အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ပေးမယ့် ဖရဲသီး Smoothie ဖျော်ရည်

ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ပေးမယ့် ဖရဲသီး Smoothie ဖျော်ရည်

Green Way
Green Way • Greenovator • 16/01/2020

အားလုံးပဲ မင်္ဂလာပါ။ ကိုလက်စတောဓါတ် လုံးဝမပါ။ အဆီဓါတ်လည်း လုံးဝမပါတဲ့ သစ်သီးဖျော်ရည်များ သောက်သုံးချင်သူများအတွက် ဖရဲသီး Smoothie ဖျော်ရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ဒီဖျော်ရည်လေးက ဗီတာမင် အေ၊ ဗီတာမင် B6 နဲ့ ဗီတာမင်စီတို့လည်း ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် အုန်းရည်လေး အနည်းငယ် ရောထည့်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ကို ရေဓါတ်ဖြည့်တင်းပေးတဲ့အတွက်ကြောင့် လန်းဆန်းတက်ကြွစေပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • ဖရဲသီး ၃ပုံ ၁ပုံ (ပါးပါးလှီးထားပါ)

  • နာနတ်သီး တစ်စိပ် (ပါးပါးလှီးထားပါ)

  • ငှက်ပျောသီးမှည့် တစ်ဝက် (ပါးပါးလှီးထားပါ)

  • အုန်းရည် ၁၂၅ မီလီလီတာ

  • ဒိန်ချဥ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သံပယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဖရဲသီး စိပ်၊ နာနတ်သီးနှင့် ငှက်ပျောသီးတို့ကို အတုံးခပ်သေးသေးတုံးထားလိုက်ပါ။

၂။ သစ်သီးဖျော်စက်ထဲသို့ ထိုသစ်သီးများ အားလုံးထည့်ပြီး အနှစ်များရအောင် မွှေပေးလိုက်ပါ။

၃။ ထို့နောက် အုန်းရည် ၁၂၅ မီလီလီတာ၊ ဒိန်ချဥ် စားပွဲတင်ဇွန်း ၂ ဇွန်း နှင့် သံပရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း တို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

အားလုံးသမသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဖရဲသီး Smoothie ဖျော်ရည်လေးရရှိသွားပါပြီ။ ဖန်ခွက်ထဲထည့်ကာ အရသာရှိရှိသောက်သုံးနိုင်ပါပြီ။

Source: Pickledplum.com

MyFood Myanmar website မှ ကူးယူဖော်ပြပါသည်။

 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။