ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမယ့် သဘာဝအချိုရည်များ
ယခုလတ်တလောမှာ လူတွေရဲ့ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့အရာတစ်ခု ရှိပါတယ်။ ထိုအရာကတော့ အခြားမဟုတ်ပါဘူး။ လေထဲမှာ ပေါက်ဖွား ပြန့်ပွားပြီး လေထဲမှာတစ်ဆင့် ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပဲ ဖြစ်ပါတယ်။
ထိုရောဂါက လေထဲမှတစ်ဆင့်၊ ရောဂါပိုးရှိတဲ့သူမှ အခြားသူတစ်ယောက်ထဲသို့ ကူးစက်နိုင်ပြီး ရောဂါပိုးသက်သာစေတဲ့ ဆေးဝါးလည်း မရှိသေးတဲ့အတွက်ကြောင့် ထိုရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရုံမှတစ်ပါး အခြားမရှိပါဘူး။
ကြိုတင်ကာကွယ်တဲ့အနေနဲ့ အိပ်ရေးဝဝအိပ်ခြင်း၊ ကိုယ်လက်သန့်ရှင်းရေးကို ယခင်ကထက် အသားပေးခြင်း၊ အာဟာရ ညီညွှတ်မျှတအောင် စားသုံးခြင်း စသည်တို့ကို ပြုလုပ်သင့်ပါတယ်။ ကိုယ်ခံစွမ်းအား တိုးမြှင့်နေမှသာ ပြင်ပမှရောဂါပိုးများကို တိုက်ထုတ်နိုင်မှာဖြစ်တဲ့အတွက် သင့်ခန္ဓာကိုယ်ကို ကိုယ်ခံအားကောင်းအောင် ဂရုစိုက်သင့်ပါတယ်။
ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေကို ဝေမျှပေးခဲ့ပြီးပြီ ဖြစ်တဲ့အတွက်ကြောင့် ဒီတစ်ခါမှာတော့ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်တဲ့ သဘာဝအချိုရည်တွေကို ဝေမျှပေးချင်ပါတယ်။
ပန်းသီး၊ မုန်လာဥနီနှင့် လိမ္မော်ဖျော်ရည်

ပန်းသီး ၁ လုံး၊ မုန်လာဥနီ ၂ လုံး၊ လိမ္မော်သီးတစ်လုံးတို့ကို အတုံးငယ်များရအောင် တုံးပြီးနောက် ဖျော်စက်ထဲ ထည့်ဖျော်ပေးလိုက်ပါ။ သင့်အနေနဲ့ အချိုအရသာဖြင့် သောက်သုံးချင်တယ်ဆိုရင်တော့ ပျားရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ ရရှိလာတဲ့ဖျော်ရည်ကို ရေခဲသေတ္တာထဲတွင် အအေးခံကာ သောက်သုံးနိုင်ပါပြီ။
Grape Fruit နဲ့ လိမ္မော်ဖျော်ရည်

ထိုသစ်သီးနှစ်မျိုးကို ဖျော်စက်ထဲထည့်ကာ ရေအနည်းငယ်ရောလိုက်ပါ။ သမအောင် မွှေဖျော်ပေးပြီးတဲ့နောက်မှာတော့ ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ ဖျော်ရည်တစ်ခွက်ရရှိသွားပါပြီ။ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံးဖျော်ရည်တစ်ခွက်ပါပဲ။
သကြားမုန်လာဖျော်ရည်

ဒီဖျော်ရည်ဖျော်ဖို့အတွက် သကြားမုန်လာ တစ်ဥ၊ မုန်လာဥနီ တစ်ခု၊ ဂျင်းတုံးတစ်တုံး၊ နနွင်းမှုန့်အနည်းငယ်၊ ငရုတ်ပွ အနည်းငယ်၊ ဆားအမဲအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။ ဟင်းသီးဟင်းရွက်များကို အခွံခွာပြီးနောက် ရေစင်စင်ဆေးထားလိုက်ပါ။ ထို့နောက် အတုံးငယ်များ တုံးကာ ဖျော်စက်ထဲ ထည့်ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို အရသာမကြိုက်ဘူးဆိုရင်တောင်မှ ကျန်းမာရေးအတွက် စဉ်းစားတဲ့အနေနဲ့ ပုံမှန်သောက်သုံးပေးသင့်ပါတယ်။
MyFood Myanmar Website မှ ကူးယူဖော်ပြပါသည်။
Source: Lifebeyondunmbers.com
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026