အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မုန်လာဥပိုးတီ လုပ်စားရအောင်

မုန်လာဥပိုးတီ လုပ်စားရအောင်

     မုန်လာဥတွင် အဖြူနှင့် အနီနှစ်မျိုးရှိရာ အနီကို ခါကြက်ဥ သို့မဟုတ် ဥနီ ဟုမျိုးစုံခေါ်တတ်ကြပါသည်။ ​မြန်မာနိုင်ငံတွင် မုန်လာဥအဖြူကို ဟင်းချက်၍လည်းကောင်း၊ ပြုတ်တို့၍လည်းကောင်း၊ ချဥ်ဖတ်စိမ်၍လည်းကောင်း စားကြသကဲ့သို့ ဥနီကိုမူ ဟင်းချိုများ အစိမ်းကြော်များတွင်လည်းကောင်း၊ သီးသန့်ကြော်၍လည်းကောင်း၊ သုတ်၍လည်း​ကောင်း၊ ကိုးရီးယားဂင်မ်ချီများတွင်ထည့်၍လည်းကောင်း စားကြပါသည်။

    သို့သော် မုန်လာဥအဖြူကို ပိုးတီလုပ်စားသည့်နည်းကိုမူ သိသူနည်းပါးပါသည်။ ပိုးတီဆိုသည်မှာ မိမိပြုလုပ်လိုသည့် ဟင်းသီးဟင်းရွက်ကို ရှာလကာရည်ဖြင့်အချဥ်စိမ်ကာ စားသုံးခြင်းဖြစ်ပါသည်။ မုန်လာဥပိုးတီပြုလုပ်ရန်အတွက်

၁။ မုန်လာဥအဖြူတစ်စီး

၂​။ ရှာလကာရည် (ယောက်ချိုဇွန်း ၃ဇွန်း)

၃။ ဆား (ထမင်းစားဇွန်းတစ်ဝက်)

၄။ မြေပဲဆီ (ထမင်းစားဇွန်း၄ဇွန်း)

၅။ နှမ်းအနည်းငယ်

၆။ ကြက်သွန်နီဆီချက်အနည်းငယ်

၇။ ပုစွန်ခြောက်မှုန့်အနည်းငယ်

၈။ ဟင်းချိုမှုန်အနည်းငယ်တို့လိုအပ်ပါသည်။

    ပထမဦးစွာ မုန်လာဥများအား ရေ​ဆေးသန့်စင်ကာ ပိုးတီပုံစံရအောင် လှီးရပါမည်။ ပိုးတီပုံစံဆိုသည်မှာ မုန်လာဥအား ပထမဦးစွာ ​တစ်ဖက်မှအတည့်လှီးကာ နောက်တစ်ဖက်မှ စောင်း၍ မပြတ်အောင်လှီးလျှင်ရပါသည်။ ပိုးတီပုံစံသည် အလှဆင်ခြင်းသာဖြစ်၍ အကယ်၍မရပါက နှစ်ဖက်ကို ဆက်တိုက်အတွဲလိုက်လှီးချလည်းရပါသည်။ 

    ထို့နောက် မုန်လာဥများအား ဆားရေတွင် တစ်နာရီခန့်စိမ်ပြီးနောက် အရည်များကိုသွန်၍ ရေစစ်ထားရပါမည်။ ဆားရေစိမ်ရခြင်းသည် မုန်လာဥများတွင် ပါဝင်သော စပ်သည့်ဂုဏ်သတ္တိလျော့နည်းသွားရန်ဖြစ်ပါသည်။ ထိုဆားရေစစ်ထားပြီးနောက် ရှာလကာရည်ထည့်ကာ လက်ဖြင့် ဆုပ်နယ်ပေးရပါမည်။ ရှာလကာရည်ကို တစ်နာရီခန့်စိမ်ပြီးသောအခါ မုန်လာဥများသည် ကြွပ်လာပြီဖြစ်ပါသည်။ ထိုအချိန်တွင် မြေပဲဆီ၊ ပုစွန်ခြောက်မှုန့်၊ ဟင်းချိုမှုန့် ၊ ကြက်သွန်နီဆီချက်အဖတ်များထည့်ကာ ဖွဖွလေးဖြစ်အောင်နယ်၍ နောက်ဆုံးတွင် နှမ်းကိုအပေါ်ယံမှ ဖြူးပေးရပါမည်။ 

    အရသာရှိကာ ကြွပ်ရွသော မုန်လာဥပိုးတီကို ချက်ချင်းပင် ထမင်းဖြူနှင့် ငရုတ်သီးခြောက်ကြော်ရောကာ တွဲဖက်သုံးဆောင်နိုင်ပါသည်။ ထမင်းမြိန်စေသော  ချဥ်ချဥ်ကြွပ်ကြွပ်မုန်လာဥပိုးတီကို ကိုယ်တိုင်လုပ်စားနိုင်ရုံမက တနိုင်တပိုင်လည်း ရောင်းချနိုင်ပါသည်။

     မုန်လာဥအဖြူတွင် ဗိုက်တာမင်အီး၊ ဗိုက်တာမင်အေ၊ ဗိုက်တာမင်စီတို့အပြင်  ပိုတက်စီယမ်၊ အိုင်းရင်း၊ ဇင့်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ မန်းဂနိစ်၊ ​ဖိုင်ဘာတိို့ပါဝင်ပါသည်။ ထို့ကြောင့် မုန်လာဥအဖြူစားခြင်းသည် ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးခြင်း၊ နှလုံးကြွက်သားများကိုအားကောင်းစေခြင်း၊ အစာချေဖျက်မှုကို လှုံ့ဆော်ပေးခြင်း၊ ကင်ဆာကို တွန်းလှန်စေခြင်း၊ ကိုယ်အလေးချိန်ကျဆင်းစေခြင်း၊ သွေးဖိအားကိုထိန်းပေးခြင်း၊ အရေပြားရောဂါများကိုသက်သာစေခြင်း စသောကျန်းမာရေးအထောက်အကူပြုခြင်းများကြောင့် မုန်လာဥပိုးတီလုပ်စား၍လည်း အစာလည်းဆေး ဆေးလည်းအစာအဖြစ် ဖန်တီးကြစေလိုကြောင်းရေးသားအပ်ပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

လေးစားရပါသော တောင်သူကြီးများခင်ဗျာ... ဖရဲစစိုက်မှာမို့ ဖရဲအထွက်ကောင်းတဲ့ စိုက်ပျိုးနည်းလမ်းဝေမျှပေးပါအုံး ခင်ဗျာ...တောင်သူကြီးများခကျန်းမာ ချမ်းသာကြပါစေ...ခင်ဗျာ။

U BHONE THWE HTAN • ဖြေကြားချက် 1 ခု

မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Nyi Nyi Aung • ဖြေကြားချက် 2 ခု

ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့

Saung • ဖြေကြားချက် 2 ခု

မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့

Hlaing Min Tun • ဖြေကြားချက် 1 ခု

ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေး​လဲညွန်ပါအုံးဆရာ

မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။