အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရေခဲသေတ္တာတွင်းမသိမ်းထားသင့်တဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံများ

ရေခဲသေတ္တာတွင်းမသိမ်းထားသင့်တဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံများ

     တောင်သူဦးကြီးများရှင့် ယနေ့ခေတ်မှာ ကျွန်မတို့တွေက ဈေးကနေဖြစ်ဖြစ် ကိုယ့်စိုက်ခင်းခြံထဲကနေထွက်တာပဲဖြစ်ဖြစ် ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေကို မချက်ပြုတ်ခင်မှာ ရေနဲ့ဆေးကြောပြီးရေခဲသေတ္တာထဲကို အလွယ်တကူ ထည့်သိမ်းလေ့ရှိကြပါတယ်။ အစားအစာတွေကို ကြာခံစေချင်တာရယ် လတ်လတ်ဆတ်ဆတ် စားချင်တာရယ်ကြောင့် ရေခဲသေတ္တာထဲထည့်သိမ်းကြတာမဟုတ်ပါလား။ ဒီလိုထည့်သိမ်းတဲ့အခါ ထည့်သင့်မထည့်သင့်တာ သေချာသိရှိထားဖို့ လိုမယ်ထင်ပါတယ်။ ရေခဲသေတ္တာထဲ မထည့်သင့်တာကို ထည့်မိတဲ့အခါ ဟင်းသီးဟင်းရွက်တွေ ပျက်စီးသွားနိုင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးမရှိစေမှု ဖြစ်စေတဲ့အတွက် သိရှိထားတဲ့အခါရှောင်ရှားရလွယ်ကူတာပေါ့။

(၁) ခရမ်းချဉ်သီး

    ခရမ်းချဉ်သီးမှည့်ကိုရေခဲသေတ္တာထဲထည့်သိမ်းမိတဲ့အခါ ခရမ်းချဉ်သီးကအရည်တွေထွက်လာပြီး မနှစ်မြို့စရာဖြစ်သွားပါတယ်။ ခရမ်းချဉ်သီးက တအားမှည့်ပြီးများနေရင်တော့ ဆော့စ်လုပ်ပြီး သိမ်းဆည်းနိုင်ပါတယ်။ ခရမ်းချဉ်သီးအစိမ်းကို ထည့်သိမ်းမိရင်တော့ ခရမ်းချဉ်သီးကမရင့်မှည့်တော့ဘဲ အနီရောင် အဖြစ်ပြောင်းလဲသွားခြင်းမရှိတော့ပါ။ ခရမ်းချဉ်သီးကိုရင့်မှည့်စေချင်ရင် အခန်းတွင်း အပူချိန်မှာဘဲ သိမ်းဆည်း ထားသင့်ပါတယ်။ ခရမ်းချဉ်သီးကို သိုလှောင်သိမ်းဆည်းချင်ရင် နေရောင်ခြည် အနည်းငယ်ရတဲ့နေရာမှာ သိုလှောင်သိမ်းဆည်းဖို့အကောင်းဆုံးပါ။

(၂) ဖရုံသီး

    ဖရုံသီးကအေးပြီးခြောက်သွေ့တဲ့နေရာမှာ သိုလှောင်သိမ်းဆည်းသင့်တယ်ဆိုပေမဲ့ စိုစွတ်တဲ့နေရာဖြစ်လို့မရပါဘူး ဥပမာ(ရေခဲသေတ္တာ)ပေါ့။ အထူးသဖြင့် ဖရုံသီးကိုသိမ်းဆည်းမယ်ဆို ပူပြီးစိုစွတ်တဲ့နေရာကို ရှောင်ရှားသင့်ပါတယ်။ ဖရုံသီးပုပ်ခြင်းကို ကြိုတင်ကာကွယ်ရန် ဖရုံသီးသိမ်းဆည်းတဲ့အခါ သမံသလင်း၊ ကွန်ကရစ် မျက်နှာပြင်များပေါ်တွင် တိုက်ရိုက်ထားခြင်းထက် ကတ္ထူပြားပေါ်မှာထားသင့်ပါတယ်။

(၃) အာလူး

    အာလူးကိုအေးခဲအောင်ထားတဲ့အခါ ကစီဓာတ်ကနေသကြားဓာတ်ကိုပြောင်းတဲ့အတွက်ကြောင့် အာလူးချိုစေချင်ရင်တော့ ရေခဲသေတ္တာထဲ ထည့်သင့်ပါတယ်။ အာလူးကိုအေးပြီးခြောက်သွေ့ကာ အလင်းရောင်မရနိုင်တဲ့နေရာမှာ အညှောင့်မထွက်လာစေရန်အတွက်ထားသင့်ပါတယ်။ အာလူးကို ကြက်သွန်နားမှာထားတဲ့အခါ ပုပ်ခြင်းကိုဖြစ်စေတဲ့အတွက် ဝေးဝေးမှာထားသင့်ပါတယ်။

(၄) ကြက်သွန်နီ၊ ကြက်သွန်ဖြူ

    ကြက်သွန်ကိုရေခဲသေတ္တာထဲထည့်သိမ်းတဲ့အခါ ပျော့ဖတ်ပြီးတော့ မှိုစွဲနိုင်တဲ့အတွက် မထည့်သင့်ပါဘူး။ ကြက်သွန်ကို အာလူးနဲ့ဝေးတဲ့အေးပြီးခြောက်သွေ့တဲ့နေရာတွင်သာ သိုလှောင်သင့်ပါတယ်။

