"ဖုန်း/ ကွန်ပျူတာ ဆက်တိုက်သုံးနေသူများ မျက်စိကို ဘယ်လိုကာကွယ် ထိန်းသိမ်းကြမလဲ?"
ယနေ့ အိုင်တီခေတ်ကြီးမှာ လူကြီးရောလူငယ်ပါ ကွန်ပျူတာဖြင့် နေစဉ်ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိချွတ်ယွင်း၊ အားနည်းခြင်းတို့ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် ဘယ်လိုကာကွယ်ကြမလဲ။
အောက်ပါ နည်းလမ်းလေးတွေကို လိုက်နာပေးလိုက်ပါ။
နေရာ မှန်ပါစေ
သင့်ရဲ့ကွန်ပျူတာ၊ ကီးဘုတ် keyboard၊ မောက်စ် mouse တို့ကို နေရာမှန်ထားတက်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ မျက်နှာပြင် (screen) ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန့်စာ အကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့်နေရပါမယ်။
အလင်းရောင်
သင့်အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ မျက်နှာပြင်မှလာသော အလင်းပြန်မှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာမျက်နှာပြင်အား သင့်မျက်စိနှင့် သင့်တော်ရာ အလင်း၊ အမှောင်ချိန်ထားပါ။
မျက်မှန်
အလင်းမဖောက်မှန်ပါသော မျက်မှန်ကို တပ်ပေးခြင်းဖြင့် တောက်ပသောအရာမှလာသော အလင်းတွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့်အား ကွန်ပျူတာနှင့် ထိတွေ့နေသူမှန်းသိရင် ထိုအလင်းမဖောက်မှန် (Anti-reflective Lenses) ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။
မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀
ကွန်ပျူတာနှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက်ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀ လောက်ဝေးတဲ့ အရာတစ်ခုခုကို ကြည့်ကြည့်ပေးပါ။ ဒီနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိအား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံးစိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှထပြီး ခြေလှမ်း ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။
မျက်စဉ်း ခတ်ပေးပါ
လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ်ကြပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ့ အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ်တာကို သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်းခတ်ပေးနိုင်ပါတယ်။
လက်ဖဝါးအုပ်ခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါးနှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသောလက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁ မိနစ်လောက် ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ် ၃ကြိမ် လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှလာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသောမျက်စိအား သက်သာစေပါတယ်။
မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။
လက်ဖက်ခြောက် အထုပ်
သောက်ပြီးသား လက်ဖက်ခြောက်အထုပ်ကလေးများကို လွှင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထိုလက်ဖက်ခြောက်အထုပ် ၂ ထုပ်အား သင့်မျက်စိ တစ်ဖတ်စီတွင်တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။
အစားအသောက်
ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများလည်း ပိုစားပေးပါ။
ကွန်ပျူတာအတွက်ပဲပြောသွားလို့ ဖုန်းကြည့်နေတဲ့သူတွေ မပါဘူးမထင်ပါနဲ့နော်။ ကွန်ပျူတာသုံးတဲ့သူရော ဖုန်းသုံးတဲ့သူရော ဒီအချက်လေးတွေကို လိုက်နာလုပ်ဆောင်မှ ကိုယ့်မျက်စိလေးကျန်းမာနေမှာပါ။
အားလုံးပဲ..........မျက်စိရောဂါ ကင်းဝေကြပါစေ။
credit to Today Myanmar
Credit to Tun Tauk Pharmacy
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026