မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
မိုးရာသီရောက်လာတဲ့အခါ စိုထိုင်းဆများလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် လူအများနီးကပ်စွာ နေထိုင်ရခြင်းတို့ကြောင့် တုပ်ကွေး၊ အအေးမိခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ များ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာပါတယ်။
ရောဂါပိုးများကို တိုက်ဖျက်နိုင်ရန် ခန္ဓာကိုယ်တွင် သဘာဝကာကွယ်ရေးစနစ် (ကိုယ်ခံအားစနစ်) ရှိပါတယ်။ ကိုယ်ခံအားကောင်းမွန်စေရန်အတွက် အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပေး ရန် အရေးကြီးပါတယ်။
မြန်မာနိုင်ငံ၌ အလွယ်တကူရရှိနိုင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသည့် အစားအစာများစွာ ရှိပါတယ်။
၁။ ဗီတာမင် C ကြွယ်ဝသော သစ်သီးများ
သံပုရာသီး၊ လိမ္မော်သီး၊ မာလကာသီး၊ သင်္ဘောသီး၊ နာနတ်သီး စသည့် သစ်သီးများတွင် ဗီတာမင် C ပါဝင်ပါတယ်။
ဗီတာမင် C သည် ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။ မိုးရာသီ၏ ရာသီပေါ်သစ်သီးများကို စားသုံး ပေးခြင်းဖြင့် ဗီတာမင် C ရရှိနိုင်ပါတယ်။
၂။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
ကန်စွန်းရွက်၊ မုန်ညင်းရွက်၊ ဟင်းနုနွယ်ရွက်၊ ချဉ်ပေါင်ရွက် စသည့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ တွင် ဗီတာမင် A၊ ဗီတာမင် C၊ ဖောလိတ်နှင့် အမျှင်ဓာတ်များ ပါဝင်ပါတယ်။
အရွက်စိမ်းဟင်းသီးဟင်းရွက်များကို ပုံမှန်စားသုံးခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရများ ရရှိစေပြီး ကျန်းမာရေးကောင်းမွန်စေရန် အထောက်အကူပြုပါတယ်။
၃။ ပရိုတင်းဓာတ်ရရှိစေသော ပဲမျိုးစုံ
မတ်ပဲ၊ ပဲနီလေး၊ ပဲပုပ် စသည့် ပဲမျိုးစုံတွင် ပရိုတင်းဓာတ်၊ သံဓာတ်နှင့် ဇင့် (Zinc) ကဲ့သို့သော အာဟာရဓာတ်များ ပါဝင်ပါတယ်။
ပရိုတင်းဓာတ်သည် ခန္ဓာကိုယ်တည်ဆောက်မှုနှင့် ပြုပြင်မှုများအတွက် လိုအပ်သော အာဟာရ ဖြစ်သောကြောင့် မိသားစုစားသောက်မှုတွင် ပဲအမျိုးမျိုး ထည့်သွင်းစားသုံးသင့်ပါတယ်။
၄။ ငါးနှင့် ရေထွက်အစားအစာများ
ငါး၊ ငါးသေးသေးလေးများ၊ ပုစွန် စသည့် ရေထွက်အစားအစာများတွင် အရည်အသွေးကောင်းသော ပရိုတင်းဓာတ်နှင့် ခန္ဓာကိုယ်အတွက် လိုအပ်သော သတ္တုဓာတ်များ ပါဝင်ပါတယ်။
အရိုးပါစားသုံးနိုင်သော ငါးသေးသေးလေးများမှ ကယ်လ်စီယမ်လည်း ရရှိနိုင်ပါတယ်။
၅။ ကြက်ဥ
ကြက်ဥသည် လွယ်ကူစွာရရှိနိုင်ပြီး အာဟာရပြည့်ဝသော အစားအစာတစ်မျိုး ဖြစ်ပါတယ်။
ကြက်ဥတွင် ပရိုတင်းဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်သောကြောင့် ကလေးများ၊ လူကြီးများ အတွက် သင့်တော်သော အစားအစာတစ်ခု ဖြစ်ပါတယ်။
၆။ အသားအမျိုးမျိုး
