တာပါ။ ပျားဝတ်မှုန်က ကယ်လ်ဆီယမ်၊ ဖော့စဖရိတ် ပမာဏကို မြင့်တက်စေဖို့ ထောက်ကူပေးပြီး အရိုးပွတာ၊ အရိုးပါးတာတွေကို သက်သာစေနိုင်ပါတယ်။

အရိုးပွတာကို ကာကွယ်ဖို့လည်း ပျားဝတ်မှုန်ကို သောက်သုံးပေးလို့ ရပါတယ်။

ဒီလို အကျိုးကျေးဇူးလေးတွေ ရရှိစေဖို့ ပျားဝတ်မှုန်လေးကို ပုံမှန်လေး သောက်သုံးပေးဖို့ လိုပါမယ်နော်။ ကာကွယ်ဖို့ရော ကုသဖို့အပြင် ပုံမှန် ဓာတ်စာအနေနဲ့ပါ ပျားဝတ်မှုန်ကို သောက်သုံးပေးလို့ ရပါတယ်။

Hello ဆရာဝန် ဝက်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။