အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အဆာပြေ မုန့်ကတ်ကြေးကိုက် ပြုလုပ်နည်း

အဆာပြေ မုန့်ကတ်ကြေးကိုက် ပြုလုပ်နည်း

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ပဲခူးတိုင်းဒေသတို့တွင် အစားများသော မုန့်ဖြစ်သည်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥ ပန်းကန်လုံး ၁ လုံး ( အလုံးလိုက် သို့ လှီးဖြတ်ထားသော)
  • ထန်းလျက် ပန်းကန်လုံး ၁ လုံး
  • ကောက်ညှင်းမှုန့် ထမင်းစားဇွန်း ၁၆ ဇွန်း
  • ဆန်မှုန့်ထမင်းစားဇွန်း ၄ ဇွန်း
  • ငါးနီတူခြောက်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
  • သောက်ရေ ထမင်းစားဇွန်း ၄ ဇွန်း
  • ဟင်းချက်ဆီ ထမင်းစားဇွန်း ၄ ဇွန်း

ချက်ပြုတ်ခြင်း/ပြင်ဆင်ခြင်းအဆင့်များ

ထန်းလျက်ကို ပျစ်လာသည်အထိ ရေအနည်းငယ်ဖြင့် ပြုတ်ပါ။ ထို့နောက် ဇကာတစ်ခုသုံးပြီး အမှုန်အမွှားများကို ဖယ်ရှားကာ ထန်းလျက်ရည်ကို ပြုလုပ်ထားပါ။

ကန်စွန်းဥကို သီးခြားပြုတ်ပြီး ထောင်းချေထားပါ။

ထို့နောက် ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ငါးနီတူမှုန့်၊ ချေထားသောကန်စွန်းဥနှင့် ရေထမင်းစားဇွန်း ၄ ဇွန်းခန့်တို့ကို ထည့်၍ မုန့်နှစ်အသားတို့ကို အပြားလိုက် အတုံးသေးများဖြစ်အောင် ပြုလုပ်ပါ။ (အချင်းဝက် ၁၅ စင်တီမီတာနှင့် ၃ မီလီမီတာ အထူခန့်၊ မိမိအသုံးပြုနေသော  ဒယ်အိုးအရွယ်အစားနှင့် ချိန်ညှိနိုင်သည်။)

ဒယ်အိုးတစ်လုံးထဲသို့ ဆီအနည်းငယ်ထည့်ကာ သေချာနှံ့အောင်မွှေပြီး အလယ်အလတ်အပူပေးလိုက်ပါ။

ဆီပူလာလျှင် မုန့်နှစ်သား အတုံးကလေးများကို အပြားဖြစ်အောင် ပြုလုပ်ပြီး အိုးထဲသို့ထည့်ပါ။ ထို့နောက် မုန့်ပြား၏ တစ်ဖက်ခြမ်းကို လှန်ပါ။

နှစ်ဖက်လုံး၏ အရောင်သည် ရွှေရောင်ဖြစ်လာပါက ပန်းကန်ပြားတစ်ခုထဲသို့ ပြောင်းထည့်ပေးပါ။

မုန့်ပြားကို နှစ်သက်ရာအရွယ်အစားအတိုင်း လှီးဖြတ်ပါ။ ထို့နောက်  ထန်းလျက်နှင့်တို့ကာ သရေစာအဖြစ်စားသုံးနိုင်သည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ချမ်းမြေ့ချို

ချမ်းမြေ့ချို

လွန်ခဲ့သော ၁ နှစ် က

ကြာဆံဟင်းခါးချက်နည်းပြောပြပေးပါလား

You

ဆက်စပ်ဆောင်းပါးများ

WorldFish

နည်းပညာမိတ်ဖက်အဖွဲ့

WorldFish

WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။