ဟင်းခတ်အမွှေးအကြိုင် စပါးလင်
ဒီတစ်ခေါက်မှာတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ စပါးလင် အကြောင်းကို ပြောပြချင်ပါတယ်။
စပါးလင်သည် အပူချိန် ၂၀ ဒီဂရီဖာရင်ဟိုက်မှ ၄၀ ဒီဂရီဖာရင်ဟိုက်အတွင်း နှစ်ရှည်သီးနှံပင်ဖြစ်ပြီး၊ အခြားအပူချိန်များတွင် နှစ်ချင်းစားသီးနှံပင်ဖြစ်သည်။ စပါးလင်ပင်သည် ပန်းပွင့်ခဲသည်။ အရွက်နှင့် ရိုးတံကို သံပရိုအနံ့ ရရှိစေဖို့ အသုံးပြုကြသည်။ အထူးသဖြင့် ထိုင်းဟင်းလျာတွင် မပါမဖြစ်လိုအပ်သော ဆီ ကို စပါးလင်မှ ထုတ်လုပ်ပြီး ရေမွှေး၊ အလှကုန်နှင့် ဖျော်ရည်လုပ်ငန်းများတွင် စီးပွားဖြစ်သုံးစွဲကြသည်။
အချိန်မရွေး စပါးလင်အရွက်အရင်းမှ ဖြတ်ယူ သုံးစွဲနိုင်သကဲ့သို့ အမြစ်ပါတူး၍ တစ်ပင်လုံးကိုလည်း သုံးစွဲနိုင်သည်။ ဆေးဖက်ဝင်ရေနွေးကြမ်းအဖြစ် အရွက်ကို စိမ်၍သောက်နိုင်သည်။ ကရဝေးရွက်ကဲ့သို့ အရည်သောက်ဟင်းတွင် ဖြစ်စေ၊ အသားအရိုးပြုတ်ရည်(Stock)၊ ဆော့စ်အရည်၊ ဟင်းနှစ်လုပ်ရန် အရည်များတွင်ဖြစ်စေ ထည့်၍သုံးစွဲကြသည်။ အရွက်အရင်းရှိ အဖြူရောင်အသားနုကိုစင်းပြီး အာရှတိုက်ဟင်းလျာများတွင်ဖြစ်စေ၊ ဖုတ်ရသောအစားအစာများတွင်ဖြစ်စေ သုံးစွဲကြသည်။ ထိုသို့စင်းထားသော စပါးလင်ကို အေးခဲထားလျှင် တစ်နှစ်အထိ အထားခံသည်။ အရွက်များကို အမှောင်ခန်းထဲတွင် စောက်ထိုးချိတ်ဆွဲ၍ အခြောက်ခံထားနိုင်သည်။
မြန်မာ့ဆေးကျမ်းများအရ စပါးလင်အရွက်သည် ပူ၊ စပ်၊ ခါးအရသာရှိ၏။ အနည်းငယ်ချို၏။ လေသလိပ်ကို ကြေစေတတ်၏။ သွေးကို တက်ကြွစေတတ်၏။ ခံတွင်း၌ရှိသော မကောင်းသောအနံ့တို့ကို ပယ်ဖျောက်စေတတ်၏။ အစာကြေခြင်းကိုလည်း ပြုစေတတ်၏။ သည်းခြေကိုကား ပျက်စေတတ်၏။
အိန္ဒိယဆေးကျမ်းအလိုအရ စပါးလင်သည် ကလေး ရင်လူးဆေးအဖြစ်လည်းကောင်း၊ ချင်း၊ သကြား၊ သစ်ကြမ်းပိုးခေါက်တို့နှင့် စပါးလင်ကို ရောစပ်၍ ဖျားနေသူအတွက် ချွေးထုတ်ဆေးအဖြစ်လည်းကောင်း၊ ငရုတ်ကောင်းနှင့် စပါးလင်ကို ရော၍ အမျိုးသမီးများ ရာသီမမှန်ခြင်းအတွက် ဆေးအဖြစ်လည်းကောင်း၊ နာတာရှည်ငှက်ဖျားအတွက် ဆေးအမြစ်လည်းကောင်း သုံးစွဲကြသည်။
ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ယခုဆောင်းပါးသည် ဦးကြီးတို့အတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းမှု ရှိ/မရှိ ကို "အသုံးဝင်ပါတယ်" “အသုံးမဝင်ပါ" ကို ရွေးချယ်နှိပ်ခဲ့ပေးဖို့ တောင်းဆိုပါရစေရှင်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026