အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆေးဝါးဓာတ်စာ ဟင်းဂလာပင်

ဆေးဝါးဓာတ်စာ ဟင်းဂလာပင်

Green Way
Green Way • 12/01/2022

ဟင်းဂလာပင်သည် အမျိုးအစားအားဖြင့် ဟင်းဂလာ တော၊ ဟင်းဂလာ အယှဉ်၊ ဟင်းဂလာ အရိုင်း ဟူ၍ သုံးမျိုးရှိသည်။ ဟင်းဂလာအယဉ်ကို ပြုတ်တို့၊ ချက်စားလေ့ရှိကြသည်။ ဟင်းဂလာအရိုင်းသည် မိုးဥတု၌များစွာပေါက်ရောက်သောအပင်မျိုးဖြစ်သည်။ ကျန်းမာရေးအရ ဆေးဖက်ဝင်စားသုံးနိုင်သော အပင်ဖြစ်ပေသည်။

သည်းခြေပျက်ရောဂါ၊ ဝမ်းဖောဝမ်းရောင်ရောဂါ၊ အဖျားရောဂါ၊ နွမ်းနယ်ခြင်း၊ အနာငန်းမန်းထခြင်း၊ ဆီးပူခြင်း၊ ဆီးနည်းခြင်း၊ သွေးဝမ်းရောဂါ၊ ချောင်းဆိုးပန်းနာရောဂါ၊ အသားရေခန်းခြောက်ခြင်း၊ ညောင်းညာခြင်းတို့ကို ပျောက်ကင်းစေနိုင်သော အာနိသင်ရှိသည်။ 

ဟင်းဂလာအရွက်

အရွက်သည် အကြောများ၊ ကြွက်သားများ၊ အရိုးများကို ကောင်းမွန်စေ၍ ခံတွင်းမြိန်စေကာ သွေးအားကိုဖြစ်စေသည်။ အစားပျက်ခြင်း၊ အားနည်းခြင်း၊ ပိန်ခြင်းကို ကာကွယ်၍ အစာကိုကြေစေပါသည်။ ဖောရောင်ခြင်း၊ ထုံကျဉ်ခြင်း၊ ချည့်နဲ့ခြင်း၊ အသားအရေခန်းခြောက်ခြင်းတို့ကို ကာကွယ်၍ အရိုးရောင် ကိုက်ခဲ၊ အဆစ်ရောင်ခြင်းကို ပျောက်ကင်းစေနိုင်သည်။ နှုတ်ခမ်းနာ၊ အာနာ၊ လျှာနာ၊ သွားဖုံးရောင်၊ သွားနာခြင်း၊ အရေပြားဝေဒနာနှင့် သွေးကျမှုကိုလည်း ကာကွယ်နိုင်သည်။

ဟင်းဂလာအယဉ်ပင် အရွက်ကိုကြိတ်၍ ရရှိသော သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်ရောင်ရောဂါများကို သက်သာစေသည်။ တစ်နေ့သုံးကြိမ်လိမ်းပေးနိုင်ပြီး အုံအေးအဖြစ်လည်းအသုံးပြုနိုင်သည်။ အုံဆေးအဖြစ်အသုံးပြုရာတွင် အချိန်ကြာမြင့်စွာ အုံခြင်း လိမ်းပေးခြင်းကို မလုပ်သင့်ပါ။ အဖုအပိန့်များ ပေါက်စေတတ်ပါသည်။ ဆေးရည်ကို သကြား နဲ့ရောစပ်၍ ဆေးလက်ဖက်ရည်အဖြစ်သောက်သုံးပေးပါ ဝမ်းပျက်ရောဂါ၊ သည်းခြေဖျားရောဂါ၊ ရေဖျဉ်းရောဂါ၊ လေထိုး လေအောင့်ရောဂါ၊ နားကိုက်ခြင်း၊ မျက်စိမှုန်ခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။ 

ဟင်းဂလာအယဉ်အရွက်ကို ကြိတ်ခြေ၍ ခေါင်းကိုက်နေရာ၌ အုံပေးလျှင် သက်သာစေသည်။ အုံဆေး သို့ လိမ်းဆေးအဖြစ် အသုံးပြုရာတါင် မကြာမကြာလိမ်းပေးခြင်း၊ အုံထားခြင်းတို့ကို မပြုလုပ်ပါနှင့်။ ဆေးပင်တစ်ပင်၏ ဆေးသုံးစွဲမှုအညွှန်းနှင့် ဆေးပမာဏသည် ရောဂါကုသရာတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်လျက်ရှိပြီး ဆေးချိန်ဆေးညွှန်းလွန်ကဲသွားပါကလည်း ဘေးဖြစ်စေတတ်ကြောင်း အသိပေးရေးသာလိုက်ရပါသည်။

နည်းပညာများကို ကျော်တင့်ဆွေ၏ “အံ့ဖွယ်ဆေးဖက်ဝင် သဘာဝဟင်းသီးဟင်းရွက်များ” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
win Thi nwe

win Thi nwe

လွန်ခဲ့သော ၁ နှစ် က

ဘယ်လိုစိုက်ပျိူရလဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။