ပလတ်စတစ်ပြဿနာကို မှိုတွေနဲ့ ဖြေရှင်းနိုင်တော့မလား...
Aspergillus terreus နဲ့ Engyodontium album ဆိုတဲ့ မှိုတွေဟာ ပုလင်းတွေနဲ့ အစားအသောက်ဗူးတွေမှာအသုံးပြုသော ခိုင်ခံ့မာကျောတဲ့ ပလတ်စတစ်ဖြစ်တဲ့ polypropylene နမူနာတွေရဲ့ ၁၀၀ ရာခိုင်နှုန်းကို ၅ လအတွင်း စားသုံးခဲ့ကြကြောင်း ဆစ်ဒနီတက္ကသိုလ်ရဲ့ ဓာတ်ခွဲခန်းစမ်းသပ်မှုအတွင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ACS Sustainable Chemistry and Engineering ကနေ ထုတ်ဝေတဲ့ ၂၀၂၀ ခုနှစ် လေ့လာမှုတစ်ခုအရဆို လူသားတွေဟာ တစ်နှစ်လျှင် ပလတ်စတစ်တန်ချိန် သန်း ၄၀၀ ထုတ်လုပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
အဆိုပါ ပလတ်စတစ်အများစုဟာ polypropylene နဲ့ ပြုလုပ်ထားတာဖြစ်ပြီး လေ့လာမှုတွေအရ ပုလင်းအဖုံးများ၊ အစားအသောက်ဗူးများနဲ့ ပလတ်စတစ်ထုပ်ပိုးမှုများ ပြုလုပ်ရာမှာအသုံးပြုလေ့ရှိသော ခိုင်ခံ့မာကျောတဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် polypropylene ဟာ ဆွေးမြည့်ပျက်စီးဖို့ နှစ်ပေါင်း ရာနဲ့ချီကြာနိုင်တာဖြစ်ပြီး နှစ်စဉ် ပလတ်စတစ် စွန့်ပစ်ပစ္စည်းပမာဏ တိုးပွားလာတာနဲ့အမျှ အမှိုက်တွေလည်း စုပုံလာတာဖြစ်ပါတယ်။
ဒါကြောင့် ဆစ်ဒနီတက္ကသိုလ်မှ သုတေသီတွေဟာ ကမ္ဘာပေါ်မှာ ကြီးမားလာနေတဲ့ ပလတ်စတစ်အမှိုက်ပြဿနာကိုဖြေရှင်းရေးအတွက် ပလတ်စတစ်စားသုံးတဲ့ မှိုတွေကို တီထွင်ဖန်တီးပြီး အဖြေရှာဖို့ တွေးထားကြတာပါ။
သုတေသီအဖွဲ့ကထုတ်ဝေတဲ့လေ့လာမှုမှာ ဖော်ပြထားချက်အရ Aspergillus terreus နဲ့ Engyodontium album မှိုတွေဟာ ရက်ပေါင်း ၉၀ အတွင်း polypropylene နမူနာတွေရဲ့ ၂၅ ရာခိုင်နှုန်းကို စားသုံးခဲ့ကြောင်းတွေ့ရှိခဲ့တာပါ။ အဲ့ဒီနောက် ရက်ပေါင်း ၁၄၀ အကြာမှာတော့ အဆိုပါ မှိုတွေဟာ polypropylene နမူနာတွေရဲ့ ၁၀၀ ရာခိုင်နှုန်းကို စားသုံးခဲ့တယ်လို့ ဆိုထားပါတယ်။

အဆိုပါ လေ့လာမှုရဲ့ရလဒ်ဟာ ဆစ်ဒနီတက္ကသိုလ်မှ ဦးဆောင်လေ့လာသူ ဘွဲ့လွန်ကျောင်းသူ Amira Farzana Samat နဲ့ ဓာတုအင်ဂျင်နီယာ Ali Abbas တို့ကိုတောင် လန့်ဖျပ်သွားစေခဲ့တာပါ။
“ဒါဟာ ကမ္ဘာပေါ်မှာ ကျွန်တော်တို့သိထားရသလောက် အစီရင်ခံစာ မှတ်တမ်းတွေထဲမှာ အမြင့်ဆုံးနှုန်းထားနဲ့ ပလပ်စတစ်တွေကို ဖြိုခွဲပျက်စီးနိုင်တာပါပဲ” လို့ Abbas က Australian Broadcasting Corporation (ABC) သို့ ပြောကြားခဲ့ပါတယ်။
