ကျန်းမာရေးဓာတ်စာအဖြစ် စားသုံးနိုင်သော ကြွက်နားရွက်မှိုသုပ်
ကြွက်နားရွက်မှို ကျန်းမာရေးအထောက်အကူပြုပုံ
ကျန်းမာရေးအနေဖြင့် ကယ်လိုရီပါဝင်မှုနည်းသောကြောင့် သွေးတွင်းသကြားဓာတ်ကိုမတက်စေနိုင်ပါ။ ထိုကြောင့် ဆီးချိုသမားများစားသုံးရန် သင့်တော်ပါသည်။ အစားရှောင်ပြီး ဝိတ်ချလိုသူများအတွက် အကောင်းဆုံးမှိုလည်းဖြစ်သည်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အူမကြီးဆိုင်ရာရောဂါများမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်သည်။ ကင်ဆာကျိတ်များ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပြီး သွေးတွင်းကိုလတ်စထရောနှင့် ခန္ဓာကိုယ်အတွက် အကျိုးမဖြစ်သော အဆီများကိုပါကျဆင်းစေနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ကြွက်နားရွက်မှိုခြောက်ကို ကြာဆံဟင်းခါးချက်ရာတွင်သာ တွင်တွင်ကျယ်ကျယ် အများဆုံးအသုံးပြုသည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့် တခြားနည်းလမ်းနှင့်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ကြွက်နားရွက်မှိုကို စားသုံနိုင်ကြောင်း သိရှိစေလိုသည့်အတွက် ကြွက်နားရွက်မှို သုပ်နည်းကို ရေးသားပေးလိုက်ပါတယ်ရှင့်။
ကြွက်နားရွက်မှို သုပ်
- အခြောက်ခံထားတဲ့ ကြွက်နားရွက်မှိုမဟုတ်ပဲ အပင်က လတ်လတ်ဆတ်ဆတ် ခူးထားတဲ့မှိုအစိုလေးကို သုပ်စားလို့ရပါတယ်။
- ပထမဆုံးအနေနဲ့မှိုထုပ်က ခူးလာတဲ့မှိုကို ရေနာရီဝက်ခန့် စိမ်ထားရပါမယ်။.
- စိမ်ထားတုန်းမှာ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ နံနံပင် ကြိုက်လျှင်သုံးနိုင်ပါတယ်။
- ကြက်သွန်ဖြူ အမွှာကြီး၂မွှာကိုဆီချက်လုပ်ဖို့ ပါးပါးလှီးပါ၊ ဆီသတ်ပါ၊ ဝါချင်ပါကနနွင်းထည့်ပါ မဝါချင်ပါက မထည့်လည်းရပါသည်။ မြေပဲလှော်ထောင်းထားပါ။

- အကုန်ပြီးပါက ရေနွေးတည်ပါ ပွက်လာပါက မှိုကို ၃မိနစ် လောက်ထည့်ပြုတ်ပြီး ပြန်ဆယ်ပါ။ ရေခဲရေနှင့် ပြန်စိမ်ပါ ရိုးရိုးရေအေးနှင့်စိမ်လည်းရပါတယ်။
(မှတ်ချက်- ရေအေးပြန်စိမ်ခြင်းမှာ မာမာထုတ်ထုတ်လေးဖြစ်နေစေရန်ဖြစ်သည်။)
- မှို ရေစိမ်ပြီးပါက ရေစစ်ပြီး အနေတော်လေးညှပ်ပါ။
- နောက်ဆုံးမှာ မှိုညှပ်ထားတာရယ် ကြက်သွန်ပါးပါးလှီးထားတာရယ် ငရုတ်သီးစိမ်းရယ်ကို ပန်းကန်းထဲထည့်ပါ။ ဆား (သို့) ငံပြရည်နှင့်မြေပဲဆံထောင်းထားသည်ကိုထည့်ပါ။
- ဆီချက်ထည့်ပါ သံပုရာသီးညှစ်ထည့်ပါ။
- အကုန်လုံး ရောနယ်လိုက်ပါ....ပဲမှုန့်ကြိုက်လျှင်ထည့်လို့ရပါသည်...
ဒါဆိုရင် အရသာရှိတဲ့ကြွက်နားရွက်မှိုသုပ်လေး ရပါပြီ။.... ✌✌✌

သတ်သတ်လွတ်သမားတွေအတွက် ငံပြာရည်အစား ဆားနဲ့သုပ်စားရင် သတ်သတ်လွတ် အသုပ်တမျိုးရပါတယ်ရှင့်..
ကြွက်နားရွက်မှို အစိုမရှိလည်း မှိုခြောက်ကို ၃နာရီလောက် ရေစိမ် နည်းနည်းကြာကြာပြုတ်ပြီး ရေအေးထဲပြန်စိမ်ပြီး သုပ်စားလို့ရပါတယ်ရှင့်.....
ကဲ အရသာရှိပြီး အာဟာရဖြစ်ကာ ကျန်းမာရေးအထောက်အကူပြုတဲ့ မှိုသုပ် (salad) သုပ်စားကြည့်ကြရအောင်နော်....
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Nyo Nyo
လွန်ခဲ့သော ၅ နှစ် ကစမ်းကြည့်အုံးမယ်
ဦးမြင့်အောင်
လွန်ခဲ့သော ၅ နှစ် ကစားကြည့်ဘူးပါတယ် ကောင်းပါတယ်
ဝတ်ရည်အောင်
လွန်ခဲ့သော ၅ နှစ် ကဟုတ်ကဲ့ပါ ရှင့်
ဝတ်ရည်အောင်
လွန်ခဲ့သော ၅ နှစ် ကဟုတ်ကဲ့ရှင့် ဖတ်ပေးလို့ကျေးဇူးပါ
ဦးဌေးဝင်း
လွန်ခဲ့သော ၅ နှစ် ကနှလုံးသွေးကြောကျဉ်းရောဂါကောင်းတယ်ဆိုလို့သုတ်စားဖြစ်ပါတယ်
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဝတ်ရည်အောင်
အားလုံး