ချိုက်(ဗ်)(ကုဆိုင်)
ချိုက်(ဗ်)အပင်သည် အကြမ်းပတမ်းခံသော နှစ်ရှည်ပင်ဖြစ်ပြီး (ရေခဲအမှတ်အောက်) (-) ၄၀ ဒီဂရီဖာရင်ဟိုက်မှ အပူချိန် ၄၀ ဒီဂရီဖာရင်ဟိုက် အတွင်းဖြစ်ထွန်းသည်။ အရွက်နှင့်အပွင့်တို့ကို စားသုံးရပြီး အပင်မြင့် ၈-၁၈ လက်မနှင့် အကျယ် ၈-၁၂ လက်မရှိသည်။ မူရင်းဒေသမှာ (ဗြိတိသျှနှင့် တရုတ်နိုင်ငံ) တို့ဖြစ်သည်။
ချိုက်(ဗ်)ပင်သည် မြက်ပင်နှင့်တူပြီး စုပြုံ၍ပေါက်သော ကြက်သွန်တစ်မျိုးဖြစ်သည်။ အရွက်များမှာ ကြက်သွန်မြိတ်ကဲ့သို့ အခေါင်းပါပြီး၊ ဥကိုစားရန်မဟုတ်၊ အရွက်ကိုစားရသော ကြက်သွန်အသေးစားများဖြစ်သည်။ နွေဦးပေါက်ရာသီတွင် ခရမ်းရောင်ရှိ လုံးဝိုင်းသောပန်းပွင့်များ ပွင့်လာသည်။ မြက်ခင်းပန်းခင်းအနားသတ်ရန် အပင်အဖြစ် အသုံးပြုနိုင်သည့်အပြင် မီးဖိုအပေါက်ဘေးတွင် အိုးဖြင့်စိုက်ပျိုးရန်လည်း ကောင်းသည်။
အရွက်များကိုခူးပြီး နုတ်နုတ်စင်း၍ အသီးအရွက်သုပ်၊ ဆော့(စ်)၊ ကွင့်ချက်(စ်) တို့တွင်ဖြစ်စေ၊ ကြက်ဥနှင့် အာလူးဖုတ်ပြီးနောက် ကြက်သွန်အနံ့ရရှိစေရေးအတွက်ဖြစ်စေ သုံးစွဲကြသည်။ ပန်းခရမ်းရောင်ရှိသော အပွင့်များကိုလည်း စားနိုင်သဖြင့် ဟင်းလျာများတွင် အလှဆင်ကြသည်။
အမွှေးအကြိုင်ပင်များ၏ အလှကိုခံစားရန်
ရှေးနှစ်ပေါင်းများစွာကပင် ဥယျာဉ်မှူးတို့သည် အမွှေးအကြိုင်ပင်များက ဥယျာဉ်ကိုဖန်တီးနေသော အေးချမ်းသာယာမှုကို ခံစား၊ စံစားခဲ့ကြသည်။ အမွှေးအကြိုင်ပင်များအတွက် အပျင်းပြေလျှောက်သွားခြင်းနှင့် ထိုင်နေခြင်းအားဖြင့် စိတ်ဓာတ်အသစ်ဖြစ်လာစေသည်။ စိတ်ဓာတ်မြင့်လာသည်။
အမွှေးအကြိုင်ပင်များရဲ့ အလှအပကိုခံစားရင်း အရသာရှိလှတဲ့ ကုဆိုင်ပင်ကို စိုက်စားကြပါရှင်။
ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ (၂) မှ ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026