ကပ်စေးနဲပင်ရဲ့ ဆေးဖက်ဆိုင်ရာအကျိုးများ
ကပ်စေးနဲပင်မှရသော အစေ့ကို လက်ဖက်ရည်အဖြစ်သောက်သုံးကြပြီး အောက်ပါရောဂါများအတွက်လည်း အသုံးပြုကြပါသည်။
ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ခြင်း
ခံတွင်းပျက်ခြင်း
အစာအိမ်ကင်ဆာ
ခေါင်းကိုက်ခြင်း
အကြောဆွဲခြင်း၊ ကြွက်တက်ခြင်း
စိတ်ချောက်ချားခြင်း
ကာလသားရောဂါ
အဆုတ်ရောဂါများ
အချို့က အားတိုးဆေး၊ မြွေဆိပ်ဖြေဆေး အနေနှင့် သုံးသလို ဆေးစိမ်ဝိုင်၊ အခါးရည် စသည့်အစားအစာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။
ကပ်စေးနဲပင်က ဘယ်လောက်စိတ်ချရလဲ?
ကပ်စေးနဲပင်သည် အစားအစာများနှင့် ဖျော်ရည်များတွင် ပါဝင်သောပမာဏသည် အန္တရာယ်မဖြစ်စေပါ။ သို့သော် ဆေးအနေနှင့် ပမာဏများစွာ သောက်သုံးပါက အန္တရာယ်ရှိမရှိ လုံလောက်သော လေ့လာမှုများ မရှိပါ။
ကပ်စေးနဲ့ပင်အသုံးပြုရာတွင် သတိပြုရမည့်အချက်များ
ကပ်စေးနဲပင်မှရသော အဆီကို အရေပြားပေါ်တွင်လိမ်းပါက အရေပြားနှင့် ဓါတ်မတည့်မှုများဖြစ်နိုင်ချေရှိပါသည်။
ကပ်စေးနဲပင်သည် သွေးတွင်းအချိုဓါတ်ကို ကျဆင်းစေသည့်အတွက် ခွဲစိတ်ချိန်တွင်သွေးချိုထိန်းရခက်စေသည်။ ထို့ကြောင့် မခွဲမီ ၂ ပတ်အလိုတွင် ကပ်စေးနဲပင်မှထွက်သော အရာအားလုံးကို ဖြတ်ထားပါ။
ကပ်စေးနဲပင်ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ?
ကပ်စေးနဲပင် သည် အရေပြား ဓါတ်မတည့်မှုကြောင့် ရောင်ရမ်းခြင်း၊ အလင်းရောင်နှင့် အထိမခံနိုင်ခြင်း၊ အသားရောင်ပြောင်းလဲသွားခြင်း(အသားမဲလာခြင်း) စသည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။ လူတိုင်း ထိုဆိုးကျိုးများခံစားရနိုင်သည်မဟုတ်ပါ။
ကပ်စေးနဲပင်သည်သွေးတွင်းအချိုဓါတ်ကို လျော့နည်းစေသောကြောင့် အထူးသဖြင့် ဆီးချိုသမားများသည် ဆီးချိုသောက်ဆေးနှင့် အင်ဆူလင်ထိုးဆေးများ မှီဝဲနေရလျှင် အထူးသတိပြုပါ။ သင့် သွေးတွင်းအချိုဓါတ်ကိုထိန်းညှိရန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူနှင့် မှန်မှန်ပြသရန် လိုအပ်ပါသည်။
ကပ်စေးနဲပင်သည် အသားရောင်ပြောင်းလဲသွားခြင်း(အသားမဲလာခြင်း) ကိုဖြစ်စေပြီး နေထိမခံနိုင်အောင်ဖြစ်စေသည်။ ထို့ကြောင့် ကပ်စေးနဲပင်ကို အလင်းရောင်နှင့်ဓါတ်ပြုသော အခြားသောဆေးများနှင့် တွဲမသုံးသင့်ပါ။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အတွက်လည်း ကပ်စေးနဲပင်နှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။
ကပ်စေးနဲပင်က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ?
ကပ်စေးနဲပင်မှရသော အစေ့များကိုကြိတ်ခြင်းဖြင့်ရသော ဆီကို အသုံးပြုကြပါသည်။
"Helloဆရာဝန် ဝက်ဆိုဒ်" မှ ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026