အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တောမီးလောင်ဖို့ ဘာကြောင့်လို..

တောမီးလောင်ဖို့ ဘာကြောင့်လို..

နွေရာသီရောက်တိုင်း တောမီးလောင်တတ်ပါတယ်။ အထူးသဖြင့် သြစတြေးလျ၊ အမေဇုန်သစ်တော၊ အမေရိကားအနောက်ပိုင်းပြည်နယ်တွေနဲ့ ရုရှား ဆိုက်ဘေးရီးယားဒေသတို့ဟာ တောမီးဒဏ် မကြာမကြာ ခံကြရပါတယ်။ မနှစ်တုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြည်နယ်သမိုင်းတစ်လျှောက် ဒုတိယအကြီးဆုံး တောမီးကြီး လောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်ပြင်ဧရိယာ ဧကကိုးသိန်းခွဲကျော် ရှိပြီး ရုဒ်အိုင်းလန်းပြည်နယ်လောက်တောင် ကျယ်ပြောပါတယ်။ ဒီနှစ်ထဲလည်း နယူးမက္ကဆီကိုပြည်နယ်မှာ အကြီးဆုံးတောမီးအဖြစ် ဧက သုံးသိန်းကျော် လောင်ကျွမ်းခဲ့ပြန်ပါတယ်။

တောမီးဟာ လူသားတွေကို ဒုက္ခအကြီးအကျယ် ပေးတတ်ပါတယ်။ ဒီတိုင်အောင် ဒီမီးက တောတစ်တောရဲ့ ဘဝစက်ဝန်းလည်ပတ်မှုအတွက် အလွန်တရာ အရေးပါနေပြန်ပါတယ်။ တောမီးဟာ လောင်သင့်သလောက်သာ လောင်ရင် ဘယ်လိုဖြစ်သလဲ။ ထိန်းမနိုင်သိမ်းမရ ကြီးမားကျယ်ပြန့်လွန်းရင်ရော ဘယ်လို ပြောင်းလဲမှုကြီးတွေ ကြုံရတတ်ပါသလဲ။

တောမီးဟာ သစ်တောမြေတွေ မြေဆီသြဇာကောင်းလာစေတဲ့ သဘာဝနည်းလမ်းတစ်ခုပါ။ သစ်တောတစ်တောမှာ ကာလကြာလာတာနဲ့အမျှ တောကြမ်းပြင်ပေါ် အမှိုက်သရိုက်တွေ စုဝေးပြီး အာဟာရကြွယ်ဝတဲ့ အလွှာတစ်လွှာ ဖွဲ့စည်းဖြစ်ပေါ်လာပါတယ်။ ပုံမှန်အတိုင်းဆိုရင် ဒီအမှိုက်သရိုက်တွေဟာ ကောင်းကောင်း ဆွေးမြည့်ပြိုကွဲမသွားတာကြောင့် အပင်တွေကနေ စုပ်ယူစားသုံးနိုင်ခြင်းမရှိပါဘူး။ ဒါပေမဲ့ မီးလောင်ကျွမ်းသွားပြီးရင်တော့ အပင်အာဟာရတွေ မြေကြီးထဲကို ရောက်သွားပါတော့တယ်။

နောက်ပြီး နှစ်ချို့သစ်တောကြီးတွေထဲက ဧရာမသစ်ပင်ကြီးတွေ တောမီးကို ဖြတ်ကျော်ရှင်သန်နိုင်အောင် သဘာဝက ဖန်တီးပေးထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပေါက်ရောက်တဲ့ သစ်နီပင်ကြီးတွေဆိုရင် အပင်ကြီးဘဝရောက်တာနဲ့ ထူထဲတဲ့ မီးဒဏ်ခံသစ်ခေါက်တွေ ဖြစ်တည်လာပြီး သစ်ပင်ရဲ့ အသက်ဇီဝိန်ကို မီးဘေးကနေ ကာကွယ်ပေးနိုင်ပါတယ်။ တောမီးလောင်နေကျ ဒေသတွေမှာ အပင်မျိုးစိတ်တွေကပါ မီးဒဏ်ခံနိုင်တဲ့မျိုးအဖြစ် ဆင့်ကဲပြောင်းလဲလာကြပါတယ်။ အမေရိကားအနောက်ပိုင်းမှာ ပေါက်ရောက်တဲ့ ထင်းရှူးပင် မျိုးစေ့တွေဟာ ပုံမှန်ဆိုရင် အစေ့ငုပ်နေပြီး တောမီးနဲ့ တွေ့ပြီးမှ မျိုးသစ် ဆက်ပွားတာဖြစ်ပါတယ်။ တောမီးလောင်ပြီး သိပ်မကြာခင်မှာ အဲဒီအစေ့တွေကနေ ပင်ပျိုတွေ ပေါက်လာလေ့ရှိကြပါတယ်။

ဒါပေမဲ့ ထိန်းမနိုင်သိမ်းမရ တောမီးကြီးတွေ လောင်ကျွမ်းရင်တော့ ဧရာမပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်ပါတယ်။ ခုနောက်ပိုင်းမှာ ဧရိယာကျယ်ပြောပြီး ဖျက်အားပိုပြင်းတဲ့ တောမီးကြီးတွေ မကြာခဏ လောင်ကျွမ်းလာပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန် မြင့်တက်လာတာနဲ့အမျှ သစ်တောမြေထဲက ရေအစိုဓာတ်တွေ အငွေ့ပျံနှုန်း ပိုများလာတယ်။ အမေရိကားတောတောင်တွေမှာ နှင်းမိုးခေါင်ပြီး သစ်တောတွေဆီကို ရောက်ရမယ့် အစိုဓာတ်တွေ လျော့နည်းလာတယ်။ ဒီလိုခြောက်သွေ့မှုအကြောင်းတရားတွေကြောင့် သစ်တောတွေဟာ မီးပွားတစ်စ ကျတာနဲ့ တန်းလောင်တဲ့ အခြေအနေ ရောက်လာပါတယ်။ (အမေရိကန်မှာ လောင်ကျွမ်းတဲ့ တောမီးတွေအနက် ၈၅ ရာခိုင်နှုန်းနီးပါးဟာ လူသားတွေ ချလိုက်တဲ့ မီးပွားကြောင့်လို့ သိရတယ်။)

