အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုယ်ခံအားတိုးမြင့်စေဖို့ စားပေးသင့်တဲ့အစားအစာများ

ကိုယ်ခံအားတိုးမြင့်စေဖို့ စားပေးသင့်တဲ့အစားအစာများ

    ယခုအခါ covid-19 ကပ်ရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် လူသားတို့ကို များစွာခြောက်လှန့်နေသော ရောဂါဆိုးကြီးပင် ​​ဖြစ်ပါသည်။ ကိုဗစ်ကြောင့် များစွာသောလူတို့ သေကြေရသကဲ့သို့ တစ်ကမ္ဘာလုံးတွင် စီးပွားရေး၊ ပညာရေး အဖက်ဖက်ထိခိုက်လျက်ရှိပါသည်။ ကိုဗစ်ရောဂါကို တိုက်ထုတ်နိုင်သည့်အကောင်းဆုံးဆေးမှာ လူ၏ကိုယ်တွင်းရှိ ခုခံအားစနစ်ပင်ဖြစ်ပါသည်။ ကိုယ်ခံအားစနစ်သာကောင်းမွန်နေခဲ့လျှင် ကိုဗစ်ရောဂါဝင်ခဲ့သော်လည်း ခုခံအားက အလိုလိုတိုက်ထုတ်ပေးသောကြောင့် ပြန်လည်ကောင်းမွန်လာမည်မှာ အသေအချာဟု ဆရာဝန်များ၊ သမားတော်များက ပြောကြပါသည်။

    ထို့ကြောင့် ကိုယ်ခံအားကောင်းမွန်စေရန် စားသုံးသင့်သောအစားအသောက်များကို ဖော်ပြပေးပါမည်။

    သံဓာတ်၊ ဗိုက်တာမင်စီနှင့် ဇင့်ဓာတ်များသည် ကိုယ်ခံအားကောင်းရန် လိုအပ်သောအခြေခံဖြစ်ပါသည်။ သံဓာတ်အနေနှင့် အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ ဟင်းနုနယ်၊ ပဲအမျိုးမျိုး၊ တို့ဖူးစသည်တို့ဖြစ်ပါသည်။ ေကျးလက်နေပြည်သူများအနေနှင့်လည်း မိမိတို့အိမ်တွင်ရှိသော ဟင်းသီးဟင်းရွက်များကို ကြော်စားခြင်း၊ တို့စားခြင်း၊ အိမ်တွင်သိုလှောင်ထားသော ပဲအမျိုးမျိုးကို ပြုတ်စားခြင်း၊ ချက်စားခြင်းများ အလွယ်တကူပြုလုပ်နိုင်ပါသည်။

    ဗိုက်တာမင်စီကြွယ်ဝစေရန် အချဥ်ဓာတ်ပါသော သံပုရာသီး၊ သံပုယိုသီး၊ ကင်ပွန်းချဥ်ရွက်၊ ချဥ်ပေါင်ရွက်၊ ကိုက်လန်၊ ငရုတ်ပွ၊ ပန်းဂေါ်ဖီစိမ်းတို့ကို အမျိုးမျိုးပြုလုပ်စားသောက်နိုင်ပါသည်။

    ဇင့်ဓာတ်အနေနှင့် အခွံမာအသီးများဖြစ်သောသစ်ချသီး၊ သစ်ကြားသီး၊ ဗာဒံစေ့၊ သီဟိုစေ့တို့အပြင် ပုစွန်၊ ဂဏန်းတို့ကိုလည်း စားပေးရပါမည်။

    အဆိုပါ ဓာတ်သုံးမျိုးအပြင် ကိုယ်ခံအားကောင်းစေသော စွပ်ပြုတ်များကိုလည်း သောက်သုံးပေးသင့်ပါသည်။

    ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးရန်​ ကြက်သား၊ ကြက်သွန်ဖြူအနည်းငယ်၊ ဂျင်းအနည်းငယ်နှင့် မုန်လာဥအဖြူတို့ကို စွပ်ပြုတ်ချက်ကာ ပူပူနွေးနွေးသောက်နိုင်ပါသည်။ မုန်လာဥအဖြူသည် အအေးမိခြင်းကို ထိရောက်စွာတွန်းလှန်နိုင်ပြီး ကြက်သွန်ဖြူနှင့် ဂျင်းသည် အဖျားရောဂါများကို သက်သာစေပါသည်။ အဓိကပါဝင်သောကြက်သားသည် အသားဓာတ်ကိုရရှိစေနိုင်ကာ ယခုလိုကာလတွင် ရိုးရှင်းပြီး ချက်ရလွယ်ကူသော မုန်လာဥဖြူစွပ်ပြုတ်သည် ကိုယ်ခံအားကောင်းရန် အမှန်တကယ်အထောက်အကူပြုနိုင်ပါသည်။ သက်ကြီးရွယ်အိုများ ကလေးများပါ စားသုံးနိုင်ပါသည်။

    မိမိအိမ်တွင်ရှိသော အသီးအနှံမျိုးစုံကို ကြက်ဥသာဖောက်ထည့်ပြီး ကြက်သွန်ဖြူခပ်၍လည်း ဟင်းချိုအဖြစ်သောက်နိုင်ပါသည်။ ယခုကာလတွင် ငွေကုန်ကြေးကျသက်သာပြီး အာဟာရပြည့်အောင် စားသုံးတတ်ရန်လည်းလိုပါသည်။

    ထို့ပြင် ကိုယ်ခံအားကောင်းစေရန် သံပုရာသီး၊ ပန်းသီး၊ သခွားသီး၊ ဂျင်းနှင့် မိမိနှစ်သက်ရာ သစ်သီးတစ်မျိုကိုရေစိမ်ကာ ထိုသစ်သီးစိမ်ရည် (Detox water)များကိုလည်းသောက်သုံးသင့်ပါသည်။

    ရေနွေးပူပူတွင် သံပုရာရည်အနည်းငယ်၊ ဂျင်းအနည်းငယ်စိမ်ကာ နွေးအောင်ထား၍ ညအိပ်ခါနီးတိုင်းလည်း တစ်ခွက်သောက်သင့်ပါသည်။ ဂျင်းသည်လည်း ကိုယ်ခံစွမ်းအားကို မြှင့်တင်ရာတွင် အရေးပါလှပါသည်။

    နေ့စဥ်အစားအစာတွင် ဥတစ်မျိုးမျိုး၊ ပဲ သို့မဟုတ် အသားတစ်မျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို ပါအောင်စားရပါမည်။ နွားနို့နှင့် ဒိန်ချဥ်များကိုလည်း သောက်သုံးသင့်ပါသည်။ အစာလည်းဆေး ဆေးလည်းအစာဆိုသကဲ့သို့ ငွေကုန်ခံ၍ ဆေးများဝယ်စရာမလိုဘဲ မိမိတို့စားနေသော အစားအစာများကိုသာ အာဟာရပြည့်ဝစွာစားသုံးပေးမည်ဆိုပါလျှင် ကိုဗစ်ရောဂါကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပြီးသားဖြစ်ပါသည်။ ထို့ကြောင့် ငွေကုန်ကြေးကျသက်သာပြီး လုပ်ရလွယ်သောအထက်ပါစားစရာများကို ကျေးလက်နေပြည်သူများပါ စားသောက်ရင်း ကိုဗစ်ရောဂါဆိုးကို တွန်းလှန်နိုင်ကြပါစေဟု ရည်ရွယ်ပြီးရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။