အစားအစာထုတ်လုပ်သူများအတွက် အရေးပါသော နည်းလမ်းကောင်းများ (၂)
အစားအစာထုတ်လုပ်သူများအတွက် အရေးပါသော နည်းလမ်းကောင်းများ (၂)
၁။ အစားအစာများကို ပြင်ဆင်ခြင်း၊ ထုတ်လုပ်ခြင်း
o လတ်ဆတ်သော၊ စံနှုန်းမှီသော ကုန်ကြမ်းများကိုသာ သုံးရမည်။
o သန့်ရှင်းသောရေကိုသာ အသုံးပြုရမည်။
o ကုန်ကြမ်းများကို စနစ်တကျ ခွဲခြား၍ FIFO (First In First Out) (အရင်ရ -အရင်သုံး) နည်းလမ်းကို အသုံးပြုရမည်။
o အစားအသောက်ထုတ်လုပ်စဉ် အသုံးပြုသည့်အသုံးအဆောင်များသည် သံချေးမတက်နိုင်သောသံမဏိ stainless steel နှင့် ပြုလုပ်ထားသောအရာများကိုသာ သုံးရမည်။
o မတူညီသော ထုတ်ကုန်များပေါ်မူတည်၍ တိကျသောအသေးစိတ်လုပ်ငန်းစဉ်များကို အစဉ်လိုက် ရေးဆွဲထားရမည်။
o သတ်မှတ်ထားသော ထိန်းချုပ်မှုအဆင့်များကို သေချာစွာလိုက်နာရမည်။ (ဥပမာ - အပူချိန် နှင့် ကြာချိန်ကို ထိန်းချုပ်ခြင်း)
o အစားအစာထည့်ရန် သတ်မှတ်ထားသော ထုတ်ပိုးမှု ပစည်းများကိုသာ သုံးရမည်။
o အစားအစာ ဘေးကင်းရှင်းရေး လုပ်ငန်းစဉ်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။
၂။ အစားအစာများတွင် ကုန်စည်အညွှန်း ဖော်ပြခြင်း
အစားအစာများတွင် ကုန်စည်အညွှန်း ဖော်ပြရာတွင် မြန်မာနိုင်ငံ စံချိန်စံညွှန်း သို့မဟုတ် နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ချက်များအရ အခြေခံမူများကို လိုက်နာရမည်။
o အစားအသောက်၏ ထူခြားသော သွင်ပြင် လကဏာ၊ ဂုဏ်သတ္တိများနှင့် စပ်လျဉ်း၍ မှားယွင်းသော ထင်မြင်ချက်များ ဖြစ်ပေါ်စေနိုင်သော ဖော်ပြချက်၊ အဓိပ္ပါယ်လွဲမှားစေသော သို့မဟုတ် အဓိပ္ပါယ်နှစ်ခွ ဖြစ်စေသော ဖော်ပြချက်၊ လိမ်လည်လှည့်ဖြားသော ဖော်ပြချက်၊ မှားယွင်းသည့် ထင်မြင်ယူဆချက်ကို ဖြစ်ပေါ်စေနိုင်သော ဖော်ပြချက် သို့မဟုတ် အလားတူ ဖော်ပြချက်များ မပါရှိစေရပါ။
မြန်မာနိုင်ငံ စံချိန်စံညွှန်း သို့မဟုတ် နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ချက်များအရ အသင့်ထုတ်ပိုးထားသည့် အစားအသောက်၏ ထုပ်ပိုးမှုတွင် အောက်ပါအချက်များ မဖြစ်မနေ ဖေါ်ပြထားရပါမည်။
၁. အစားအသောက် အမျိုးအမည် (The name of the food)
၂. ပါဝင်ပစည်းစာရင်း (List of ingredients)
၃. အသားတင် ပမာဏ၊ အရေအတွက် နှင့် အရည်စစ် အလေးချိန် (Net weight, Quantity and drained weight)
၄. အမည် နှင့် လိပ်စာ (Name and address)
၅. ထုတ်လုပ်သည့်နိုင်ငံ (Country of origin)
၆. မျိုးတူစု အထောက်အထား (Lot identification)
၇. ရက်စွဲ အမှတ်အသား (Date marking)
၈. သုံးစွဲရန် အညွှန်း (Instruction for use)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးဝင်းနိုင်
