ကျည်ကာဝတ်စုံတွေဝတ်ပြီး ထွန်ယက်စိုက်ပျိုးနေကြရတဲ့ ယူကရိန်းလယ်သမားများ
အတင့်ရဲလှတဲ့ ယူကရိန်းက လယ်သမားတွေဟာ ကျည်ကာအင်္ကျီနဲ့ ကျည်ကာဦးထုပ်တွေကို ဝတ်ဆင်ပြီး ရုရှားဒုံးကျည်တွေ တရစပ်ကျရောက်ရာ ရှေးတန်းစစ်မြေပြင်အနီးက လယ်ကွင်းတွေပေါ်မှာ ထွန်ယက်စိုက်ပျိုး လုပ်ကိုင်နေကြပါတယ်။

ဒွန်းဘက်ဒေသမှာ တိုက်ပွဲတွေ သည်းထန်လျက်ရှိနေချိန် 'ဇာပိုရီဇီးယား' ဆိုတဲ့ ဒေသတွင်းမြို့ကလေးက တိုက်ပွဲဖြစ်ပွားရာနဲ့ မိုင်အနည်းငယ်လောက်သာ ကွာဝေးပါတယ်။ မြို့နယ်ရဲ့ အရေးကြီး ယာခင်းတွေဟာလည်း တိုက်ပွဲနယ်မြေတွေအတွင်းမှာ ပါဝင်နေပါတယ်။
စစ်ပွဲစတင်ပြီး တစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီလက်ကုန်လောက်မှာ ကန်ထရိုက်လယ်ယာသမား ယူရီ အလုပ်လုပ်ကိုင်ရာ ဇာပိုရီဇီးယားမြို့ရဲ့ ယာခင်းတွေအနီးကို ရုရှားဒုံးကျည်တွေ စတင်ကျရောက်ခဲ့ပါတယ်။
အေးဆေးတည်ငြိမ်တဲ့ လယ်သမားကြီး ယူရီက ယနေ့တော့ သူ့အလုပ်ရှင် ပေးထားတဲ့ ကျည်ကာအင်္ကျီနဲ့ ဦးထုပ်ကို ဝတ်ဆင်ကာ လယ်ထွန်စက်ကြီး မောင်းနှင်နေပါတယ်။ စစ်မှုတာဝန် ထမ်းဆောင်ခဲ့စဉ်က ဒီဝတ်စုံတွေနဲ့ ရင်းနှီးဖူးပြီးသားဖြစ်ကြောင်း သူ ပြောပြပါတယ်။
အနီးဝန်းကျင် ယာခင်းတွေထဲက လယ်သမားတွေလည်း အလားတူ ချပ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ပြီး လယ်ယာထွန်ယက်နေကြပါတယ်။ သူတို့တွေဟာ နိုင်ငံရဲ့ လူသန်းပေါင်းများစွာကို ကျွေးမွေးဖို့ အလွန်တရာ အရေးပါလှတဲ့ သီးနှံတွေကို စုပေါင်းအားနဲ့ စိုက်ပျိုးနေကြတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ နယ်မြေအတွင်း လက်နက်ကြီးကျရောက်မှု မြင့်တက်လာပေမဲ့ အသက် ၄၁ နှစ်ရှိ ယူရီနဲ့ သူ့လုပ်ဖော်ကိုင်ဖက် အိုလီစီတို့ကတော့ သူတို့စိုက်ခင်းတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ထွန်ယက်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။
"ကျွန်တော်တို့ အိမ်ကနေ ထွက်လာတယ်။ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီး အလုပ်ကို သွားတယ်။ လက်ဖက်ရည်၊ ကော်ဖီ သောက်ပြီးတဲ့အခါ ကျည်ကာတွေ ဝတ်ပြီး အလုပ်စတယ်။ ဂက်စ်တိုင်ကီမှာ ဂက်စ်ဖြည့်ပြီးရင် ကွင်းထဲကို ဆင်းတော့တာပဲ”
"လက်နက်ကြီး ပစ်ခတ်တာတွေ ရှိရင်တော့ သိမ်းစရာရှိတာ သိမ်းပြီး ရုံးကို ပြန်ကြတယ်" လို့ ယူရီက ပြောပါတယ်။
အသက် ၄၃ နှစ်ရှိ အိုလီစီကတော့ ရုရှားက ပစ်ခတ်တဲ့ ဒုံးကျည်တွေဟာ ကြောက်မက်ဖွယ်ရာ ကောင်းပေမဲ့ ညဘက်ရောက်မှ ပစ်ခတ်လေ့ရှိတာကြောင့် နေ့ပိုင်းမှာ အလုပ်လုပ်ဖြစ်တယ်လို့ ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်အပြီးမှာ လယ်သမားတွေဟာ ကိုယ့်စိုက်ခင်းကိုယ် ဝင်စစ်ပြီး ဒုံးကျည်ခွံတွေ၊ အမှိုက်သရိုက်တွေ ရှင်းလင်းဖို့ လိုအပ်ရင် တတ်သိပညာရှင်တွေကို ခေါ်ယူရှင်းလင်းစေတယ်လို့ ပြောပါတယ်။
ယူကရိန်းဟာ ကမ္ဘာမှာ ဂျုံတင်ပို့မှု ပဉ္စမအများဆုံးနိုင်ငံ ဖြစ်ပြီး ပြောင်းဖူး၊ မုယောစပါးနဲ့ နေကြာ တင်ပို့မှုမှာ ထိပ်ဆုံးသုံးနိုင်ငံအတွင်း ဝင်ရောက်ပါတယ်။
ကမ္ဘာ့ဈေးကွက်အတွင်း ယူကရိန်းကောက်ပဲသီးနှံတွေ တင်ပို့ဖို့ အခက်အခဲ ရှိလာတာကြောင့် ကမ္ဘာ့တစ်ဝန်းက စားသောက်ကုန်စည်ဈေးနှုန်းတွေ မြင့်တက်သွားခဲ့ပါတယ်။
ယူကရိန်းစိုက်ပျိုးရေးဝန်ကြီးကတော့ လယ်သမားတွေဟာ ယခုနှစ် နွေဦးသီးနှံ ဧရိယာ လျာထားချက်ရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ဟက်တာ ၂ ဒသမ ၅ သန်း စိုက်ပျိုးပြီးကြောင်း၊ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် စိုက်ဧရိယာ ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းနိုင်ကြောင်း ပြီးခဲ့တဲ့အပတ်က ပြောထားပါတယ်။
ဝေယံဟိန်း (B.Ag)
Photo crd - Reuters
Ref: Ukrainian farmers don bulletproof vests and helmets to plough frontline fields as Russian rockets rain down - Daily Mail
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆက်စပ်မေးခွန်းများ
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 2 ခု
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 1 ခု
ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏
ကိုအောင်မြင့်မြတ် • ဖြေကြားချက် 1 ခု
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 1 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023