ကြက်သား၊ ဝက်သား၊ အမဲသား စသည့် အသားအမျိုးမျိုးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သော ပရိုတင်းဓာတ်၊ ဇင့် (Zinc)၊ သံဓာတ်နှင့် ဗီတာမင် B12 တို့ ပါဝင်ပါတယ်။
အသားကို စားသုံးရာတွင် အဆီများလွန်းသော အပိုင်းများကို လျှော့ချပြီး ဟင်းသီးဟင်းရွက်၊ ပဲမျိုးစုံ တို့နှင့် တွဲဖက်စားသုံးခြင်းဖြင့် အာဟာရပိုမိုမျှတစေပါတယ်။
၇။ မြေပဲ၊ နှမ်းနှင့် အစေ့အဆန်များ
မြေပဲ၊ နှမ်း၊ နေကြာစေ့ စသည့် အစေ့အဆန်များတွင် ပရိုတင်းဓာတ်၊ မဂ္ဂနီဆီယမ်၊ ဇင့်နှင့် ကောင်းမွန် သော အဆီဓာတ်များ ပါဝင်ပါတယ်။
အနည်းငယ်စီ ပုံမှန်စားသုံးပေးခြင်းဖြင့် နေ့စဉ်အာဟာရလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ပါတယ်။
မိုးရာသီတွင် ကိုယ်ခံအားကောင်းစေရန် စားသောက်ပုံအကြံပြုချက်များ
• အစားအစာအမျိုးအစားစုံလင်အောင် စားသုံးပါ။
• အသီးအရွက်၊ ပဲ၊ ငါး၊ အသား သို့မဟုတ် ကြက်ဥတို့ကို မျှတစွာ ထည့်သွင်းစားသုံးပါ။
• သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို သန့်ရှင်းစွာ ဆေးကြောပြီး စားသုံးပါ။
• သန့်ရှင်းသော ရေကို လုံလောက်စွာ သောက်ပါ။
• အိပ်ရေးဝဝအိပ်ပြီး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
မိုးရာသီတွင် ရောဂါကူးစက်မှုများကို ကာကွယ်ရန်အတွက် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရန် လိုအပ်ပါတယ်။ ဈေးကြီးသော အစားအစာများကိုသာ ရွေးချယ်ရန် မလိုအပ်ဘဲ မိမိဒေသတွင် ရရှိနိုင်သော သစ်သီးများ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပဲမျိုးစုံ၊ ငါးနှင့် အစေ့အဆန် များကို မှန်ကန်စွာ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရများကို ရရှိနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာကျော်ဖြိုးလွင်
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကျန်းမာရေးအတွက် သီးနှံများ
ဆက်စပ်ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
ဆက်စပ်မေးခွန်းများ
တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား
ရှိုင်းထက်အောင် • ဖြေကြားချက် 2 ခု
စပါးခင်းအရွက်တွင်ကပ်နေလို့ ဘာပိုးဥလဲခဗျာ
U Myint Naing • ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးကိုတစ်ဧကဘယ်နှစ်ပြည်ကြဲသင့်လဲ
Sawsamson • ဖြေကြားချက် 2 ခု
2026တစ်နှစ်စာအတွက် တိုင်းဒေသအလိုက်ပေါ်ဆန်း ဆန်ဈေးနှုန်းကို ဘယ်လိုရှာလို့ရလဲ သိချင်လို့ပါ သိတဲ့သူများရှိရင် ပြောပြပေးပါအုံးရှင့်
Kyi Phyu Myint • ဖြေကြားချက် 2 ခု
ဝါဉဝယ်လိုသူများရှိပါသလာ
Sar Kar • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
More from Dr. Kyaw Phyo Lwin
အားလုံး
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026