နောက်ပြီး တောမီးမလောင်အောင် အလွန်အကြူး ထိန်းချုပ်လွန်းတဲ့ နေရာတွေမှာ သဘာဝအလျောက် တောမီး မလောင်ရတာကြောင့် အပင်သေတွေ စုပြုံလာတတ်ပါတယ်။ တကယ်လို့ အဲဒီနေရာတွေမှာ တောမီး လောင်ကျွမ်းပြီဆိုတာနဲ့ လောင်စာက အဆမတန် များပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာတတ်ပါတယ်။

နောက်ပြီး ဧရာမတောမီးကြီးတွေဟာ ပျက်သုဉ်းမှုနဲ့ အသစ်ဖြစ်ထွန်းမှုကြား မျှခြေကို ပျက်စီးစေပါတယ်။ အချို့မီးကြီးတွေဆိုရင် သစ်တောရဲ့ဂေဟစနစ်တစ်ခုလုံးကိုပါ လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ တောမီးနဲ့ အသားကျနေတဲ့ သစ်ပင်မျိုးစိတ်တွေတောင် ဒီလို အပြင်းထန်ဆုံးအခြေအနေမျိုးကို မကျော်လွှားနိုင်တတ်ကြပါဘူး။

တောမီးတွေကြောင့် လာမဲ့ငါးနှစ်အတွင်းမှာ မီးဒဏ်ခံ သစ်ခေါက်ရှိတဲ့ ကမ္ဘာ့ သစ်နီပင်ကြီးတွေ ၁၉ ရာခိုင် နှုန်းလောက် ပျက်စီးလိမ့်မယ်လို့ အမေရိကားအမျိုးသားဉယျာဉ်ဝန်ဆောင်မှုအဖွဲ့က ခန့်မှန်းထားပါတယ်။ အမေဇုန်တောမှာလည်း တောအကြီးအကျယ် ပြုန်းတီးရာကနေ မီးဒဏ်ကို ခံနိုင်ရည် ပိုနည်းလာပြီး တောအတွင်းက ဇီဝမျိုးစုံမျိုးကွဲတွေ လျော့နည်းလာနေပါတယ်။

ဒီထိန်းမနိုင်သိမ်းမရ တောမီးတွေဟာ တောကနေ မြို့ရွာတွေအထိ ကူးစက်ဖို့လည်း အလားအလာ များပါတယ်။ အမေရိကားမှာ တောမီးဘေးသင့်မြို့ရွာများစွာဟာ အိုးအိမ်တွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ပြည်နယ်နဲ့ ဗဟိုအစိုးရတို့ဆီက ထောက်ပံ့ငွေ ရရှိကြပါတယ်။

ဒါပေမဲ့ အသစ်ဆောက်မဲ့ အိုးအိမ်တိုက်တာတွေဟာ ယခင်ထက်ပိုပြီး မီးဘေး ကြံ့ကြံ့ခံနိုင်အောင် ကြပ်မတ်တဲ့ စဉ်းမျဉ်းကတော့ သိပ်မရှိပါဘူး။ အိမ်အများစုကို မီးဘေးအန္တရာယ်များရာနေရာတွေမှာ တည်ဆောက်နေကြပါတယ်။ အမေရိကန်ပြည်နယ်တွေထဲမှာ ဆောက်ထားတဲ့ အိမ်ငါးလုံးအနက် နှစ်လုံးလောက်က တောမီးအန္တရာယ်အရှိဆုံးလမ်းကြောင်းပေါ်မှာ ကျရောက်နေတယ်လို့ အမေရိကန်သစ်တောဝန်ဆောင်မှုအဖွဲ့ ခန့်မှန်းထားပါတယ်။ အမေရိကန်တွေ အနောက်အရပ်ကို ပြောင်းရွှေ့နေထိုင်လာတာနဲ့အမျှ မီးဘေးအန္တရာယ်ကျရောက်နိုင်ခြေ အချိုးအစား ပိုကြီးထွားလာမှာ ဖြစ်ပါတယ်။

မီးသတ်အဖွဲ့တွေအနေနဲ့ တောမီးဘေး ပိုများလာမဲ့အခြေအနေကို ဘယ်လိုအကောင်းဆုံး စီမံမလဲဆိုတာ သေသေချာချာ တွေးထားကြရပါမယ်။ တောမီး မလောင်အောင် ထိန်းချုပ်လွန်းပြန်ရင်လည်း နောင်အနာဂတ်အတွက် ပြဿနာ ဖန်တီးရာကျနိုင်ပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေအနေနဲ့ တောမီးကို အကြောက်လွန်ရာကနေ အဲဒီလို ပြုမူမိနိုင်ပါတယ်။ တောမီးဟာ ကြောက်စရာလည်း ကောင်းသလောက် သစ်တောကျန်းမာရေးကလည်း သူအပေါ် မှီခိုနေပြန်ပါတယ်။ ■

ဝေယံဟိန်း (B.Ag)

Ref: Why forests need wildfires - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 2 ခု

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 3 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။