(၅) ကန်စွန်းဥ

    ကန်စွန်းဥကို ရေခဲသေတ္တာထဲထည့်သိမ်းလျှင် အတွင်းသားမာလာပြီး အရသာမရှိတော့သည်ကိုဖြစ်စေပါတယ်။ ကန်စွန်းဥကို သိုလှောင်သိမ်းဆည်းမည်ဆိုလျှင် အေးပြီးခြောက်သွေ့ကာ လေဝင်လေထွက် ကောင်းမွန်သည့် နေရာတွင် သိမ်းဆည်းသင့်ပါတယ်။ ကန်စွန်ဥသည်လည်း ကြက်သွန်ဥအနီးအနားမှာထားတဲ့အခါ ပုပ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

(၆) သခွားသီး၊ ခရမ်းခေါင်းသီး၊ ငရုပ်သီး

    အပူပိုင်းဒေသမှာပေါက်သည့်အသီးတွေက အေးသည့်အခြေအနေကို မနှစ်မြို့ခြင်းသည်သဘာဝပါ။ ထို့ကြောင့်ထိုအသီးတွေကို ရေခဲသေတ္တာထဲထည့်သိမ်းမိတဲ့အခါ အချို့နေရာများတွင် ပျော့ကာ အချိုင့်အခွက်များဖြစ်ပေါ်လာခြင်းကို ဖြစ်စေနိုင်ပါတယ်။

(၇) စိမ်းစားဥ

    စိမ်းစားဥကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ မဖုံးဘဲနဲ့ ၃ပတ်လောက်ထားနိုင်ပါတယ်။ စိမ်းစားဥကို အလွှာလိုက်လှီးပြီး ပလတ်စတစ်အိတ်နဲ့ ထုတ်ပိုးကာရေခဲသေတ္တာထဲ သိမ်းမည်ဆိုလျှင် ၂ပတ်ခန့် သိမ်းလို့တော့ရပါတယ်။ စိမ်းစားဥက ရေဖြင့်ထိမိလျှင် မှိုစွဲတတ်သည်ကိုတော့သတိထားရပါမယ်။

(၈) ပန်းသီး၊ သစ်တော်သီး

    ပန်းသီး၊သစ်တော်သီးတို့ကို ရေခဲသေတ္တာထဲမှာ ကြာရှည်စွာ သိမ်းဆည်းသည့်အခါ အရသာနဲ့ ပါဝင်ဓာတ်ပစ္စည်းတွေဆုံးရှုံးနိုင်ပါတယ်။

(၉) ငှက်ပျောသီး

     ငှက်ပျောသီးကို ရေခဲသေတ္တာထဲထည့်သိမ်းသိမ်းသည့်အခါ ငှက်ပျောခွံက အမဲရောင်အဖြစ်ပြောင်းသွားပြီး ငှက်ပျောအရသာ မချိုခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။

(၁၀) ဖရဲသီး

    ဖရဲသီးကိုရေခဲသေတ္တာထဲထည့်သိမ်းလျှင်လည်း ဖရဲသီး၏အနံ့နှင့် လှပသည့်အနီရောင်သည် အရောင်ပြောင်းသွားနိုင်သည့်အတွက် ၃ရက်ထက်ပိုပြီးမသိမ်းပါဘူး။

    ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများသိမ်းဆည်းတဲ့အခါ အခန်းတွင်းအပူချိန်နှင့်နေရောင်ခြည် တိုက်ရိုက်မရနိုင်သည့်နေရာများတွင် သိမ်းဆည်းခြင်းသည် အကောင်းဆုံးပါ။ အစိုဓာတ်ကိုလျှော့ချရန်အတွက် ပလတ်စတစ်အိတ် (သို့)လေဝင်လေထွက် ကောင်းမွန်သည့်ဖလား၊ ခွက်ဖြင့် သိမ်းဆည်းခြင်း လည်းပြုလုပ်နိုင်ပါတယ်။ ပလတ်စတစ်အိတ်ကိုချည်ပိတ်ပြီးသိမ်းဆည်းခြင်းကိုတော့ မပြုလုပ်သင့်ပါ။အသီးများရင့်မှည့်မှုကိုနှေးကွေးစေပြီး လျှင်လျှင်မြန်မြန်ပျက်စီးနိုင်သည့်အတွက်ကြောင့်ပါ။

      ဦးကြီးတို့၏သစ်သီးဝလံများ အမြန်ရင့်မှည့်စေလိုလျှင် ပန်းသီး၁လုံးအား ၅ခြမ်း ၆ခြမ်းစိတ်ကာ ထိုအသီးနားတွင်ထားခြင်းအားဖြင့် ပန်းသီးမှထုတ်လွှတ်လိုက်တဲ့ အီသိုင်းလင်းဓာတ်ကသစ်သီးဝလံများကို အမြန်မှည့်စေပါတယ်။

ကိုးကား- https://www.healthymummy.com/22-fruits-vegetables-shouldnt-putting-fridge/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။