အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အိမ်ရှင်မ ဖတ်စာ

အိမ်ရှင်မ ဖတ်စာ

Green Way
Green Way • Greenovator • 23/03/2020

    အသီးအရွက်တွေကို ၁ % ရှာလကာရည်နဲ့စိမ်ပြီး ဆေးတာက မျက်နှာပြင်မှာကပ်နေတဲ့ အီးကိုလိုင်း (E.coli) လို ဘက်တီးရီးယားတွေကပ်ငြိနေခဲ့ရင် သန့်စင်ဖို့ပါ။ 

    မုန့်ဖုတ်ဆိုဒါနဲ့စိမ်ခြင်းကတော့ အသီးအရွက်တွေ အစိမ်းစားဖို့ဆိုရင် ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေ ၂ လီတာမှာ အသီးအရွက် ၁ ကီလိုဂရမ် အထိ စိမ်လို့ရပါမယ်။ ၁၀ - ၁၅ မိနစ် စိမ်ရပါမယ်။

    ချက်ပြုတ်စားမယ်ဆိုရင်တော့ ၁၀ မိနစ်ခန့်ဆို အဆင်ပြေပါတယ်။ ပြီးရင် ရေ (Tap water) နဲ့ ၃ ကြိမ်ဆေးပါ။ ၃ ကြိမ်မှာ ရေခဲရေတစ်ကြိမ်သုံးနိုင်ရင် ပိုအဆင်ပြေပါမယ်။ ဒါက ပိုးသတ်ဆေးဓာတ်ကြွင်းပါခဲ့ရင် လျော့ချနိုင်ဖို့ပါ။

    ဆားရည်စိမ်မယ်ဆိုရင်တော့ ၂ % ဆားနဲ့ ရေတစ်လီတာ အချိုးပါ။ အချိန်ကတော့ ၁၀ - ၂၀ မိနစ်ဆိုရင် လုံလောက်ပါတယ်။ စိမ်ပြီးရင်တော့ ရေ ၂ ထပ်လောက်ဆေးဖို့ လိုပါမယ်။

    စိမ်တဲ့အချိန်ကြာရင် ဘာဖြစ်မလဲဆိုတော့ (ဥပမာ ၁ နာရီထက်ပိုစိမ်ရင်) အာဟာရတန်ဖိုးလျော့နိုင်သလို အသီးအရွက်ရဲ့ texture အရလည်း စားသုံးတဲ့အခါ နူးညံ့မှုလျော့စေပါတယ်။ အထူးသဖြင့်ကတော့ ချက်ပြုတ်ပြင်ဆင်ရမယ့်ကာလ ပိုရှည်တော့ ခရီးမတွင်ဘူးပေါ့။ 

    မုန့်ဖုတ်ဆိုဒါသည် စနစ်တကျ (အချိုးအစား အချိန်) မှန်ကန်စွာစိမ်ရင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးအများစုရဲ့ဓာတ်ကြွင်းကို ၈၀% အထက်အထိ လျော့ချနိုင်ပါကြောင်း။

DaDa

2002 B.Agr.Sc 

(သီးနှံကာကွယ်ရေးဆိုင်ရာ အထွေထွေဗဟုသုတများ)

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ) 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။