အဆိုပါ ဓာတ်ခွဲခန်းရလဒ်များထွက်ပေါ်လာစေဖို့အတွက် Samat နဲ့ Abbas တို့ဟာ UV အလင်းရောင်၊ ဓာတုအကူပစ္စည်းများနဲ့ အခြားသော အပူပေးနိုင်တဲ့ အရင်းအမြစ်များကို အသုံးပြုပြီး ပလတ်စတစ်နမူနာတွေကို ပထမဆုံးအနေနဲ့ အပူပေးဖို့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီလိုပြုလုပ်လိုက်ခြင်းဖြင့် ပလပ်စတစ်ကို ပျော့ပျောင်းသွားစေပြီး မှိုတွေ တွယ်ကပ်နိုင်ဖို့အတွက် လွယ်ကူသွားစေတာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ မှိုတွေဟာ ပလတ်စတစ်ကို ပိုမိုထိရောက်တဲ့ နှုန်းထားဖြင့် စတင်စားသုံးနိုင်မှာ ဖြစ်ပါတယ်။
ကနဦးလေ့လာမှုရဲ့ ရလဒ်တွေက အလားအလာကောင်းနေပေမဲ့လည်း တာဝန်ခံမှုနဲ့ အကြီးစားအသုံးချဖို့ ပြဿနာတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။
ကမ္ဘာ့စက်မှုလုပ်ငန်းတွေကထွက်နေတဲ့ ပလတ်စတစ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ထိ ချဲ့ထွင်နိုင်ဖို့ဆိုရင်တော့ စမ်းသပ်မှုအနေနဲ့ အနည်းဆုံး ငါးနှစ် အချိန်ယူရအုံးမှာ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ အဆိုပါ လေ့လာမှုရလဒ်တွေဟာ ပလတ်စတစ်အမှိုက် လျှော့ချဖို့ ကြိုးပမ်းနေမှုတွေကို အတားအဆီးဖြစ်နေမလားဆိုပြီး သုတေသီတွေက စိုးရိမ်နေကြတာပါ။ မြင်သာတဲ့တစ်ချက်က ပလတ်စတစ်တွေကို လျင်မြန်တဲ့နည်းလမ်းတွေနဲ့ ချေဖျက်နိုင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေကို အသုံးပြုလုပ်ကိုင်ထားသည်ဖြစ်စေ လူအတော်များများက သူတို့စားသုံးတဲ့ ပလတ်စတစ်ပမာဏကို လျှော့ချဖို့ လိုအပ်တယ်လို့ မခံစားရတော့တာမျိုး တွေ့လာရနိုင်တာပါပဲ။
“နောက်နှစ်အနည်းငယ် အတွင်းမှာပဲ ကျွန်တော်တို့ပြောခဲ့သလို နည်းပညာကိုယ်တိုင်ကကို အဆင်သင့်ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို တစ်ဦးတစ်ယောက်တည်းကနေတော့ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး”
"ကျွန်ုပ်တို့အနေနဲ့ ပလတ်စတစ်ပြဿနာနဲ့အတူ အကျင့်စာရိတ္တဆိုင်ရာ ကိစ္စများ၊ လူမှုရေးကိစ္စများ၊ စီးပွားရေး ကိစ္စများ စတာတွေကိုလည်း ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒီနည်းပညာက ပြဿနာတွေရဲ့ တစ်ဝက်သာလျှင် ဖြေရှင်းနိုင်ပါသေးတယ်” လို့ ဟု Abbas က ABC ကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လုပ်ငန်းသုံးပစ္စည်းတွေမှာ တွေ့ရလေ့ရှိတဲ့ မြင့်မားသောပုံဆောင်ခဲပုံစံ ပလတ်စတစ်တွေကို ဖြိုခွဲဖို့အတွက်တော့ မှိုတွေဟာ မသင့်လျော်ကြောင်း သုတေသီတွေက မှတ်ချက်ပြုထားကြပါတယ်။ ထို့အတွက်ကြောင့် ပလတ်စတစ်အမှိုက်ပြဿနာအတွက် ဘက်စုံချဉ်းကပ်မှု လိုအပ်တယ်လို့ ကျွမ်းကျင်သူများက အလေးပေးဖော်ပြထားကြပါတယ်။
ဒီလို ကန့်သတ်ချက်တွေနဲ့ စိုးရိမ်မှုတွေရှိနေတဲ့ကြားကနေပဲ သုတေသီတွေဟာ ဆွေးမြည့်ဖျက်ဆီးနိုင်တဲ့ဖြစ်စဉ်ကို အရှိန်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ထားပြီး သူတို့ရဲ့ လေ့လာမှုက ကမ္ဘာကြီးကို အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိမယ်လို့ မျှော်လင့်ထားကြပါတယ်။
အထူးသဖြင့် ဒီလုပ်ငန်းစဉ်ဟာ နှစ်အနည်းငယ်အတွင်းမှာပဲ စက်မှုလုပ်ငန်းအဆင့်အထိကို ချဲ့ထွင်နိုင်လိမ့်မယ်လို့ Abbas က ယုံကြည်ထားတာပါ။
“ကစော်ဖောက်ခြင်း လုပ်ငန်းစဉ်နဲ့ အလွန်ဆင်တူတဲ့ အတိုင်းအတာထိကို ချဲ့ထွင်နေပါတယ်။ နည်းပညာက အဆိုပါလုပ်ငန်းစဉ်တွေအတွက် ရှိပြီးသားဖြစ်ပြီး အခုလက်ရှိမှာတော့ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဓာတုဗေဒလုပ်ငန်းစဉ်ကနေ ကိုးကားသင်ယူနေပြီး ဒီအထူးဖြစ်စဉ်ကို ယူဆောင်လာတာဖြစ်ပါတယ်” လို့ ၎င်းက ABC သို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ သုတေသီအဖွဲ့ဟာ ရှေ့ပြေးစမ်းသပ်မှုပုံစံကို လုပ်ဆောင်နေပြီး ဆွေးမြေ့ပျက်စီးမှု ဖြစ်စဉ်ကို အရှိန်မြှင့်တင်ဖို့ နည်းလမ်းတွေကို စမ်းသပ်နေကာ စီးပွားဖြစ်အသုံးပြုနိုင်ဖို့ အလားအလာရှိသော စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကို အကဲဖြတ်နေတာလည်း ဖြစ်ပါတယ်။
သုတေသီအဖွဲ့အနေနဲ့ ၎င်းတို့ရဲ့ ဓာတ်ခွဲခန်းအဖြေကို စီးပွားဖြစ်ပလတ်စတစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ ပြင်းထန်လှတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နောက်ဆုံးမှာတော့ ကမ္ဘာကြီးအတွက် အလားအလာရှိနေတဲ့ အဖြေတစ်ခုကို ရရှိမှာဖြစ်ပါတယ်။
ဇင်ထူးနိုင်
Ref: https://allthatsinteresting.com/plastic-eating-fungi
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
thet hlaing win
လွန်ခဲ့သော ၃ နှစ် ကန့ုအညာကငုထမပငလြငစာမ့်ျ
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026