လွန်ခဲ့သော ၃ နှစ် ကပဲခူးတိုင်းကလဲ နောက် ၃ ရက် မှ ၁၀ ရက်အတွင်းမှာ မိုးဆက်ပြီးများနေဦးမှာကြောင့် တောင်ငူခရိုင်လဲ မိုးများနေဦးမဲ့ အခြေအနေက ဆက်ရှိနေပါဦးမယ်။
ကိုအောင်
လွန်ခဲ့သော ၃ နှစ် ကပဲခူး တောင်ငူခရိုင်မိုးလေပြောပေးပါအုံး
ဦးဝင်းနိုင်
လွန်ခဲ့သော ၃ နှစ် ကကရင်ပြည်နယ် - နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်း မိုးများနေမှာပါ
ဒေါ်နှင်းဆီ
လွန်ခဲ့သော ၃ နှစ် ကကရင်ပြည်နယ်ကမိုးအနည်းအများလေးကြည့်ပေးပါဆရာ
ဦးဝင်းနိုင်
လွန်ခဲ့သော ၃ နှစ် ကရှမ်းပြည်နယ်တောင်ပိုင်း - ဖယ်ခုံမြို့နယ် စက်တင်ဘာလ မိုးမရွာနိုင်သည့်ရက် - ၄ ရက်ခန့်ရှိပြီး ကျန်ရက်များ မိုးရွာနိုင် အောက်တိုဘာလ - မိုးမရွာနိုင်သည့်ရက် - ၈ ရက်ခန့်ရှိပြီး မိုးများနိုင်သည့်ရက် ၂ ရက်ခန့်ရှိနိုင်၊ ကျန်ရက်များ မိုးပါးပါးရွာနိုင် နိုဝင်ဘာလ - မိုးမရွာနိုင်သည့်ရက် - ၁၉ ရက်ခန့်ရှိပြီး ကျန်ရက်များ မိုးအသင့်အတင့်ရွာနိုင် ဒီဇင်ဘာလ - မိုးမရွာနိုင်သည့်ရက် - ၂၇ ရက်ခန့်ရှိပြီး ကျန်ရက်အနည်းငယ်တွင် မိုးခပ်ပါးပါးကျနိုင်သည်
ဆက်စပ်ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၈)
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပုံပါအတိုင်းဖြစ်ပြီး သေနေလို့ပါဗျ ဆေးလဲတစ်ခါမှ မဖျန်းရသေးတော့ ဆေးဖျန်းချင်ပါတယ် ပိုးသတ်ဆေးနဲ့ မှိုဆေးလေးညွှန်းပါ အကြံပေးပါဗျ
Aung Zay • ဖြေကြားချက် 4 ခု
ဆရာတို့ခင်ဗျ ဘူး ခဝဲ ရုံးပတီတီတို့မှာဒေါင်းနီးမှိုကာကွယ်ဆေးကိုဘယ်အချိန်မှာသုံးရမှာလဲခင်ဗျ ဘယ်ဆေးကိုသုံးရမှာလဲခင်ဗျ အလင်းပြပေးပါ🙏
မောင်ကျော်ခိုင် • ဖြေကြားချက် 1 ခု
testing
Hsu Myat Noe • ဖြေကြားချက် 0 ခု
ဒီနှစ် ကြက်သွန်နီစိုက်ခင်းကို အပင်အဟာရအတွက် ဂျီဗာမရူသမ်နဲ့ ဓာတ်မြေဩဇာတွဲ လှေးပိုးအတွက် သဘာဝပိုးသတ်ဆေးများ အထူးသဖြင့် နွားသေး+မီးခိုးပေါင်းခံရည် မှိုရောဂါအတွက် ထရိုင်ကိုဒါးမားနဲ့ ထုံးကန့်ဆေးရည်(ထုံးကန့်ဆေးက ဒေါင်းနီးနဲ့ တောက်တဲ့မြှီးကို ကောင်းကောင်းနိုင်လား ဒီမှိုရောဂါကို မနိုင်မှာ စိုးလို့ပါ ဒါကို အဓိက သိပါရစေဆရာ ပြီးတော့ ထုံးကန့်ဆေးက ဆေးယဥ်ပါးမှုဖြစ်တက်ပါသလား) ပေါင်းပင်အတွက်တော့ ပေါင်းသတ်ဆေး သုံးဖြစ်မယ်ထငိပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
စပါးအပင် ပျက်ကျနေတယ် မနှစ်ကဆိုမရိတ်ရသည့်နေရာတေ အတော်များတယ်အခုလည်းစ ဖြစ်နေပါတယ်ဆရာဘာဆေးများသုံးရမလဲညွှန်းပေးပါ
ကိုသိန်းသန်းဝင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from Green Way
အားလုံး
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....